ဦးခင်အောင်မြင့်တို့ အဖွဲ့ဟာ မြန်မာလူငယ် ၂ ဦးကိစ္စ လိုက်ပါ လုပ်ဆောင် ပေးနေတဲ့ အထူးအဖွဲ့နဲ့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပြီး အဖွဲ့မှာ ဥပဒေပညာ ကျွမ်းကျင်သူတွေနဲ့ မှုခင်းဆေး ပညာရှင်တွေ လိုက်ပါလာတယ်လို့ သိရပါတယ်။
မြန်မာလူငယ် ၂ ဦးအရေးနဲ့ ပတ်သက်ပြီး တရားမျှတ စွာ ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော်က ထိုင်းနိုင်ငံ အမျိုးသား ဥပဒေပြု ညီလာခံဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ တောင်းဆိုထားပါတယ်။
ခိုတောင်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ်ပေးမှာဖြစ်ပြီး အခုအပတ်အတွင်း လုပ်ဆောင်သွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/71822
No comments:
Post a Comment