Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 10, 2014

ထိုင်း ၀န်ကြီးချုပ်အား ဆန္ဒထုတ်ဖော်ရန် ရန်ကုန်တိုင်း အစိုးရ ခွင့်မပြု



မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ရန် ခွင့်တောင်းရာ ရန်ကုန်တိုင်း အစိုးရ က ပယ်ချလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွဒ်သည် မနက်ဖြန်တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ၎င်းတို့နိုင်ငံသားများနှင့်တွေ့ဆုံရန် စီစဉ် ထားပြီး၊ ၀န်ကြီးချုပ် လာချိန်၌ မြန်မာများက လိပ်ကျွန်း လူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး အရေး ဆန္ဒထုတ်ဖော်ရန် ခွင့်တောင်းရာ ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က ခွင့်မပြုကြောင်း ဆန္ဒပြပွဲ စီစဉ်သူ ဦးနေမျိုးဇင်၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ထိုင်းသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခွင့်မရ သဖြင့် ရန်ကုန် မြို့တော် ခန်းမရှေ့၌ မနေ့ဖြန် မနက် ၈ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထိုဆန္ဒထုတ်ဖော် ပွဲသို့ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကာကွယ်လိုသူ တိုင်းရင်းသားများ၊ အဖွဲ့အစည်းများ အား လုံးက ပါဝင်ပူးပေါင်းကြရန်လည်း ဦးနေမျိုးဇင် က ဖိတ်ခေါ်ထားသည်။
ရန်ကုန်တိုင်း ဒေသ ကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဧရာဝတီ

No comments:

Post a Comment