ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပယ်ချခံထားရသူ ၇ ဦးထဲက ဦးဝင်းချိုနဲ့
ဦးမောင်မောင်ထွန်း တို့ကို ယှဉ်ပြိုင်ခွင့်ပြု လိုက်ကြောင်း
မြို့တော်ကော်မရှင်က ဒီနေ့ ကြေညာလိုက်ပါတယ်။
အဲဒီကိုယ်စားလှယ်လောင်းနှစ်ဦးက လျှောက်လွှာစတင်ခဲ့စဉ်က ကိုယ်ရေးအချက်အလက်
မပြည့်စုံတဲ့အတွက် နားလည်မှုလွဲမှားခဲ့ပြီး ပယ်ချခဲ့တာလို့
မြို့တော်ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောပါတယ်။
စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့
လျှောက်ထားခဲ့သူ ၃၀၅ ဦးထဲက ၇ ဦးကို သတ်မှတ်အရည်အချင်းနဲ့မညီလို့ဆိုပြီး
မြို့တော်ကော်မရှင်က ပယ်ချခဲ့တာဖြစ်ပါတယ်။
ပယ်ချခံရသူတွေဟာ ဒီလကုန်အထိ အယူခံဝင်နိုင်ပြီး အယူခံဝင်သူတွေကို
ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြန်လည်စစ်ဆေးပေးမှာ ဖြစ်ပါတယ်။
စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၇
ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၂၉၁ ဦး
ဝင်ရောက်ရွေးကောက်ခံမှာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, November 25, 2014
စည်ပင်ရွေးကောက်ပွဲ ပယ်ချခံရသူတွေထဲက နှစ်ဦးကို ပြန်ယှဉ်ပြိုင်ခွင့်ပြု
စည်ပင်ရွေးကောက်ပွဲ ပယ်ချခံရသူတွေထဲက နှစ်ဦးကို ပြန်ယှဉ်ပြိုင်ခွင့်ပြု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 25, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment