တိုင်းပြည်ဆင်း၇ဲလွန်းလို့ နေစရာ စားစရာ မရှိဖြစ်နေတဲ့  သာမန်ပြည်သူတွေ,,,
နယ်စပ်ဒေသတွေမှာ စွန့် စား သွားရောက်လုပ်ကိုင်နေသူများ.သတိထားဖို့ပါ
ငွေကြေးမပြည်စုံသူတွေရဲ
့ အများဆုံးထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံးနည်းလမ်းကနေ
သွားနေကြတဲ့သူတွေမှာ ရင်ဆိုင်ရမယ့် အရမ်းအန္တရယ်ကြီးမားတဲ
ပြသနာတွေရှိနေပါတယ်၊....
.ဒီအထဲမှာ အဆိုးဆုံးက တရုပ်ပြည်နယ်စပ်က
လူကုန်ကူးနေကြတဲ့ ဒုစရိုက်မှောင်ခိုးဂိုဏ်းတွေရဲ့  ငွေမက်လုံးနဲ့ 
့ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို
ထုတ်ယူ ရောင်းစားနေကြတာဘဲဖြစ်ပါတယ်။
တရုပ်နိုင်ငံအတွင်းမှာ
ကျောက်ကပ်-နှလုံး..အဆုတ်စတဲ့ ထုတ်ယူရောင်းစားမှုက ဈေးကွက်မှာ ကျယ်ပြန်
့လာနေပါပြီ၊ နှစ်စဉ် တရုပ် နိုင်ငံတွင်းမှာပင် ဆေးရုံကလူနာ(၁)သန်း လောက်ဟာ
ကိုယ်တွင်းက အရေးကြီးတဲ့အစိတ်အပိုင်းတွေ အစားထိုးဘို့ စောင့်နေကြပါတယ်
၊-ဒီလိုအပ်ချက်ကို ကိုယ်ခန္ဓာလှူတမ်းထားသူတွေ ရုပ်တရက်သေဆုံးသွားသူနဲ
့အကျဉ်းထောင်တွေက ကျန်းမာရေးကောင်းမွန်တဲ့ ထောင်သား (သေဒဏ်ပေး)တွေ ဆီက
နေအများဆုံးထုတ်ယူပါတယ်၊ ခွဲစိတ်အစားထိုးဘို့  လိုအပ်လူနာ
ဦးရေကအလွန်များနေတာကြောင့်လည်း ငွေကြေးတတ်နိုင်တဲ့သူတွေက ဈေးကောင်းပေးပြီး
ဝယ်နေတော့ မှောင်ခိုဈေးကွက် ကလည်း တွင်းကျယ်လာပါတယ်၊
ဝယ်အားကောင်းနေဆဲ လူ့ အစိတ်အပိုင်းတွေကတော့ ကျောက်ကပ်($၅၀၀၀၀ကျော်)
အသည်းမှာဒေါ်လာ($၈၀၀၀၀၀ကျော်)နဲ့  ဈေးအရဆုံးကတော့ အဆုတ်ဖြစ်ပြီး
ဒေါ်လာတသိန်း မှ လေးငါးသိန်း ကျော်အထိ ဈေးပေါက်ပါတယ်။
နောက်ဆုံး..မျိုးဥကောင်းတဲ့ ယောက်ကျားသုတ်ရည်ကိုတောင်ဒေါ်လာထောင်ချီပေးပြီးဝယ်တာလည်းရှိသေးတယ်။
ချမ်းသာတဲ့သူတွေက သူ့ ထက်ငါဈေးကောင်းပေးအလုအရက် ၀ယ်လာနေလို့ 
ခုလိုဈေးတွေတက်သွားခဲ့တာပါ၊ ၀ယ်လိုအားကောင်းတော့ ဒုစရိုက်ဂိုဏ်းသားတွေက
မျက်စေ့ကျလာပါတော့တယ်၊ဒီတော့ ကုန်ကြမ်းတွေကိုရဘို့  လူမှောင်ခိုသမားတွေနဲ့ 
့ချိတ်ဆက်ပြီး လုပ်ကိုင်လာရာမှာတော့..... လူသားဈေးကွက်တွင်ကျယ်လာတာပါ
.နောက်ပိုင်း လူကလီစာရောင်းတာတွေ.တရုပ်နိုင်ငံတွင်းမှာ ဖမ်းဆီးအရေးယူနေ
ပေမဲ့...လူသား မှောင်ခိုလောကက ရပ်မသွားပါဘူး၊ မြေအောက်ဂိုဏ်းသားတွေဟာ
ပုံစံတမျိုးနဲ့  ဆက်လုပ်ကြပြန် တယ်၊ ...လူကလီစာကုန်ကြမ်းတွေကို
ဆက်ရှာနိုင်ဘို့  ဆင်းရဲတဲ့နိုင်ငံတွေ ကနေ ရရာအလုပ်ထွက်လုပ်သူတွေဟာ
သားကောင်တွေဖြစ်သွားရော၊ နယ်စပ်ကနေ လူတွေကိုအောက်လမ်းမှခိုးသွင်းလာမယ်
ပြီးရင်တချို့ ကိုဆေးထိုးသတ်ပြီး ကိုယ်ထဲအစိတ်အပိုင်းတွေထုတ်ယူတယ်၊
တချို့ ကိုတော့ နေမကောင်းလို့  ဆေးရုံပြမယ်လို့ 
လိမ်ညာပြီးမှောင်ခိုဆရာဝန်နဲ့ ကိုယ်ထဲက အစိတ်အပိုင်းတွေကို
ခွဲထုတ်ယူကြပါတယ်၊တချို့ လည်းငွေကြေးကြောင့် မိမိဆန္ဒအလျှောက်
ထုတ်ရောင်းကြတာလည်းရှိတယ်၊ နောက်နည်းတမျိုးမှာ နယ်စပ်က ကျန်းမာရေးကောင်းတဲ့
မိန်းခလေးငယ် တွေကို လက်ထပ်ဘို့ စည်းရုံးခေါ်သွားပြီး
နောက်ပိုင်းမှာအပြောက်ရှင်းလိုက်တာပါ။ တရုပ်အမျိုးသားတဦးနဲ့ လက်ထပ်ခဲ့တဲ့
ထိုင်းကျေးလက်တောသူတဦးဟာ ယောက်ကျားနေတဲ့ တရုပ်ပြည်ကို လိုက်သွားရင်း နဲ့ 
နေမကောင်းလို့ ဆေးရုံတက်ရတဲ့အချိန်မှာ သူမကိုမေ့ ဆေးပေးပြီး
နှလုံးကိုအစားထိုးလဲ လိုက်တဲ့အတွက် ဆေးရုံကဆင်းလာပြီးတဲ့နောက်ပိုင်း....
၃လအကြာမှာ သေဆုံးသွားခဲ့ပါတယ်၊ မိမိတို့  နိုင်ငံမှာလည်း လူမသိသူမသိနဲ့ 
ခုလိုလိမ်ညာလူကုန်ကူးနေသူတွေကြောင့် ဘယ်လောက် ပြောက်ဆုံးနေကြတယ်ဆိုတာ
ဘယ်သူမှသိနိုင်မှာမဟုတ်ပါ
ဒါကြောင့် တရုတ်ဘက် ကို တရားဝင်နည်းနဲ့
ပဲဖြစ်ဖြစ် မှောင်ခိုပဲဖြစ် ဖြစ် သွားရောက် အလုပ် လုပ် ကိုင်မည့် သူများကို
သတိ ကြီးစွာ ထားနိုင်ဖို့ တင်ပြ လိုက်ပါတယ်
Source.. (NSA)
Burmarpyithar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 15, 2014
အရှိန် အဟုန်နဲ့ ကြီးထွားလာတဲ့ လူသား မှောင်ခို ဈေးကွက် ( ဖတ်ဖြစ်အောင်ဖတ်ပေးပါ )
အရှိန် အဟုန်နဲ့ ကြီးထွားလာတဲ့ လူသား မှောင်ခို ဈေးကွက် ( ဖတ်ဖြစ်အောင်ဖတ်ပေးပါ )
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 15, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment