ကံ၊ ဥာဏ်၊ ဝီရိယကိုအသုံးချပြီး အရိုးသားဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ
အမေရိကန်နိုင်ငံတွင် မကြာမီ ကျင်းပပြုလုပ်တော့မည့် Miss Universe 2014 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံထားရသူ Miss Universe Myanmar 2014 သျှားထွဋ် အိန္ဒြာသည် ယခုအခါပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်လျက် ရှိသည်။ သူမ၏မြန်မာနိုင်ငံတွင် ပြိုင်ပွဲ ဝင်စဉ် အတွေ့အကြုံများ၊ ကြိုတင်ပြင် ဆင်လေ့ကျင့်မှုများနှင့် ပတ်သက်ပြီး ပရိသတ်များသိရှိနိုင်ရန် မေးမြန်းဖော် ပြလိုက်ပါသည်။
ညီမရေ . . .
ပြိုင်ပွဲနီးပြီဆိုတော့ လေ့ကျင့်မှုအခြေ အနေက ဘယ်လိုရှိလဲ။
ညီမပြိုင်ပွဲက ဇန်နဝါရီ ၂၅ရက်၊ Camp ဝင်ဖို့ ၄ရက်နေ့အရောက် သွားရမယ်။ ဒီကနေ ၂ရက်နေ့ လောက်ထွက်မယ်။ ပြိုင်ပွဲအတွက် အဓိကကတော့ အချိန်ဇယားနဲ့လေ့ ကျင့်နေပါတယ်။ မနက်ဆိုရင် speaking လေ့ကျင့်တယ်။ ပြီးရင် Gymသွားဆော့တယ်။ ပြီးရင် ဘုရားဝေယျာ ဝစ္စလုပ်တယ်။ နေ့လယ်ပိုင်းမှာ အထွေ ထွေဗဟုသုတတွေ လေ့လာတယ်။ ပြီးတော့ မြန်မာအကတွေ လေ့ကျင့်ပါ တယ်။ ဘယ်အကကမယ်ဆိုတာတော့ မပြောသေးပါဘူး။ တိုင်းရင်းသားအက မျိုးစုံ တစ်ကွက်အကလေးတွေ လေ့ကျင့်ဖြစ်ပါတယ်။ ဝတ်စုံကိုလဲ ကြိုပြီးတော့ မပြောထားချင်သေး ဘူး။ ညီမရဲ့ဒီဇိုင်နာက မပုံ့ပါ။ မပုံ့က သေချာလုပ်ပေးပါတယ်။ ညီမကို အစစအရာရာ ပြင်ပေးတာကတော့ မပုံ့၊ ကိုငြိမ်းကိုနဲ့ ကိုပြည်စိုးအောင် တို့ဖြစ်ပါတယ်။ ရိုးရာဝတ်စုံကတော့ ဟိုရောက်တော့မှ ပရိသတ်တွေအံ့သြ သွားအောင် ပြချင်ပါတယ်။
ပြိုင်ပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘာတွေပြောဖြစ်မလဲ။
အထွေထွေဗဟုသုတအနေနဲ့ ညီမတို့မြန်မာနိုင်ငံရဲ့အကြောင်း လေ့ လာနေပါတယ်။ ညီမတို့နိုင်ငံက ယဉ် ကျေးမှု ဘယ်လိုထွန်းကားတယ်၊ ရိုး ရာဝတ်စုံ ဘယ်လိုဝတ်တယ်ဆိုတဲ့ အကြောင်း ပြောပြချင်တယ်။ ပြီးရင် တိုင်းရင်းသား လူမျိုးတွေအကြောင်း၊ ပြည်နယ်တွေအကြောင်း၊ တန်ခိုးကြီး ဘုရားတွေအကြောင်း ပြောပြသွား မယ်။ ညီမတို့တွေ ခုချိန်ထိ ရိုးရာမပျက် ဘိုးဘေးဘီဘင် လက်ထက်ကတည်း က ထိန်းသိမ်းလာခဲ့တဲ့ ရိုးရာယဉ် ကျေးမှုအကြောင်း ပြောပြသွားမှာပါ။
ဖိလစ်ပိုင်မှာ လေ့ကျင့်ခဲ့တဲ့ အတွေ့အ ကြုံကို ရှင်းပြပါဦး။
ဖိလစ်ပိုင်ဆိုတာက တကယ့်ကို အရည်အချင်းနဲ့ပြည့်စုံတဲ့ အလှမယ် တွေမွေးထုတ်နိုင်တဲ့နိုင်ငံပါ။ ဖိလစ် ပိုင်က Trainer တွက အရမ်းတော် တယ်။ ညီမတို့ကိုလေ့ကျင့်ပေးတဲ့ အချိန်မှာ အရမ်းစည်းစနစ်ကျပြီး ကောင်းတယ်။ Trainer တွေဆိုတော့ တကယ့် အသက်ကြီးကြီးတွေလို့ထင် ခဲ့တာ၊ ဒါပေမဲ့ အဲ့လိုမဟုတ်ဘူး။ တ ကယ့် ငယ်ငယ်လေးတွေ၊ သူတို့က လေ့ကျင့်ပေးတာ။ ယောက်ျားတွေ ဖြစ်ပေမယ့် သူတို့ကိုယ်တိုင် ခြောက် လက်မဒေါက်ကြီးတွေစီးပြီး လေ့ကျင့် ပေးတယ်။ ပြီးတော့ သူတို့က ဒီတစ် ခုပဲသင်ပေးတာမဟုတ်ဘူး။ Swim Suit ရယ်၊ Evening Gown နဲ့ National Costume 3 Round စလုံး လေ့ကျင့်ပေးတယ်။ ဝတ်စုံသုံးမျိုး စလုံးဝတ်ခိုင်းပြီး လေ့ကျင့်ခိုင်းတယ်။ ဒီလူရှေ့မှာတောင် ရှက်နေမယ်ဆိုရင် နောက်ပြိုင်ပွဲကျရင် ဘယ်လိုလုပ်မလဲ ဆိုပြီး အဲ့ဒီစိတ်မျိုးရအောင် သူတို့က လေ့ကျင့်ပေးတယ်။ National Costume နဲ့ ဘယ်လိုပေါ်လွင်အောင် ဘယ်လိုလုပ်ရမလဲ၊ လျှောက်ရမလဲ ဆိုတာသင်ပေးတယ်။ Evening Gown မှာလဲ ခြေလှမ်းတစ်လှမ်း လှမ်းတာနဲ့ ဘယ်လိုမာန်ရှိရမယ်။ ပြီး တော့ ဒိုင်တွေအပေါ်မှာ ကိုယ့်ရဲ့မျက် လုံးအား ဘယ်လောက်အထိ အားထည့် ထားလဲဆိုတာ သင်ပေးတယ်။ ပြီး တော့ ညီမတို့တော်တော်များများ ကြောက်ကြတဲ့မေးခွန်းပိုင်းကို ဘယ် လိုဖြေရမလဲ၊ ဖြေကြားပုံ ဖြေကြားနည်း ကို သင်ကြားပေးတယ်။ ပြီးတော့ သူ တို့တွေက အချိန်တိကျတာကို အရမ်း လေးစားတယ်။ ဖိလစ်ပိုင်ဆိုတာ အမေရိကန်ကို စံနမူနာထားတဲ့ နိုင်ငံ ဆိုတော့ ညီမသွားပြိုင်မှာလဲ အမေရိ ကန်မှာဆိုတော့ သူတို့ကပိုပြီး စနစ် တကျသင်ပေးပါတယ်။ ဖြစ်နိုင်ရင် နောက်တစ်ခေါက်တောင် ပြိုင်ပွဲမ လုပ်ခင် သွားပြီးလေ့ကျင့်ချင်ပါသေး တယ်။ ပညာတွေရသလောက် ထပ် သင်ချင်သေးတယ်။
Miss Universe Myanmar ဖြစ်လာ တော့ အရင်နဲ့ ဘာတွေကွာခြားသွားလဲ။
Miss Universe Myanmar မဖြစ်ခင်သာမန်ဘဝနဲ့ဖြစ်ပြီးတဲ့အ ချိန်မှာ ဘာကွာသွားလဲဆိုတော့ အရာ ရာကွာသွားတာပေါ့။ သာမန်ဘဝ တုန်းက ဘယ်လိုနေနေကိစ္စမရှိဘူး၊ ဘယ်မှာစားစားကိစ္စမရှိဘူး။ ကိုယ့် ကိုပြောမယ့်သူမရှိဘူး။ အခု Miss တစ်ယောက်ဖြစ်လာတော့ အဓိက သရဖူပေါ့ “Crown”၊ ကိုယ်က ဒီသရဖူနဲ့ထိုက်တန်အောင်နေရမယ်။ သရဖူဆိုတာက တကယ်ကိုမြင့်မြတ်တဲ့ အရာပေါ့နော်။ ကိုယ်ကဒီသရဖူ နဲ့ထိုက်တန်အောင် နေတတ်စားတတ် ရမယ်။ ဘယ်လောက်အထိပြောင်းလဲ သွားလဲဆိုရင် ကိုယ်ကအစားအ သောက်၊ အနေအထိုင်ကအစ ထိန်း ရတာပေါ့နော်။ အရင်တုန်းက ဘယ် လိုပဲနေခဲ့နေခဲ့ ခုအချိန်မှာကိုယ်က အစစအရာရာ အကောင်းဆုံးဖြစ် အောင်နေရတာပေါ့နော်။
Miss Universe Myanmar Organization နဲ့ ပြင်ဆင်မှုအပိုင်းကရော။
ညီမဆုရပြီးကတည်းက Miss Universe Myanmar Organization နဲ့ညီမအစစအရာရာတိုင်ပင် တယ်။Organization ကပြောတဲ့ အတိုင်း ညီမလုပ်ဖြစ်တယ်။ ပြီးတော့ ညီမကိုလဲ Organization က အ စစအရာရာ ကူညီပံ့ပိုးပေးတယ်။ ညီမ ကို ယုံယုံကြည်ကြည်နဲ့သရဖူအပ်နှင်း ထားတာဆိုတော့ Organization က ညီမရဲ့ကျေးဇူးရှင်ဖြစ်တယ်။ ညီမက တော့အတတ်နိုင်ဆုံး ကျေးဇူးဆပ်မယ် လို့ စဉ်းစားထားပါတယ်။ ညီမကို အများကြီးပံ့ပိုးပေးထားတာဖြစ်တဲ့ အတွက် ကိုယ့်ကိုအများကြီးမျှော်လင့် ထားတယ်ဆိုတာသိတယ်။ တိုင်းပြည် အတွက်ရော Miss universe Myanmar Organization အတွက်ပါ ကိုယ်ကအစစအရာရာ ကြိုးစားရ တယ်။Miss တစ်ယောက်ဖြစ်လာရင် ဘယ်လိုနေရမယ်၊ ဘယ်လိုပြုမူပြော ဆိုရမယ်ဆိုတာကအစ အစစအရာ ရာသင်ပေးတယ်။ မနှစ်ကသွားပြိုင် တဲ့ မမိုးစက်ဝိုင်က ညီမကိုအစစအရာ ရာ အတွေ့အကြုံမျှဝေပေးပါတယ်။
ပြိုင်ပွဲပြီးသွားရင် ဘာတွေဆက်လုပ် ဖြစ်မလဲ။
ပြိုင်ပွဲကြီးပြီးသွားရင်လဲ နိုင်ငံ အတွက်အကျိုးပြုတဲ့ Miss တစ် ယောက်ဖြစ်အောင် ညီမကြိုးစားမယ်။ ဘယ်ဘက်ကနေအကူအညီပေးလို့ ရမလဲဆိုတဲ့ စိတ်နဲ့ညီမကြိုးစားမယ်။ အနုပညာပိုင်းကိုလဲ ဆက်လုပ်သွား မယ်။ အနုပညာကိုရူးသွပ်ခဲ့တာဆို တော့ အနုပညာနဲ့ပတ်သက်တာမှန် သမျှဆက်လုပ်သွားမယ်။ စီးပွားရေး လုပ်ဖြစ်ရင်တောင် အနုပညာနဲ့သက် ဆိုင်တဲ့ ဖက်ရှင်ဆိုင်ဖွင့်ဖြစ်တာမျိုးပေါ့။ သရုပ်ဆောင်ဘက်လုပ်ဖြစ်ဖို့ တော့ စိတ်ကူးမရှိသေးပါဘူး။
နောက်ဆုံးအနေနဲ့ ညီမပြောလိုတာ ကရော။
ညီမ တိုင်းပြည်အတွက်၊ ပရိ သတ်ဖြစ်တဲ့ပြည်သူတွေအတွက် အား ပေးရကျိုးနပ်အောင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ။ မြန်မာ ကို ကမ္ဘာကသိအောင် ကြိုးစားလုပ် ဆောင်ပြမယ်။ မနှစ်ကဆိုရင် အရမ်း အားပေးကြတယ်။ ဒီလိုပဲညီမကိုလဲ ဒီနှစ်အားပေးစေချင်တယ်။ Vote လုပ် တဲ့နေရာမှာလဲ ထိပ်ဆုံးက အများ ဆုံးဖြစ်ချင်တယ်။ ဘာလို့လဲဆိုရင် တခြားသူတွေကို ငါတို့မြန်မာပရိ သတ်တွေ ဘယ်လောက်အားပေး တယ်ဆိုတာ တခြားသူတွေကို သိစေ ချင်တယ်။
မောင်ဗလ(မင်းလှ)
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment