==========================
- ငယ်ထွေး(ကလေးမြို့)၊ ခင်သက်မွန်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဆေးကုသမှုဌာနတွင် မြန်မာ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နှလုံးအရေးပေါ် ခွဲစိတ်မှုတစ်ခုကို စက်တင်ဘာ ၂၃ရက်က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြသည်။
အဆိုပါလူနာမှာ သာကေတ မြို့နယ်မှ ဦးမြင့်ဦးဖြစ်ပြီး ဓားထိုးခံရရာတွင် နှလုံးကိုပါ ထိုးမိပြီး နှလုံးကြွက်သားများပါစုတ်ပြ
သို့သော် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနမှ ဆရာဝန်များ၊ ခွဲစိတ်အထူး ကုဆရာဝန်ကြီးများနှင့် မေ့ဆေးဆရာဝန်ကြီး များပူးပေါင်း၍ ယင်းခွဲစိတ်မှုကို အောင်မြင် စွာခွဲစိတ်နိုင်ခဲ့ပြီး မြန်မာ့ဆေးပညာလောက အတွက် သမိုင်းဝင်အောင်မြင်မှုမှတ်တ
ယင်းခွဲစိတ်မှုနှင့်ပတ်သက်၍ ခွဲစိတ်ရာတွင် ပါဝင်ခဲ့သည့် ဆရာဝန်ကြီးများနှင့် အရေးပေါ် ဌာနမှ တာဝန်ရှိသူများက သတင်းစာရှင်း လင်းပွဲကို နိုဝင်ဘာ ၁၇ရက်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ပါသည်။
သမိုင်းဝင်ခွဲစိတ်မှုနှင့်ပတ
ပါမောက္ခဒေါက်တာဇော်ဝေစိုး
**************************
ဌာနမှူး၊ အရေးပေါ်ဆေးကုသမှုဌာန၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
''နှလုံးကို ဓားနဲ့အထိုးခံရတာက နှလုံး အမြှေးပေါက်သွားမယ်။ နှလုံးရဲ့နံရံပေါက်သွား ပြီး သွေးတွေထွက်မယ်။ အဲဒီလူတွေက များ သောအားဖြင့် နာရီဝက်တစ်နာရီခန့်မှာ အသက် ဆုံးရှုံးသွားနိုင်တယ်။ အဲဒီလိုလူမျိုးကို အသက် ရှင်အောင် ကုသနိုင်တဲ့အနေအထားမျိုးက ကမ္ဘာပေါ်မှာတောင် တော်တော်လေးကို ရှားပါ တယ်။
ကျွန်တော် အင်္ဂလန်မှာနေတုန်း ဘီယာ ဆိုင်ထဲမှာ ဓားထိုးမှုဖြစ်တာ တွေ့ဖူးတယ်။ သူ တို့ဆီမှာက အရေးပေါ် System အရမ်းကို ကောင်းတဲ့အတွက် အရေးပေါ်လူနာတင်ယာဉ် ပေါ်မှာ ဆရာဝန်ပါတယ်။
အဲဒီဆရာဝန်က လူနာတင်ယာဉ်ထဲမှာတင် နှလုံးကိုချုပ်လိုက် နိုင်တယ်။ အဲဒီဆရာဝန်ကို သူတို့တိုင်းပြည်မှာ ဘွဲ့ထူး၊ ဂုဏ်ထူးတွေပေးလိုက်တယ်။
အဲဒီလိုဖြစ်ရပ်မျိုးကို နောက်ပိုင်းမှာ မ ကြားရတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် ချင်း မိုင်ဘက်ရောက်တော့ အဲဒီလိုဖြစ်ရပ်မျိုးအ တွက် ဆရာဝန်တစ်ဦးကို ဂုဏ်ပြုထားတဲ့ ဂုဏ် ပြုမှတ်တမ်းဓာတ်ပုံတွေ တွေ့မြင်ခဲ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာလဲ ပြီးခဲ့တဲ့နှစ်လ လောက်က ရန်ကုန်ဆေးရုံကြီးကို ရောက်လာ တယ်။ နှလုံးဓားနဲ့အထိုးခံရတာကို ဘယ်နေ ရာကို ထိထားလဲ။ ဘယ်လောက်အရေးကြီးလဲ။ နှလုံးထဲမှာသွေးတွေစုပြီးတေ
--------------------------
ဒေါက်တာအောင်ဇော်မျိုး
**************************
နှလုံးခွဲစိတ်အထူးကုဆရာဝန်ြ
နှလုံးနှင့် သွေးကြောရောဂါခွဲစိတ်ကုဌာန
''ကျွန်တော်တို့ရင်ခေါင်းကိ
အဲဒါကိုကျွန်တော်တို့က နှလုံး ကိုမယူပြီးတော့ ဓားထိတဲ့နေရာ ပြဲနေတဲ့နေရာ ကို အရင်ဦးဆုံးရှာပါတယ်။ အဲဒီနေရာကို အမြန်ချုပ်လိုက်နိုင်လေ၊ သွေးထွက်နည်းလေ လူနာရဲ့အသက်ကို မြန်မြန်ကယ်နိုင်လေပဲ ဖြစ်ပါတယ်။
အဲဒီအချိန်မှာအရေးကြီးတာက မေ့ဆေး ဆရာဝန်ကြီးတွေ ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့ နေရာကို အမြန်ဆုံးရှာဖွေပြီး အမြန်ဆုံးပြန် လည်ချုပ်နိုင်ဖို့က အရမ်းကို အရေးကြီးပါ တယ်။
ခွဲစိတ်၊ ပြန်ချုပ်ပြီးတဲ့အခါမှာ လူနာကို အထူးကြပ်မတ်ဆောင်မှာ ထားပြီးတော့ဆက် လက်ကုသပါတယ်။ အဲဒီအထူးကြပ်မတ်ကုသ ဆောင်ကနေ လေးငါးရက်အကြာမှာ လူနာ ကနှလုံးနဲ့သွေးကြောခွဲစိတ်ဌ
ဆက်လက်ပြီးတော့ အဲဒီလူနာကို ပြင်ပ လူနာဌာနမှာ ဆက်လက်ကြည့်ရှုပေးခဲ့တယ်။နှလ
--------------------------
Dr.Rose
***********
အရေးပေါ်ကုသမှုဌာန၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
''ဦးမြင့်ဦးက စက်တင်ဘာ ၂၃ ရက်မှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန ရောက် လာခဲ့တယ်။ လူနာဦးမြင့်ဦး ရောက်လာတဲ့ အချိန်မှာ အရေးကြီးဆုံးဖြစ်တဲ့ အသက်ရှူလမ်း ကြောင်းကို အရင်ကြည့်ပါတယ်။ အဲဒီအချိန် မှာ စကားပြောနိုင်သေးတယ်ဆိုတော့
အဲဒီအချိန်မှာ ဘာမှမလုပ်ဘဲ ဒီအတိုင်း ကြည့်နေမယ်ဆိုရင်တော့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ လူနာကို အာထရာဆောင်း ရိုက်ဖို့ လိုအပ်လာပါတယ်။ အဲဒီအချိန်မှာ လူနာ ကအခြားအခန်းကို ရွှေ့ဖို့ဆိုတာက မဖြစ်နိုင် တဲ့ အခြေအနေဖြစ်တဲ့အတွက် အဲဒီအခန်းမှာ ပဲအာထရာဆောင်းကို ရိုက်ခဲ့ရတယ်။ အာထရာ ဆောင်းကိုကြည့်တဲ့အခါမှာတော
အဲဒီအချိန်မှာ ဒီရောဂါကို တိတိကျကျ သတ်မှတ်ဖို့ အရေးကြီးလာပြီ ဘာလို့လဲဆိုတော့ နှလုံးကို ခွဲစိတ်ကုသဖို့ လိုလာပြီ။ အသက်ရှင် မလား၊ ဆုံးမလားဆိုတာကို ဆုံးဖြတ်ရမယ့် အ ခြေအနေဖြစ်သွားပါပြီ။
အဲဒီအချိန်မှာတော့ အရေးပေါ်ဌာနက လူတွေပဲ ဆက်လက်လုပ်လို့ရတဲ့ အခြေအနေ မဟုတ်တော့ပါဘူး။ သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးတွေနဲ့ ပူးပေါင်းပြီး လူနာအသက် ရှင်ရေးအတွက်ကိုပဲ ဆောင်ရွက်ပေးကြရမှာ ပါ။ လူနာအသက်ရှင်ရေးအတွက်က အဓိကတာ ဝန်တစ်ရပ်ဖြစ်လာပါပြီ။
နှလုံးအထူးကုဆရာဝန်ကြီးက ရောက် ရောက်ချင်း ရင်ညွန့်အောက်ကနေ ဆေးပိုက် နဲ့ နှိုက်ပြီးတော့ နှလုံးပတ်လည်မှာ ဝိုင်းနေတဲ့ သွေးတွေကို စုတ်ထုတ်လိုက်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေပြန်လည် စီး ဆင်းနိုင်အောင် လုပ်ခဲ့ကြရပါတယ်။
လူနာအရေးပေါ်ဌာနကို ရောက်လာတဲ့ အချိန်မှာ သွေးပေါင်ချိန်က ၆ဝလောက်ပဲ ရှိ တယ်။ သွေးစုတ်ထုတ်ပြီး ခွဲစိတ်ခန်းကို မဝင်ခင် အချိန်မှာပဲ သွေးပေါင်ချိန်က ၆၈/၁၃ဝအထိ တက်လာပါတယ်။
ဆရာဝန်ထံကို လူနာကသွားရတဲ့ဆရာ ဝန်အခြေပြုစနစ်နဲ့ မဟုတ်ဘဲနဲ့ လူနာထံကို ဆရာဝန်က သွားရောက်ကုသပေးတဲ့လူနာ အခြေပြုစနစ်နဲ့ ဆောင်ရွက်ခဲ့ကြတာပါ။
ဒီနေ့လူနာကို တွေ့ရတာအရမ်းကို ကံ ကောင်းပါတယ်။ လူနာအသက်ရှင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးတဲ့ ဆေး ရုံက တာဝန်ရှိသူတွေနဲ့ နိုင်ငံတော်အစိုးရကို လည်း အထူးပင်ကျေးဇူးတင်ပါတယ်''
--------------------------
ဒေါက်တာအောင်သက်
*************************
မေ့ဆေးအထူးကုဆရာဝန်ကြီး
''ဒီလူနာနဲ့ပတ်သက်ပြီး ပထမဦးဆုံးအရေးကြီးတာကို တွေ့ရတာကတော့ ဌာန တစ်ခုနဲ့တစ်ခုရဲ့ ဆက်သွယ်ရေးပါပဲ။
ဒီလူနာက နှလုံးခွဲစိတ်ဆရာဝန်ကြီးနဲ့
လူနာများအတွက် သွေးပေါင်ချိန်မကောင်းဘဲနဲ့
--------------------------
ဦးမြင့်ဦး
**********
နှလုံးခွဲစိတ်မှုခံခဲ့ရသူ၊ သာကေတမြို့နယ်
''ကျွန်တော့်ကို အခုလို ကုသပေး အတွက် ဆရာဝန်ကြီးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု ဆေးကုသခဲ့တာ ငွေကြေးကုန်ကျမှုတွေ ဘာမှမရှိခဲ့ပါဘူး။ ဆေးဖိုးလဲ မကုန် ဘူး။ ဘာဖိုးမှ မကုန်ပါဘူး။ ခွဲစိတ်တာ လဲမကုန်ဘူး။ သွေးလဲ အလကားရပါ တယ်။ ခွဲစိတ်ခန်းခ၊ ခွဲစိတ်ဆရာဝန်ခ တွေလဲ ဘာမှကို မပေးရပါဘူး''
--------------------------
ဒေါက်တာလှမြင့်
*******************
ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
''မကြာမီအချိန်မှာပဲ ဆေးရုံကြီးမှာComputerized Hospital Information System တွေ တပ်ဆင်ပြီးတော့ လူနာတွေအတွက် ဓာတ်မှန်ဖလင်ပြားတွေ ဝယ်ဖို့မလိုအပ် ဘဲ ကုန်ကျစရိတ်သက်သာအောင် ဆောင်ရွက်သွားနိုင်ဖို့ Digital X-ray တွေတပ်ဆင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲ ဒါမျိုးတွေတပ်ထားမယ်ဆိုရင် ပိုပြီး ပြတ်သားရှင်းလင်းမယ်။
နောက်တစ်လ၊ နှစ်လလောက်နေရင် အောက်စီဂျင် လိုအပ်တဲ့လူနာတွေကို အခမဲ့ပေးနိုင်ဖို့လဲ စီစဉ်ထားပါတယ်။ အခုလောလောဆယ်တော့ အရေးကြီးတဲ့လူနာတွေအတွက် ကိုတော့ ပေးနေပါပြီ''
Democracytoday
No comments:
Post a Comment