တချိန်က သာသနာမှာ ရဟန္တာတစ်ဆူဟုကျော်ကြားတော်မူသော
မေး။ ။ လူတို့ပြည်တွင် သစ်လေးပင်၊ သေစေလို ရေအေးလောင်း ၊ ရှင်စေလို ရေနွေးလောင်း၊ ဟူသောအမေးကို ဖြေကြားတော်မူပါဘုရား၊
ဖြေ။ ။ လူတို့ပြည်တွင် သစ်လေးပင် ဆိုရာ၌ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် ရယ်လို့ လောကဝေါဟာရ အားဖြင့် ရှိသော်လည်း ဘယ်ပြည်မှာများ ဘုရားပွင့်တယ်လို့ ကြားဖူးသတုံး
လူ့ပြည်မှာလို့ ကြားဖူးပါတယ်ဘုရား
အဲ ဂင်္ဂါ ၀ါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားရှင်များမှာ သစ္စာလေးပါးနှင့်သာ ပွင့်ခြင်းကြောင့် လူတို့ပြည်တွင် သစ်လေးပင် ဟုဆိုသည်။
သေစေလို ရေအေးလောင်း ဆိုရာ၌ မဂ္ဂင်ရေ ကို ဆိုလိုသည်။
ရှင်စေလို ရေနွေးလောင်း ဆိုရာ၌ လောဘ ဒေါသ မောဟ ရေနွေးကို ဆိုလိုသည်။
မေး။ ။ မထိုင်ခင်က ခြေဆင်း၊ မလင်းခင်က ရောင်နီလာ၊ မချက်ခင်က ထမင်း၊ မကျက်ခင်က စားပြီးပြီ၊ မရက်ခင်က ပုဆိုး၊ မချုပ်ခင်က ၀တ်ပြီးပြီ၊ ၎င်းအမေးကို ဖြေတော်မူပါဘုရား၊
ဖြေ။ ။ အေး အဲဒါ ၀ိတက် လို့ခေါ်တယ်၊
( ၀ိတက် ဆိုသည်မှာ ကြံစည် စဉ်းစား စိတ်ကူးယဉ်ခြင်း ဖြစ်သည်၊ )
မေး။ ။အကြောင်းပြ ဘုရားတစ်ဆူ တစ်ဆူလျှင် သင်္ချေ နှစ်ဆယ် ကုဋေ ရှစ်ဆယ် ဗိုလ်ခြေတသိန်း ကျွတ်တမ်းဝင်သွားတယ်လို့ ကြားဖူးပါတယ်၊ ကျန်သော သတ္တ၀ါ ဟာ ရော့သလား မရော့ဘူးလားဘုရား၊
ဖြေ။ ။ ဒကာကြီးမေးတဲ့ အတိုင်းပဲ ရော့သလား ဆို ရော့တယ်၊ မရော့ဘူးလားဆိုရင်လဲ မလျော့ဘူးပေါ့၊
မေး။ ။ ရော့တာ ဘယ်လို မရော့တာ ဘယ်ပုံ ဆိုတာ သိလိုကြောင်းပါဘုရား၊
ဖြေ။ ။ ရော့တယ် ဆိုတာက ဥပမာ ဒကာကြီးအိမ်မှာ လူဆယ်ယောက် ရှိတယ်ဆိုပါတော့။ ငါးယောက်ဆင်းသွားလျှင် ဆင်းသွားတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ ရော့တာပေါ့၊ မရော့ဘူးဆိုတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတဲ့ ပရမတ္ထတရား မရော့ဘူး၊
မေး။ ။ ထင်းမရှိ တောသုံးထောင်၊ ရေမရှိ မြစ်လယ်ခေါင်၊ နှမ မရှိ ခြောက်ယောက်မောင် ၊
ကို ဖြေရှင်းတော် မူပါဘုရား။
ဖြေ။ ။ ဘုရား အစရှိသော အရိယာ သူတော်ကောင်းတို့မှာ ကာမ ရူပ အရူပ ဆိုတဲ့ တောသုံးထောင်ထဲတွင် နေငြားသော်လည်း ၎င်းပုဂ္ဂိုလ်များမှာ လောင်စာ မရှိသောကြောင့် ထင်းမရှိ တောသုံးထောင် ဟုခေါ်သည်။
သတ္တ၀ါတို့၏ အာရုံအစဉ်မှာ မြစ်ရေအယဉ်ကဲ့ သို့ တသွင်သွင် စိးဆင်းနေငြားသော်လည်း ဘုရားစသော အရိယာသူတော်ကောင်းတို့မှာ အာရုံယိုစီးခြင်း မရှိတာကို ရေမရှိ မြစ်လယ်ခေါင် ဟု ခေါ်သည်၊
ဘုရားစသော အရိယာ သူတော်ကောင်းတိုမှာ မျက်စိ နား နှာခေါင်း ပါးစပ် ကာယ မန တံခါး ခြောက်ပေါက်ပင် ရှိသော်လည်း အာရုံလိုက်စားခြင်း မရှိတာကို နှမ မရှိ ခြောက်ယောက်မောင် လို့ ခေါ်သည်။
မေး။ ။ အရှင်ဘုရားတို့ ရဟန်းများမှာ မိမိကိုယ်ကို မိမိ သွေးထွက်အောင် လုပ်ရုံမျှနှင့် ဒုက္ကဋ်အာပတ် တပ်သလား မတပ်ဘူးလား။
ဖြေ။ ။ တပ်တယ်။
မေး။ ။ ဒါဖြင့်လျင် ဘုရားလက်ထက်က ရဟန်းတပါးဟာ မိမိ လည်ပင်းကို ဓါးနှင့်လှီးပြီး ဝေဒနာရှု့တာနဲ့ အရဟတ္တဖိုလ် ဆိုက်ပြီး ပရိနိဗ္ဗာန်ပြုသွားတယ်လို့ ကြားဖူးပါတယ်။ ၄င်း ရဟန်းဟာ အာပတ်နှင့်တကွ မဂ်ဖိုလ်သို့ ဆိုက်ပါသလား ဘုရား။
ဖြေ။ ။ ဆိုက်တာ မှန်တယ်၊ ဒုက္ကဋ် အာပတ် မရှိလို့ ဆိုက်တာ၊
မေး။ ။ ဒါဖြင့် ဘုရား- အရှင်ဘုရားတို့မှာ သွေးထွက်ရုံမျှနှင့် အာပတ်သင့်တာ၊ အခုဟာက သွေးထွက်ရုံ မက ကိုယ့်ကိုယ်ကို အသေတောင် သတ်တာ ဒုက္ကဋ် အာပတ် မသင့်ပေဘူးလားဘုရား။
ဖြေ။ ။ မသင့်ဘူး ၊ ဥပမာ - ဒကာကြီး ပစ္စည်းမကိုင်နှင့် လို့ မတားမြစ်ခင် ဘုန်းကြီးက ကိုင်လိုက်ရင် ဘုန်းကြီးမှာ အပြစ်များ ရှိမလား ။
မရှိပါဘုရား။
တားမြစ်ပြီးမှ ကိုင်တော့ကော --
အပြစ်ရှိပါတယ် ဘုရား၊
အဲသည် ဥပမာ အတိုင်းပဲ ထိုပုဂ္ဂိုလ်မှာ အပြစ် မရှိတာလဲ မှန်တယ်၊ မဂ် ဖိုလ်ဆိုက်တာလဲ မှန်တယ်။
ကျေနပ် ၀မ်းမြောက်လှပါသည် ဘုရား။
( ယင်း ရဟန်းကား လူ့ဘ၀ ကို ငြီးငွေ့လွန်းသောကြောင့် ထွက်ပေါက် ရှာသည့် အနေဖြင့် ရပြီးသား လောကီဈာန်ကို မလျောကျ ခင် မြစ်ကမ်းနားသွားကာ မိမိကိုယ်ကို ဆံရိတ်သော သင်ဓုန်း ဓားဖြင့် လည်ပင်းကို လှီးဖြတ်မည် ကြံရွယ်စဉ် ရဟန်းဘ၀ တလျောက်လုံး စောင့်စည်း ထိမ်းသိမ်းလာခဲ့သော မိမိ၏ စင်ကြယ် သန့်ရှင်းသော သီလကို တွေ့မြင်ရသောအခါ အဆင့်ဆင့် ၀မ်းသာမှု့ ပီတိသည် ခန္ဓာကိုယ် တခုလုံးသို့ ပျံ့ နှံ့ သော ဖရဏာ ပီတိအဖြစ်သို့ ရောက်လေ၏။
၎င်း ပီတိ ဝေဒနာကို ခွာ၍ ၀ိပဿနာ ရှု့ မှတ်သောအခါ ကိလေသာကုန်ခြင်း အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ခြင်း် အသက်ဇီဝိတိဒြေ ကုန်ခန်းခြင်းသည်လည်း တပြိုင်နက်ဖြစ်ကာ တခဏအတွင်း အလွန်လျင်မြန်ကာ ပရိနိဗ္ဗာန်စံခြင်းကိစ္စ ပြီးသွားသောကြောင့် သတ္တ၀ါတို့ တဘ၀မှ တဘ၀ သို့ ကူးပြောင်းတိုင်း ဖြစ်ရာ ဘုံဘ၀ကို စုံစမ်းထောက်လှမ်းလေ့၇ှိသော မာနတ် သည်ပင် မျက်စိလည်သွား ဟူ ၏ ။
ထိုမာနတ်ကား ( ၃၁ ) ဘုံးအတွင်း ဘယ်နေရာဖြစ်ဖြစ် ရောက်သွားလျင် သူ့ပိုင်နက်အတွင်း ဖြစ်သောကြောင့် ကျေနပ်နေလေ့ ရှိသတဲ့ ။မာနတ်ရှာဖွေနေကြောင်းသိသော ဘုရားရှင်က ဟယ် မာနတ် သင်က ငါ့ ဘုရားတပည့်ကို အထင်သေးသကိုး၊ သင် မကျေနပ်လို့ ၃၁ ဘုံအတွင်း ကြိုက်သလောက်ရှာ ဘယ်တော့မှ တွေ့မှာ မဟုတ်တော့ဘူး၊ ငါ့သားတော် ဂေါဓိက ရဟန်းဟာ နိဗ္ဗာန် ၀င်သွားပြီ ဆိုတော့မှ ရှက်ကိုးရှက်ကန်းနဲ့ သူ့နေရာ နတ်ပြည်ကို ပြန်သွားသတဲ့ ( စကားချပ်- ဂေါဓိကတ္ထေရ ၀တ္ထု ၊ ဓမ္မပဒ ၊ )
မေး။ ။ တခုလောက် လျောက်ပါရစေ၊ သုတ်မဟာဝါ ပါဠိတော် မဟာ ပရိနိဗ္ဗာနသုတ်ထဲမှာ ဘုရား၏ ဓာတ်တော် ဝေခဏ်း တွေ့ပါတယ်၊ ၄င်းသုတ်ကိုပင် ဘုရားဟော လို့ ဆိုပါတယ်၊ ဓါတ်တော်များကို ဘုရား ပရိနိဗ္ဗာန်မပြုမီက ဝေခဲ့ ပါသလား၊ သို့တည်းမဟုတ် ဘယ်သူ ဝေခဲ့ သတုံး ဘုရား။
ဖြေ။ ။ ဧ၀ံ မေ သုတံ ကို ဘယ်သူဟောသတုံး။
ကျေနပ်လှပါ၏ ဘုရား။
မေး။ ။ နိဗ္ဗာန် ၏ အကြောင်းကို အမိန့်ရှိတော်မူပါ ဘုရား။
ဖြေ။ ။ နိဗ္ဗာန်အကြောင်း သိချင်သလား ၊ သိချင်လျှင် ဘင် စွန်း မြင်အောင် ကြည့်က သိလိမ့်မည်၊
မေး။ ။ ဘယ်လို ဘင်စွန်း ဘယ်လို မြင်အောင် ကြည့်ရမှာ တုံးဘုရား။
ဖြေ။ ။ ယောဂီ ပုဂ္ဂိုလ် တယောက်သည် မိမိခန္ဓာကိုယ်ကို သတိနှင့် သုံးသပ်လျှက် သမာဓိ အားကောင်းလာသော် စိတ် စေတသိက် ရုပ် ဆိုတဲ့ တရားသုံးပါးကို ပိုင်းပိုင်းခြားခြား မြင်သောအခါ ဒီဒုက္ခကြီးဟာ ဘယ်သူ့ကြောင့်လဲ လို့ စိစစ်လိုက်တော့ လုပ်ပေးတတ်တဲ့ လောဘ ဆိုတဲ့ သမုဒယ ကိုမြင်တော့ မဂ်က အနုသယ ကို ပယ်သတ်လိုက်တာနှင့် ဥပါဒ် ဋ္ဌီ ဘင် ဆိုတဲ့ အကြောင်း အကျိုး ပြတ်တာကို ဘင်စွန်း ဟု ခေါ်တယ်။ အဲဒီ ဘင်စွန်း ကို ပြောတာ။
မေး။ ။ မိမိ ခန္ဓာကိုယ်ကို ထိတော့ သိတယ် လို့ပြောတယ်၊ သိတယ် ဆိုတာ သူချည်းပဲ သိတာလား ၊ သို့မဟုတ် သူတကာ ( အခြားတရား ) နှင့် ရောစပ်မှ သိတာလား၊
ဖြေ။ ။ ရောစပ်မှ သိတယ်၊
မေး။ ။ ရောစပ်သူ ထည့်ပေးပါဘုရား။
ဖြေ။ ။ ဝေဒနာ သညာ ၀ိညာဏ် ထိုသုံးချက်စုမှ သိမှု့ ဖြစ်တယ်။
မေး ။ ။ စု ပေးသူများ ရှိရင် ထည့်ပေးပါဘုရား။
ဖြေ။ ။ ထိုသုံးချက်ကို သင်္ခါရက မြေ ရေ လေ မီး ဓါတ်ကြီး လေးပါးကို တံခါးမှာ စုပေးတော့ သိခြင်း မှတ်ခြင်း ခံစားခြင်း ဖြစ်ပေါ်လာသည်ကို သိမှု့ ဖြစ်တယ် ( သိတယ် ) လို့ ခေါ်တယ်။
မေး။ ။ တထောင့်ငါးရာတည်းဟူသော ကိလေသာဟာ ခန္ဓာကိုယ်ကြီးတွင် ဘယ်နေရာမှာ ကိန်းပါသတုံး ဘုရား။
ဖြေ။ ။ သိချင်သလား၊ သိချင်လျင် ဇာတိမြင်အောင်ကြည့် ၊ ဇာတိ ကိန်းတယ်။
မေး။ ။ ဘယ်လို ဇာတိ ဘယ်လို မြင်အောင် ကြည့်ရမှာတုံး ဘုရား။
ဖြေ။ ။ မြေ ရေ လေ မီး ဓာတ်ကြီး လေးပါး ရှိတယ် မဟုတ်လား၊ ၎င်း ဓာတ်ကြီးလေးပါးကို သင်္ခါရက ပြုပြင်ပေးတော့ သိမှု့ မှတ်မှု့ ခံစားမှု့ ဖြစ်ပေါ်၍ လာတယ်။ အဲတာ ဇာတိပဲ။ အဲဒီ ဇာတိကို မြင်အောင်ကြည့်က သိလိမ့် မယ်။
မေး။ ။ ရဟန်းများ၌ သိအပ်သော တရားငါးပါးကိုအမိန့်ရှိတော်မူပါ
ဖြေ။ ။ ( ၁ ) အလိုရှိခြင်း၊
( ၂ ) ကျက်စားခြင်း၊
( ၃ ) ထောက်တည်ခြင်း၊
( ၄ ) နှလုံးသွင်းခြင်း၊
( ၅ ) ပြီးဆုံးခြင်း၊
အလိုရှိတာက ဘာကို အလှိုရှိတာတုံး ဆိုလျင်သုခချမ်းသာကို အလိုရှိတယ်၊
ပညာ ကို ကျက်စားတယ်၊
သီလ သမာဓိ ပညာကို ထောက်တည်တယ်၊
ကြောင့်ကြမှု့ တောင့်တမှု့ ကင်းတာကို နှလုံးသွင်းတယ်၊
နိဗ္ဗာန်ကို ပြီးဆုံးတယ်၊
အဲဒါ ရဟန်းများ၌ သိအပ်သော တရားငါးပါးပဲ။ ။
စွန်းလွန်းဆရာတော်ဘုရားကြီးမှ ဦးနု အတွက် ပဌာန်းတရားတော်
တကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံ ဂူကျောင်း ဘုန်းတော်ကြီး ဦးက၀ိ ရှိတယ်လို့ မကြားဘူးလား၊
ကြားပါ၏ ဘုရား။
အဲဒါ ဟိတ်ခတ်တာ၊ ဟေတု ပစ္စယော လို့ ခေါ်တယ်၊ ၎င်းနောက် သွားအုံးမှ ပါလေ လို့ အာရုံက မဆန့်ဘူးလား။
ဆန့်ပါ၏ ဘုရား။
အဲဒီ အာရုံ ဆန့်တာကို အာရမ္မဏ ပစ္စယော လို့ ခေါ်တယ်။
နောက်တဖန် အိမ်မှာ ကျီးစားစား ခွေးစားစား ဘုန်းတော်ကြီး၏ ခြေရင်းသို့ မေ၇ာက်ရောက်အောင် သွားအုံးမှဘဲလို့ ခန္ဓာကိုယ်ကြီးကို အာရုံက ဆွဲလာ၍ အခုဘုန်းကြီးခြေတော်ရင်းသို့ ရောက်လာတာဟာ ဒကာကြီး လာချင်လို့ လာတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်ကြီးကို အာရုံက အဓိပတိတပ်၍ ဆွဲလာခြင်းကြောင့် အဓိပတိ ပစ္စယော လို့ ခေါ်တယ်၊
မှန်လှပါ၏ ဘုရား။
အဲဒါ ဘာကြောင့် လာရတာလဲ ဆိုလျင် ရှေးက ဘုန်းကြီးနှငရှေးက ဘုန်းကြီးနှင့် တွေ့ခဲ့ရဘူးလို့ ခုတွေ့ချင်တယ်။ ခု တွေ့ချင်လို့ တွေ့ရပြန်တယ်၊ နောင်ကိုလဲ တွေ့ရလေအုံးမယ်။
ဒကာကြီး ၀က်သားများ စားဘူးသလား။
စားဘူးပါ၏ ဘုရား။
အဲ ရှေးက ၀က်သားကို စားခဲ့ ဘူးလို့ ခုစားချင်တယ်။ ခုစားချင်လို့ စားရပြန်တယ်၊ နောင်ကို လဲ စားရလေအုံးမယ်။
ခွေးသားကော စားဘူးပါသလား။
မစားဘူးပါ ဘုရား။
အဲ ရှေးက ခွေးသား မစားဘူးလို့ ခု မစားချင်ဘူး၊ ခု မစားချင်လို့ ခု မစားဘူး၊ နောင်ကိုလဲ စားရမှာ မဟုတ်ဘူး။
ရှေးက ဒီ တရားမျိုးကို နာခဲ့ ရဘူးလို့ ခု နာချင်တယ်။ ခု နာချင်လို့ နာရပြန်တယ်၊ နောင်ကို လဲ နာရလေအုံးမယ်။
အနန္တရ၊ သမနန္တရ ၊ သဟဇာတ ၊ အညမည ပစ္စည်း ဆက်မသွားဘူးလား၊
သွားပါ၏ ဘုရား၊
ဘုန်းကြီး၏ ခြေရင်းရောက်တော့ ဘုန်းကြီးက ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့ ၊ အမျှဝေ ၊ မိမိ ခန္ဓာကိုယ်ကို ဘုရားလှူု၊ နှာသီးဖျားမှာ စိတ်ကိုထား၊ လေတိုးထိတော့ သိလိမ့် မယ်။ သိတဲ့ အပေါ် သတိထားရမယ်။ ပြောတော့ နိဿယ ပစ္စယော၊ ဥပနိဿယ ပစ္စယောလို့ ခေါ်တယ်။
မှန်လှပါ ဘုရား။
အားထုတ်ဆဲ အခိုက်အတန့် မှာ မျက်စိကတော့ တောင်ကြည့် မြောက်ကြည့် ကြည့်သေးရဲ့လား။
မကြည့်ပါ ဘုရား။
နားကကော ဟိုထောင် သည်ထောင် ထောင်သေးရဲ့လား။
မထောင်ပါ ဘုရား။
နားခေါင်းကကော ဟိုရူ သည်ရူ ရူသေးရဲ့လား။
မရူပါ ဘုရား။
ပါးစပ်ကကော ဟိုစားချင် သည်စားချင် ရှိသေးရဲ့လား။
မရှိပါဘုရား။
ခန္ဓာကိုယ်ကြီးကကော ဟိုသွားချင် ဒီသွားချင် ရှိသေးရဲ့လား။
မရှိပါဘုရား။
အဲဒီတော့ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဆိုတဲ့ ဣနြေ္ဒ ငါးပါး မလုံဘူးလား။
လုံပါ၏ ဘုရား။
အဲဒါ ဣန္ဒြိယ ပစ္စယော လို့ ခေါ်တယ်ကွဲ့ ။
မိမိ နှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့် သုံးသပ်ပါများသော် ဈာန် သတ္တိ ဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်၊ ကိလေသာတွေ လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့၊ အဲဒါ ဈာန ပစ္စယော ပဲ။
မှန်လှပါ ဘုရား၊
ဘုန်းကြီးက ခန္ဓာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ အေးမှန်းသိတဲ့ အခါမျိုး ကျတော့ ပူမှု့နှင့် သိမှတ်မှု့ ၊ အေးမှု့နှင့် သိမှတ်မှု့ တွေ ချုပ်သွားလိမ့်မယ်၊ အဲဒါ မဂ်ခရီး ရောက်ခြင်းကြောင့် မဂ္ဂ ပစ္စယော လို့ ခေါ်တယ်၊
မှန်လှပါဘုရား။
၎င်းမဂ် ခရီးကို သွားပါများ၍ သမာဓိ အားကောင်းလာသော် ဖြစ်ခြင်း ချုပ်ခြင်းကို သိသော ဥာဏ်အမြင်ရင့်သန်လာခြင်းကြောင့်
မရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ ရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မရှိတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း ၊ ရှိတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပရမတ္ထတရားပဲ။
ကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကို လဲ ကျေးဇူးပြုလိမ့်မယ်၊မကင်းတာက သင်္ခတ ဓာတ်၊ ကင်းတာက အသင်္ခတ ဓာတ် မဟုတ်လား၊
ဟုတ်ပါ၏ ဘုရား။
အဲဒါ အတ္ထိ ပစ္စယော ၊ နတ္ထိ ပစ္စယော၊ ၀ိဂတ ပစ္စယော၊ အ၀ိဂတ ပစ္စယော လို့ခေါ်တယ်၊
( မှတ်ချက် ) ။ ဤနေရာမှ စ၍ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု နှင့် စွန်းလွန်း ဆရာတော်တို့ ၀ိပဿနာအကြောင်း ၊ ၀ိနည်း အကြောင်း၊ အဘိဓမ္မာသဘော တရားများ ဆွေးနွေးခန်း ပြီးဆုံးပါပြီ။
စွန်းလွန်းဆရာတော်ဘုရားကြီး ပရိနိဗ္ဗာန်ပြု ခန္ဓာဝန်ချ ခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် မည်သည့်ဆေးဝါး အကူအညီမျှမပါမပုပ်မသိုးဘဲပကတိအတ
နှင့် ပတ်သက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ အထူးကြည်ညို စိတ်ဝင်စားကြသကဲ့သို့
ပြည်ပနိုင်ငံများမှဧည့်သည်များက
ကြောင်း စွန်းလွန်းဂူကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"ဆရာတော်ကြီးကသက်တော်(၇၅)ဝါတော်
တွေကလည်း ဆရာတော်ကြီးရဲ့မပုပ်မသိုးတဲ့ရုပ
ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား လာရောက်လေ့လာသည့် UK နိုင်ငံသား မစ္စတာ ဘင်းဒရစ်အား Hot
News သတင်းထောက်က ဆရာတော်ကြီး ရုပ်ကလာပ်နှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ
"ထူးခြားတဲ့ အံ့သြဖွယ်ရာတွေ ကမ္ဘာမှာ အများကြီး ရှိပါတယ်။ အဲဒီထဲကမှ မြန်မာပြည်မှာက သဘာဝနဲ့ ဆန့်ကျင်တဲ့ သူတော်စင်၊ သူတော်မြတ်တွေရဲ့ ဆေးအကူအညီမပါတဲ့၊ မပုပ်ပွတဲ့ ရုပ်ကလာပ်တွေ အံ့သြဖွယ်ရာ တွေ့ရပါတယ်။ ဒီလိုမျိုးတွေကို ကျွန်တော်တို့ အနေနဲ့ မှတ်တမ်းယူပြီး ကမ္ဘာမှာ ပြန် Share မှာပါ" ဟု ပြောကြားသွားသည်။
စွန်းလွန်းဆရာတော်ဘုရားကြီးအား အဘဦးသန့်၊ အမိ ဒေါ်တုတ်တို့မှ မြန်မာသက္ကရာဇ်၁၂၃၉ ခုနှစ် တပေါင်းလဆန်း (၂) ရက်၊တနင်္လာနေ့နံနက် (၃) နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ဝင်ပြီးနောက်
၁၂၈၂ ခုနှစ် ဝါဆိုလပြည့်ကျော် (၁၃) ရက်၌ ဒုတိယတရားထူး ၁၂၈၂ ခုနှစ် သတင်းကျွတ်လပြည့် (၁၃) ရက်၌ စတုတ္ထတရားထူးများကို ရရှိတော်မူခဲ့ပြီး ၁၃၁၄ ခုနှစ် ကဆုန်လပြည့်ကျော် (၉) ရက် စနေနေ့ ညနေ (၄:၄၅) အချိန်၌ ပရိနိဗ္ဗာန် ပြုတော်မူခဲ့သည်။
ထိုခေတ် ထိုအခါက ရဟန္တာ တစ်ပါး ဟု ထင်ရှား သတင်းကြီးနေသော ဆရာတော်အား ဘ၀တစ်လျောက်လုံး ရောက်လေရာနေရာ၌ တွေ့ရာ ဆရာတော်ကြီးများ ၊ သံဃာတော်များက ၀ိပဿနာအကြောင်း သာသနာရေးအကြောင်းကို စာမတတ်သော ဆရာတော်ကြီး၏ အဖြေစကားများက ကျမ်းဂန် အထောက်အထားများနှင့် ညီ၊ မညီ၊ကို အချိန်ရလျင် ရသလို၊ စစ်ဆေး ၊ မေးမြန်း စမ်းသပ်လေ့ရှိ ကြရာ ဆရာတော်ကြီး၏ အံသြဖွယ်ရာ အဖြေစကားများသည် ကျမ်းဂန်များနှင့် အားလုံးကိုက်ညီနေသည်ကို တွေ့ကြရကား နောင်လာနောက်သားတို့ အတုယူဖွယ် ကြည်ညိဖွယ် ဖြစ်စေရန် မှတ်တမ်းတင်အပ်ပါသည်။
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြ
ဘ၀တုသဗ္ဗမင်္ဂလံ
No comments:
Post a Comment