Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 12, 2014

ယုဇနပလာဇာမှာ နေ့ခင်းကြောင်တောင် ဓါးထောက်လုယက်

ယုဇနပလာဇာ ဒုတိယထပ်မှာ ဈေးဝယ်လာတဲ့ အမျိုးသမီးတစ်ဦးကို အသက်၂၀ အရွယ် အမျိုးသားတစ်ယောက်က ဓားထောက်ပြီး ဖုန်းနဲ့ ဈေးဝယ်ထားတဲ့ ပစ္စည်းထုပ်ကို လုယက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ နှစ်နာရီခွဲလောက်က ဖြစ်ပွားခဲ့တယ်လို့ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ သိရပါတယ်။

“ကောင်မလေးလက်ထဲက ဟန်းဖုန်းကို ဝင်လုတာ။ ကောင်မလေးက ပြန်လုတော့ ပါးနားတွေ ဖြတ်ရိုက်ပြီး ခါးကြားထဲမှာ ပါလာတဲ့ ဓားမြှောင်နဲ့ထောက်ပြီး အော်ရင်သတ်ပစ်မယ် ခြိမ်းခြောက်တယ်။ ပြီးတော့ နောက်ထပ် ဟန်းဖုန်းတစ်လုံးနဲ့ ဈေးဝယ်ထားတဲ့ အထုပ်ကိုလုပြီး ထွက်ပြေးသွားတာ။ ဈေးအောက်ထပ်မှာရှိတဲ့ လုံခြုံရေးတွေက သူ့ကို ဝင်လုံးဖမ်းခဲ့လို့ မိသွားတယ်” လို့ မျက်မြင်တွေ့ခဲ့တဲ့ ဈေးသည် အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပင်လုံ ၁၈ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ်ရှိ မနှင်းဦးဝေဟာ အဲ့ဒီနေ့က ယုဇနပလာဇာမှာ ဈေးဝယ်နေတုန်း ကိုဝေယံပြည့်ဇော်က ဓားထောက်ပြီး ငွေကျပ် ဆယ်သိန်းကျော်တန်ဖိုးရှိ iPhone 5 နဲ့ Sony ဖုန်းနှစ်လုံးအပြင် ဝယ်ယူထားတဲ့ ပစ္စည်းထုပ်တွေကို လုယက်သွားခဲ့တယ်လို့ ဈေးသူဈေးသားတွေက ဆိုပါတယ်။

အဲ့ဒီလို ဓားထောက်လုယက်ခဲ့တဲ့ ကိုဝေယံပြည့်ဇော်ဟာ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးတောင်ရပ်ကွက် မန္တလေးလမ်းမှာ နေထိုင်သူဖြစ်ပြီး လုယက်ခံရသူ အမျိုးသမီးနဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က လမ်းခွဲခဲ့တာ ဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ သိရပါတယ်။

ကိုဝေယံပြည့်ဇော်ကို မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ (ပ)၇၂၁/၁၄၊ ပုဒ်မ၃၉၄ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိကိုလည်း ဆေးစစ်ချက် ယူထားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲမှူးသိန်းအောင်က ဆိုပါတယ်။

The Voice Weekly

No comments:

Post a Comment