Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

အမျိုးသမီးများ မျိုးပွားအင်္ဂါကင်ဆာရောဂါများအတွက် တပင်တိုင်မြနန်းလေး အသုံးဝင်ပုံ


VITACEAE မျိုးနွယ်ဝင် ဆေးဖက်ဝင်နွယ်ပင်များကို အာရှတိုက်မှာသာတွေ
့ရလေ့ရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် Edible Stemmed Vine ဟု ခေါ်ဆို၍၊ ဟိန္ဒူဘာသာဖြင့်
Hadjo လို့ ခေါ်ကာ၊ မြန်မာလိုတော့ *“**တပင်တိုင်မြနန်း**”* လို
့ခေါ်ဆိုကြပါတယ်။ ရုက္ခဗေဒအမည်မှာ
Vitis ဖြစ်ပါတယ်။ တပင်တိုင်မြနန်းကို အနီရောင်(ခေါ်)Vitis repens W & Arn နှင့်
အဖြူရောင်(ခေါ်)Vitis discolour (Blume)Dalzell ဟူ၍ အရောင် ၂-မျိုးတွေ
့ရှိရပြီး၊ အနက်ရောင် တပင်တိုင်မြနန်းအပင်ကတော့ လွန်စွာရှားပါးတာကြောင့် တွေ
့ရခဲပါတယ်။ အနီရောင်က အဖြူထက်ပို၍ ဆေးစွမ်းထက်မြက်၍၊ အနက်ရောင်ကတော့
ဆေးစွမ်းအထက်မြက်ဆုံး ဖြစ်တာကြောင့် တပင်တိုင်မြနန်းအပင်တွေဟာ အရောင်ရင့်လေ
ပိုမိုဆေးဖက်ဝင်လေလို့  ဆိုနိုင်ပါတယ်။ အပင်၏ အရွက် နှင့် အမြစ်တက်(ဥ) တို့ ၏
အရောင်ကိုကြည့်၍ တပင်တိုင်မြ နန်းကို အဖြူမျိုး၊ အနီမျိုး၊ အနက်မျိုးဟူ၍
အလွယ်တကူ ခွဲခြားသတ်မှတ်နိုင်ပါတယ်။
ကမ္ဘာပေါ်မှာ Vitis မျိုးစိပ်အမျိုးပေါင်း ၃၅၀ လောက်ရှိကြပြီး၊
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀၀ အမြင့်တွင် ပေါက်ရောက်လေ့ ရှိပါတယ်။
ထိုင်ဝမ်အပါအ၀င် ကမ်းခြေသစ်တောများထူထပ်ရာ၊ အရှေ့ တောင်အာရှ
နိုင်ငံများဖြစ်ကြတဲ့ တရုပ်ပြည်တောင်ပိုင်း၊ မလေးရှား နှင့် အိန္ဒိယနိုင်ငံတို
့မှာ တွေ့ ရပြီး၊ မြန်မာပြည် တောင်ပေါ်ဒေသများမှာ အလေ့ကျပေါက်ရောက်ကြပါတယ်။
(အင်္ဂလန်နိုင်ငံမှာ အနည်း အကျဉ်း တွေ့ ရတတ်ပါတယ်) တပင်တိုင်မြနန်းပင်များဟာ
ချမ်းအေးတဲ့တောင်ပေါ်ရာသီဥတုကို နှစ်ခြိုက်တာကြောင့် မြန်မာပြည်ရဲ့ (က)
ချင်းတောင်တန်း ယောနယ် ပုံတောင်၊ ပုံညာမြေဒေသများ (ခ) ရှမ်းပြည်တောင်ပိုင်း
ကလောမြို့  (ဂ) မိုးကုတ်မြို့ ပတ်ဝန်းကျင်တ၀ိုက် (ဃ) မကွေးတိုင်းဒေသကြီး၊
ပခုက္ကူခရိုင်တွေမှာ တပင်တိုင်မြနန်းပင်များ
အလေ့ကျပေါက်ရောက်လျှက်ရှိပါတယ်။ အောက်မြန်မာပြည်
နှင့် အထက်မြန်မာပြည်တို့ မှာတော့ စိုစွတ်၍ အေးမြသောရာသီဥတုတွင်
စိုက်ပျိုးမှသာ အပင်ရှင်သန်နိုင်မှာပါ။ မိုးဦးကျ ဇွန်၊ ဇူလိုင်လတွေမှာ
အပင်ကောင်းစွာဖြစ်ထွန်းကြပြီး ပင်စည်ကိုဖြတ်တောက်၍ အပင်စိုက်ပျိုးနိုင်သလို၊
အစေ့မှလည်း အပင်ပေါက်နိုင်ပါတယ်။ အမြစ်နှင့် အပင်ပေါက်များပါရှိတဲ့
မြေအောက်ပင်စည်တစ်မျိုးဖြစ်တာကြောင့် အပင်ပေါက် တစ်ပင် နှင့် တစ်ပင်အကြား ၃၀
စင်တီ မီတာ x ၃၀ စင်တီ မီတာ ခွာ၍ စိုက်ပျိုးပေးသင့်ပါတယ်။ *(အပင်ရဲ
့ထူးခြားချက်က သူပေါက်ရောက်ရာ ရေမြေသဘာဝ နဲ့  အရိပ်ကျမှုအပေါ် မူတည်၍
အရွက်များ၏အရောင်မှာလည်း အနုအရင့် ကွာခြားသွားပါတယ်)*
<< အသုံးပြုသည့် အစိတ်အပိုင်း >>
အရွက်၊ ပင်စည် နှင့် ဥ(အမြစ်) သုံးမျိုးစလုံး ဆေးဖက်ဝင်ပြီး၊ အမြစ်က
ဆေးစွမ်းထက်မြက်ဆုံးပါဘဲ။ ရွက်ကြွေကာလ ဒီဇင်ဘာလနောက် ပိုင်းမှစ၍ ဒေသခံများက
ဥ(အမြစ်)များကို စုဆောင်းကာ ရောင်းဝယ်ဖောက်ကားကြပါတယ်။ အပင်ရဲ့ အမြစ်က
သွေးခဲခြင်း၊ မြစ်ပွား နာများ၊ သွေးဖြူဥနည်းခြင်း စတဲ့ရောဂါများအတွက်
အထူးကာကွယ်နိုင်စွမ်းရှိတာကြောင့် မြန်မာပြည်ထွက် တပင်တိုင်မြနန်းပင်အမြစ်ကို
တရုတ်ပြည်မကြီးမှ ဈေးကောင်းပေးဝယ်ယူလျက် ရှိနေပါတယ်။
<< တပင်တိုင်မြနန်း နှင့် အမျိုးသမီး မျိုးပွားအင်္ဂါရောဂါ ကင်ဆာကုထုံး >>
ယနေ့ ကမ္ဘာပေါ်မှာ နှစ်စဉ် လူဦးရေ သန်း ၂၀ ကျော်ဟာ ကင်ဆာရောဂါဖြစ်နေကြပြီး၊
၎င်းတို့ အနက် အမျိုးသမီး ၄၇၀၀၀၀ ခန့် ဟာ မီးယပ်ရောဂါနှင့်ပတ်သက်တဲ့
ကင်ဆာရောဂါဖြစ်ပွားလျှက်ရှိရာ၊ အမျိုးသမီး ၂၃၀၀၀၀ ကျော်ဟာ
ထိုကင်ဆာရောဂါကြောင့် အသက် သေဆုံးကြရ ရှာပါတယ်။ ဆေးစစ်တမ်းများအရ၊ ယနေ့ ဖွံ
့ဖြိုးတိုးတက်ပြီး နိုင်ငံများမှာ အမျိုးသမီးမျိုးပွားကင်ဆာရောဂါတွေ အဖြစ်များ
ကြောင်း၊ သွေးဆုံးခါနီး နှင့် သွေးဆုံးပြီးစ အမျိုးသမီးတွေမှာ သားဥအိမ်ကင်ဆာ
အဖြစ်များလေ့ရှိကြောင်း၊ သွေးဆုံးပြီးနောက် အ၀လွန် သော အမျိုးသမီးကြီးတွေမှာ
သားအိမ်အတွင်းမြှေးကင်ဆာ ဖြစ်လာနိုင်ချေများကြောင်း ဖော်ပြထားပါတယ်။
(က) လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုကျော်ကာလကတည်းက ဂျာမနီနိုင်ငံမှာ သွေးဖြူဥ
ကလာပ်စည်းတွေကို သိပ္ပံနည်းကျ သုတေသန ဓာတ် ခွဲ စမ်းသပ်တွေ့ ရှိချက်များအရ၊
တပင်တိုင်မြန်နန်း အမြစ်ဥထဲမှာ Glycosides နှင့် Flavonoid
ဓာတ်များပါရှိတာကြောင့် အထူးသဖြင့် ရင်သားကင်ဆာ နှင့်
အမျိုးသမီးမျိုးပွားအင်္ဂါများဖြစ်ကြသော သားအိမ်လည်တံ၊ သားအိမ်ခေါင်း၊
သားအိမ်အတွင်းမြေး နှင့် မမျိုးဥအိမ် စ တဲ့ မီးယပ်ရောဂါအမျိုးမျိုး၏
အကျိတ်နှင့် ကင်ဆာဆဲလ်များ ပြန်ပွားလာမှုတို့ ကို ဟန့် တားပေးနိုင်တယ်လို
့ဆိုပါတယ်။
(ခ) ထို့ နည်းတူ မြန်မာနိုင်ငံမှာလည်း ရှေးနှစ်ရာပေါင်းများစွာကတည်းကပင်
ရောဂါဝေဒနာအမျိုးမျိုးအတွက် တပင်တိုင်မြနန်းကို မြန်မာ့  ရိုးရာကုထုံးအဖြစ်
အားကိုးလာခဲ့ကြပါတယ်။ ကင်ဆာဆိုတဲ့ သဘောသဘာဝဟာ မြစ်ပွားနာ(အမျှင်များ)
ဖြစ်ပြီး၊ ၄င်းကို ဆေးသိပ္ပံနည်း အရ ကင်ဆာဆဲလ်လို့  ခေါ်ပါတယ်။
တပင်တိုင်မြနန်းအမြစ်ဥဟာ ဘယ်လောက်ဘဲအပူပေးပြုတ်သော်လည်း နူးအိသွားခြင်းမရှိ
အမျှင် များဖြင့် ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်(အမျှင်)ကို
တပင်တိုင်မြနန်းဥ(အမျှင်) ဖြင့် ၄င်းအမျှင်ခြင်း တိုက်ခိုင်းတဲ့ ဆေးကုသနည်း
ဖြစ်တယ်လို့  တိုင်းရင်းဆေးဆရာကြီးတစ်ဦးက ဆိုပါတယ်။
<< တပင်တိုင်မြနန်း ရဲ့ အထွေထွေဆေးဖက်ဝင်ပုံ >>
(၁) အရွက်၊ ပင်စည် နှင့် ဥများကို စားဆေးအဖြစ် အသုံးပြုနိုင်သကဲ့သို
့လိမ်းဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
(၂) တပင်တိုင်မြနန်းပင် အဖြူ-အနီ-အနက်ရောင် အမျိုးအစားအားလုံးရဲ့ အမြစ်ဥတွေက
မြစ်ပွားနာအပါအ၀င် အဖု၊ အကျိတ်၊ အနာများ အား သွေးလိမ်းရုံဖြင့်
ပျောက်ကင်းစေပါတယ်။(သို့ မဟုတ်) အဖု၊ အကျိတ်၊ အနာများပေါ်တွင် အရွက်ကို
အစိမ်းလိုက်ချေ၍ အုံကပ်ထား ခြင်းဖြင့်လည်း သက်သာပျောက်ကင်း စေပါတယ်။
(၃) မြေအောက်မြစ်လျှောက် ပင်စည်ပွားဖြစ်တာကြောင့် ကင်ဆာကဲ့သို့ 
အမြစ်တွယ်သောရောဂါများကို နိုင်ပါတယ်။ တပင်တိုင်မြနန်းပင် အနီ နှင့်
အနက်ရောင်များက ပိုမိုအာနိသင်ထက်မြက်ပြီး ကင်ဆာအကြိတ်ဖြစ်ခါစ(ကင်ဆာမပွင့်ခင်)
ရင်သား၊ သားအိမ်၊ အဆုတ်၊ ဆီး အိမ်ကင်ဆာ အမျိုးမျိုးတို့ ကို ထိထိရောက်ရောက်
ပျောက်ကင်းစေနိုင်ပါတယ်။ အရေပြားကင်ဆာ အဆင့်(၄)ကိုပင် ပျောက်ကင်းစေခဲ့ ကြောင်း
သာဓကများ ရှိကြပါတယ်။
(၄) ၂၀၀၄-၂၀၀၆ ကာလများတွင် ဧရာဝတီတိုင်း၊ မအူပင်မြို့ နယ်၊
မအူပင်အထွေထွေဆေးရုံမှာ သိပ္ပံဆေးပညာနည်းအရ အမျိုးသမီး ကင်ဆာရောဂါများအတွက်
တပင်တိုင်မြနန်းအပင်ဖြင့် ဆေးဝါးဖော်စပ်ထားတဲ့ Biocrush ဆေးကျွေး၍
၃-လကြာတဲ့အခါ လူနာများရဲ့  ကိုယ်အလေချိန် အတက်အကျ၊ အထွေထွေ ကျန်းမာရေးအခြေအနေ၊
သားဖွားနှင့်မီးယပ် စစ်ဆေးမှု၊ ultrasound ရိုက်ခြင်း၊ scan ဖတ်ခြင်း၊ အသည်း
အခြေအနေ၊ ဆီးထဲမှာ သွေးပါရှိမှုအခြေအနေ၊ electrolytes ရိုက်ကြည့်ခြင်း…စတဲ့
နည်းတွေဖြင့် ရောဂါအခြေအနေ အဆင့်အလိုက် ဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်။
အဖြေထွက်ရှိမှု ရလာဘ်ကတော့၊ ဤ ၃-လတာကာလအတွင်း ဝေဒနာသည်များ တစ်ဦး တစ်ယောက်မျှ
အသက်မသေဆုံးကြပါဘူး။ ကျန်းမာရေးလည်း သိသိသာသာတိုးတက် ကောင်းမွန်လာတာတဲ့အပြင်၊
စိတ်ချရတဲ့ အခြေအနေမှာ ရှိတာကြောင့် မိမိတို့ ဌာနေ ရပ်ရွာများသို့ ပြန်၍
မိသားစုနဲ့ အတူ လယ်တောထဲဆင်းကာ ပဲစိုက်ပျိုးရေးလုပ်ငန်းတွေကို ကူညီလုပ်နိုင်
လာပါကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။
(၅) မြန်မာ့တိုင်းရင်းဆေးနည်းကုထုံးဖြင့် အမျိုးသမီးရောဂါ
သားအိမ်ကင်ဆာရောဂါများအတွက် တပင်တိုင်မြနန်းဥကို သွေး၍ ရေအေးဖြင့်သောက်ခြင်း၊
တပင်တိုင်မြနန်းအမြစ်ဥကို ဆန်ဆေးရည်ဖြင့်သွေး၍ ဆီးခုံပေါ်လိမ်းပေးခြင်းဖြင့်
ကုသခဲ့ရာ ရောဂါများပျောက် ကင်းသွားပြီး အသက်ချမ်းသာရာရတဲ့ သာဓကများရှိပါတယ်။
(ကုသမှုခံယူနောက်ကျသဖြင့် ရောဂါရင့်မှ ရောက်ရှိလာသော လူနာကို တော့ သက်တမ်း
၆-လခန့်  ပိုမိုဆွဲဆန့်  စေနိုင်ပြီး၊ ရောဂါကျွမ်းချိန် နောက်ဆုံးကာလမှာ
သက်သက်သာသာဖြင့် ဇီဝိန်ချုပ်ငြိမ်းစေပါ တယ်)
(၆) အစာအိမ်ရောဂါများအတွက် တပင်တိုင်မြန်းပင် အမြစ်ဥ ၅-ကျပ်သားခန့်  ကို အမှုန်
့ပြုလုပ်၍ ပျားရည်ဖြင့် အလုံးအရေအတွက် ၅၀ တိတိ အလုံးကလေးတွေ ပြုလုပ်ပါ။ တစ်နေ
့တစ်လုံး မှန်မှန်စားပေးခြင်းဖြင့် အစာအိမ်နာကို ပျောက်ကင်းစေနိုင်ပါတယ်။
(၇) အနာမြန်မြန်ကျက်ပြီး အသားနုတက်စေဖို့ အတွက် အရွက်ကို အနာပေါ်တင်၍
ကပ်ထားပေးပါ။
(၈) တပင်တိုင်မြနန်းပင် အမြစ်ဥ ၅-ကျပ်သား အား အမှုန့် ပြုလုပ်၍၊
ရှားစောင်းလက်ပပ် ၂၅-ကျပ်သား၊ ထန်းလျက် ၁၀-သား နှင့် ရေ ၂၅-ကျပ်သားခန့် ထည့်၍
ပျစ်အောင်ကျိုပါ။ လက်ဖက်ရည်ဇွန်းကြီး တစ်ဇွန်းပမာဏကို၊ တစ်နေ
့တစ်ကြိမ်ကျနှုန်းဖြင့် တစ်လတိတိ သောက်ပေး ခြင်းဖြင့် သားအိမ်တွင်း
အလုံးအကြိတ်များ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၉) တပင်တိုင်မြနန်းဥ အမှုန့် ၁၀-ကျပ်သား၊ ပျားရည် ၁၀-သား၊ ထောပတ် ၅-ကျပ်သားတို
့ကို ရောမွှေပါ။ ထိုအရောအနှောများကို အသက်ရှည် အားတိုးဆေးအဖြစ် တစ်နေ့ လျှင်
လက်ဖက်ရည်ဇွန်းသေး တစ်ဇွန်းခန့် သောက်ပေးနိုင်ပါတယ်။
(၁၀) တပင်တိုင်မြနန်းဥ အမှုန့်  ၅-ကျပ်သား၊ ထန်းလျက် ၁၀-ကျပ် သား၊
မန်ကျည်းသီးမှည့် အနှစ် ၅-ကျပ်သားအား ရောကျိုပြီး တစ်နေ့  လက်ဖက်ရည်ဇွန်းသေး
တစ်ဇွန်း သောက်သုံးပေးခြင်းဖြင့် သွေးမသန့် ခြင်း နှင့် အမျိုးသမီးများ
မီးယပ်ရောဂါအမျိုးမျိုးတို့ ကို ပျောက်ကင်း စေနိုင်ပါတယ်။
(၁၁) ၀က်ခြံ၊ မီးလောင်နာ၊ အဆီကျိတ်၊ ရိုးရိုးအဖုအကျိတ်များ၊ အတွင်း/အပြင်
လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ ရင်သားအကျိတ်၊ လည်ပင်းအ ကျိတ်၊ ကိုယ်ခန္ဓာအနှံ
့အပြားတွင် ပေါက်တတ်သော အကျိတ်အဖု၊ အနာစို၊ အနာဆွေး၊ မြုံနေသော အနာများ
(အားလုံး)အတွက် တပင် တိုင်မြနန်းပင် အမြစ်ဥကို ရေစင်စင်ဆေး၍ ဆန်ဆေးရည်ဖြင့်
သွေးလိမ်းအုံပေးခြင်းဖြင့် အမြန်ဆုံးပျောက်ကင်းစေပါတယ် (သို့ မဟုတ်) အမြစ်ဥကို
ရေအေးနှင့် သွေး၍လည်း သောက်နိုင်ပါတယ်။
(၁၂) မိန်းမကိုယ်ရှိ ကူးစက်ရောဂါ အဖုအပိမ့်များအတွက်
တပင်တိုင်မြနန်းပင်အနက်ရောင် ရဲ့ အမြစ်ဥ ကို သွေးလိမ်းပေးခြင်းဖြင့် ဒိဌ
ပျောက်ကင်းစေပါတယ်။
(၁၃) ရှေးနှစ်ပေါင်း ထောင်ကျော်ကတည်းကစ၍ အိန္ဒိယနိုင်ငံတွင် အရိုးကျိုးခြင်း၊
အက်ခြင်း နှင့် အရေပြားကွဲရှခြင်းတို့ အတွက် ဆေးမြီး တိုအဖြစ်
တပင်တိုင်မြနန်းအရွက်ကို ထောင်းထု၍ ကြက်ဥအကာဖြင့်ရောနယ်ကာ လိမ်းကျံလေ့ရှိပါတယ်။
(၁၄) အရက်မသောက်ရလျှင် မနေနိုင်သော သူများအတွက် ဆေးစွမ်းတစ်လက်လေးပါ။
တပင်တိုင်မြနန်းဥ(အစို) ၅-ကျပ်သားကို ခပ် ပါးပါးလှီးကာ ဌက်ပျောဖူးပုလင်း
တပိုင့်ခန့် ရသည်အထိ အပူပေးကျို၍၊ ဖန်ပုလင်းထဲမှာ ကဇော်ပေါက်အောင် ၃-ရက်ခန်
့သိပ်ထားပြီး သောက်ပါ။ (ထိုအရည်က အရက်၏ အရသာအနံ့ များနှင့်ဆင်တူတာကြောင့်
အရက်အဖြစ်အစားထိုးသောက်လို့ ရတာကြောင့် နောက် ဆုံးမှာ အရက်ပြတ်စေပါတယ်) အကယ်၍
တပင်တိုင်မြနန်းဥ (အခြောက်)သာ ရရှိပါကလည်း အရက်အရသာ လောက်မပြင်းသော်ငြား
အရက်ဇိုးသမား များအတွက် အရက်ပြတ်စေဖို့  အထောက်အပံ့ ပေးနိုင်ပါတယ်။
<<မှတ်ချက်>>
အရွက်ကို စားရာတွင်လည်းကောင်း၊
အမြစ်ဥကိုသွေးလိမ်းရာတွင်လည်းကောင်း၊ အနည်းငယ်ယားယံသော ခံစားမှုကို နာရီ
အနည်းငယ် ( ၁ နာရီ မှ ၃ နာရီ) ကြာသည်အထိ ခံစားရနိုင်ပါတယ်။ သို့ သော်
ထိုခဏတာကာလအကြာမှာ အခိုးများပွင့်လာပြီး ယားယံမှုတွေ သူ့  အလိုလို
ပျောက်ကင်းသွားပါလိမ့်မယ်။ စိတ်ပူရန်မလိုပါ။ (သို့ မဟုတ်ပါက)
သွေးယားယံပျောက်ဆေး တမျိုးမျိုးဖြင့် တွဲသောက်သုံးပေးပါ။
<<သတိပြုရန်>>
တပင်တိုင်မြနန်းအပင်မှာ အပူဓာတ်ပါရှိတာကြောင့်
ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့ တိုက်မိခင်များ၊ အသက် ၂-နှစ်အောက် ကလေး
ငယ်များ၊ သွေးမခဲဆေးဝါးကုထုံးဖြင့် ကုသမှုခံယူနေရသော လူနာများက တပင်တိုင်မြနန်း
သုံးစွဲမှုကို (အထူး) ရှောင်ရှားသင့်ပါတယ်။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို
ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်
>>
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

No comments:

Post a Comment