CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, November 24, 2014
ချစ်သူ မိန်းကလေး ထံက အဖြေမရ၍ အဝေးသင် ကျောင်းသား တစ်ဦး ကြိုးတံတားပေါ်မှ ခုန်ချ
ကျောင်းသား တစ်ဦးကို အသက် မသေဘဲ ပြန်လည် ကယ်ဆယ်နိုင်ခဲ့ကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်စိုးက The Messenger Media သို့ ပြောသည်။
နိုဝင်ဘာလ (၂၂) ရက်နေ့ ညနေ(၇) နာရီခွဲခန့် အချိန်တွင် ပုသိမ် ကြိုးတံတားပေါ်မှ လူတစ်ဦး ခုန်ချခဲ့ပြီး င၀န်မြစ်ထဲသို့ အရောက်တွင် အော်ဟစ် အကူအညီ တောင်းခံမှုကြောင့် အနီးရှိ ယုဇန အအေးခန်း စက်ရုံ ၀န်ထမ်းများက စက်လှေဖြင့် ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။
သမီးရည်းစား ချိန်းတွေ့တာ ကနေ ကောင်လေးက အဖြေတောင်းတော့ ကောင်မလေးက သူ့မှာရည်းစား ရှိတယ် ဆိုပြီး ပြောတယ်။ ကောင်လေး က အဖြေမရလို့ ဆိုပြီး ကြိုးတံတားပေါ်က ခုန်ချခဲ့တာ ဖြစ်တယ် ဟု ရဲမှူး ဦးကျော်စိုးက ပြောသည်။
ကြိုးတံတားပေါ်မှ င၀န်မြစ် အတွင်းသို့ ခုန်ချသော ကျောင်းသားမှာ အိမ်မဲ မြို့နယ်၊ အုန်းပင်စု ရွာနေ တတိယနှစ် (စီးပွားရေး) အဝေးသင် ကျောင်းသား မောင်စိုင်းဇော်စိုး ဖြစ်ပြီး ၎င်းသည် သူငယ်ချင်း များ ဖြစ်ကြသော မသင်းသင်းကြွယ်၊ မနှင်းအိဆွေ တို့နှင့်အတူ ပုသိမ်ကြိုး တံတားသို့ အလည်အပတ် သွားရောက်ခဲ့ကာ မသင်းသင်းကြွယ်အား ချစ်ကြိုက် ကြောင်း ဖွင့်ပြောခဲ့ခြင်း ဖြစ်သည်ဟု ကာယကံရှင်က ပြန်လည် ပြောပြခဲ့ကြောင်း ၎င်း၏ သူငယ်ချင်း များက ပြန်လည် ပြောပြသည်။
သာမာန် အရပ်သား ဆိုရင်တော့ ကိုယ့်ကိုကိုယ် သေကြောင်း ကြံစည်မှု (၃၀၉) နဲ့ အမှု ဖွင့်လို့ ရတယ်ဗျ။ကျောင်းသား ဆိုတော့ ကျွန်တော်တို့ သက်ဆိုင်ရာကို ပြန်လည် လွှဲပြောင်းပေးခဲ့တယ် ဟု ဦးကျော်စိုးက ဆိုသည်။ အဆိုပါ ကျောင်းသားအား ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အမှတ်(၂) ရဲစခန်းမှူး တို့မှ တစ်ဆင့် ပုသိမ် တက္ကသိုလ် လက်ထောက် မော်ကွန်းထိန်းထံ အပ်နှံခဲ့ကြောင်း ပုသိမ်မြို့နယ် ရဲဖွဲ့မှူးရုံးမှ သိရသည်။
Messenger News Journal
ချစ်သူ မိန်းကလေး ထံက အဖြေမရ၍ အဝေးသင် ကျောင်းသား တစ်ဦး ကြိုးတံတားပေါ်မှ ခုန်ချ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 24, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment