Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

မှတ်ထားရမည့် တချို့သော Adjective တွေနောက်မှာ လိုက်သော Preposition


( ၁ )

တချို့သော Adjective တွေနောက်မှာ လိုက်တဲ့ Preposition တွေကို သေချာမှတ်ထားရတယ် ။ မှားသုံးလို့ လုံးဝ မရပါဘူး ။

fond of= သဘောကျသော ။ ချစ်ခင်သော
I am very of children.
ကျနော်က ကလေးတွေဆို သိပ်ချစ်တာ ။

We are really fond of reading.
ကျနော်တို့က စာဖတ်ရတာဆို သိပ်ကြိုက် ။

afraid of = ကြောက်သော ။
My child is afraid of the dark.
ကျမ ကလေးက အမှောင် ကြောက်တတ်တယ် ။

Don't be afraid of the responsibilites if you want democracy.
ဒီမိုကရေစီ လိုချင်ရင် တာဝန်ကိုတော့ မကြောက်နဲ့လေ ။

famous for = နာမည်ကြီးသော
Bangkok is famous for its shopping centres.

What is Burma famous for ?
မြန်မာပြည်က ဘာအတွက် နာမည်ကြီးတာလဲ ။

angry about something = တစ်ခုခုကို ဒေါသဖြစ်သော
Mom was angry about my answer.

angry at/with someone = တစ်ယောက်ယောက်ကို ဒေါသဖြစ်သော (at ရော with ရော မှန်ပါတယ် )

My boss was angry with/at the staff.
Why are you angry with me ?

upset about/over/by something.= တစ်ခုခုကြောင့် ၀မ်းနည်း ဒေါသဖြစ်
She was upset by the breakup of their parents' marriage.
မိဘတွေ ကွဲသွားတော့ သူမ စိတ်ညစ်ရတယ် ။

curious about = စပ်စုလိုသော
Children are curious about animals and how they live.
ကလေးတွေက တိရစ္ဆာန်တွေ အကြောင်းနဲ့ သူတို့ ဘယ်လို နေတယ်ထိုင်တယ်ဆိုတာ စပ်စုလေ့ရှိတယ် ။

satisfied with = ကျေနပ်သော
I tried my best but my senior wasn't satisfied with my work.
ကျနော်ကတော့ အစွမ်းကုန် ကြိုးစားတာဘဲ ဒါပေမယ့် စီနီယာက ကျနော်လုပ်တာကို သဘောမကျဘူး ။

keen on = စိတ်ဝင်စားသော
She is very keen on reading.

Are you really keen on her?
မင်း သူမကို တကယ် စိတ်ဝင်စားတာလား ။

My family is keen on gardening.
တို့ မိသားစုက စိုက်ရ ပျိုးရတာ သိပ်ဝါသနာပါတာ ။
English in Burmese

No comments:

Post a Comment