Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

Participle Adjectives လို့ ခေါ်တဲ့ စကားလုံးဆင်တဲ့ Adjective တွေ (3)


(၃)

အသုံးကွဲပြားပုံကို မှတ်ထားပါ ။
--------------------------------

amazed = အံ့သြသော
amazing = အံသြစရာကောင်းသော

I was amazed to see her all of a sudden.
သူမကို ရုတ်တရက်တွေ့လိုက်ရတော့ ငါ့အံသြမိခဲ့တယ် ။

He has an amazing ability to learn new languages.
ဘာသာစကားအသစ်တွေကို သင်ရာမှာ တတ်လွယ်တဲ့ အံ့ဖွယ်အရည်အချင်း သူ့မှာ ရှိတယ် ။

astonished = အံသြသော
astonishing = အံသြစရာကောင်းသော

I was astonished by her beauty.
သူမရဲ့အလှကို ကျနော် အံ့သြမှင်သက်မိခဲ့ပါရဲ့။

Her beauty is astonishing ! I didn't expect it at all.
သူမရဲ့အလှက အံ့သြရလောက်အောင်ဘဲဗျာ ။ ကျနော်ဖြင့် ထင်ကို ထင်မထားခဲ့ဘူး ။

annoyed= စိတ်ပျက်သော ၊ စိတ်အနှောက်အယှက်ဖြစ်သော
annoying = စိတ်ပျက်စရာကောင်းသော ။ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းသော ။

She found my attitude annoying but I can't help it.
သူမက ကျနော့်သဘောထားကို စိတ်ပျက်သတဲ့လေ ။ ဒါပေမယ့် ကျနော်လည်း မတတ်နိုင်ဘူးဗျ ။

I am annoyed by her attitude about work.
အလုပ်နဲ့ ပတ်သက်တဲ့ သူမရဲ့ခံယူချက်ကို ကျနော် စိတ်ကုန်တယ် ။

irritated = ဒေါသဖြစ်သော ၊ စိတ်ပျက်သော
irritating = ဒေါသဖြစ်စရာကောင်းသော ၊ စိတ်ပျက်စရာကောင်းသော

It's so irritating to hear her bossy voice.
သူမရဲ့ အပေါ်စီးဆန်ဆန် အသံကို ကြားရတာ စိတ်ပျက်စရာကောင်းတယ် ။

Everyone seems irritated to hear bossy voice.
သူမရဲ့ အပေါ်စီးဆန်တဲ့အသံကို ကြားရတာ လူတိုင်း စိတ်ပျက်နေပုံဘဲ ။

amused = ရယ်ချင်သော
amusing = ရယ်စရာကောင်းသော

We were all very amused by his jokes.
သူ့ပျက်လုံးတွေကြောင့် ကျုပ်တို့အားလုံး ပါးစပ်မစေ့ရဘူး ။

The way he speaks is really amusing.
သူစကားပြောပုံက တကယ် ရယ်ရတယ် ။

ဒီစာလုံးတွေ သိပြီးသား မဟုတ်လား
............................................
confused-confusing
disappointed-disappointing
bored-boring
depressed-depressing
convinced-convincing
relaxed-relaxing
shocked-shocking

English in Burmese

No comments:

Post a Comment