Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၉)။
- သုသော်ဒီ တွေ့မေးရေးသည်။
ဖြူဖြူကျော်သိန်းရဲ့ Love of Musicals အမည်ရ တစ်ကိုယ်တော်ရှိုးပွဲကို လာမယ့်နိုဝင်ဘာ ၁ရက်မှာ ကျင်းပ သွားမယ်လို့ သိရပါတယ်။
တေးသံရှင်ဖြူဖြူကျော်သိန်းရ
ဘယ်လိုဆန်းသစ် မှုတွေနဲ့ တင်ဆက်သွားမလဲဆိုတာနဲ့ အတူ Love of Musicals ရဲ့သတ်မှတ်မှုတွေအကြောင်းကို
Love of Musicals ထဲမှာ ဘာတွေပါဝင်မလဲ။ နာမည်ပေးဖြစ် တာကရော အဓိပ္ပာယ်တစ်ခုခု ရှိနေမလား။
Musicals ဆိုတာက ဂီတပြဇာတ်သီချင်းလေး တွေပေါ့။ အဲဒီသီချင်းလေးတွေကို အစ်မကြိုက်တယ်။ ဆို လေ့လည်းရှိတယ် ဆိုတော့ Producer ကလည်း မြန်မာပရိ သတ်တွေကြား ထဲမှာMusicals သီချင်း တွေကို ပရိသတ်ရှေ့မှာ မိတ် ဆက်ပေးချင်တယ်။ ဒီပွဲကို Yoshio Entertainment က လုပ်မှာ။
လက်မှတ်ဈေးက ဘယ်လိုရှိလဲ။ လူဦးရေ ၃ဝဝစာပဲ လက်မှတ်ရောင်း တယ်ဆိုတာကရော။
ဟုတ်တယ်။ လက်မှတ်က သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်းပေါ့။ လက်မှတ်ရောင်းမှာတော့ လူ ၃ဝဝ စာပဲပေါ့။ ခုံတန်းက ၁၂တန်းပဲရှိတာ ဆိုတော့ နီးနီးကပ်ကပ်ပဲနေရတာပေါ့။ လက်မှတ် ၃ဝဝပဲ စီစဉ်ဖြစ်တာက စီစဉ်သူက တသီးတသန့်နဲ့ ရှိုးတစ်ခုပဲ လုပ်ချင်တယ်ဆိုတာနဲ့ လုပ်ဖြစ်သွား တာ။ အစ်မကတော့ အနုပညာပိုင်းပဲတာဝန်ယူပါတယ်
သီချင်းတွေကရော ဘယ်နှပုဒ်လောက် ဆိုဖြစ်မလဲ။
Musicals သီချင်းတွေက သုံးပုံတစ်ပုံ လောက်ပါမယ်။ အစ်မရဲ့ပေါက်ထားတဲ့ သီချင်း တွေထဲက ပါလေ့ပါထရှိတဲ့ သီချင်းတွေလည်း ပါမယ်။ မိန်းကလေးတစ်ယောက် အသည်းကွဲ နေတယ် သီချင်းခွေထဲက သီချင်းတွေရော ပြီး တော့ အသစ်ထွက်တော့မယ့် သီချင်းခွေထဲက သီချင်းတွေလည်း ပါလိမ့်မယ်။ ပွဲခေါင်းစဉ်နဲ့ လိုက်ဖက်မယ့် သီချင်းတွေကို ပုံစံတစ်မျိုးပြောင်း ပြီးဆိုရမယ်။ အားလုံးကို ဝင်ကြေးနဲ့တန်အောင် ပြင်ဆင်ထားတယ်။ အပိုင်းသုံးပိုင်းနဲ့ ဝတ်စုံသုံးစုံ လဲပါ့မယ်။
ပွဲမှာရော ဝင်ကြေးနဲ့တန်အောင် ပရိသတ်တွေ အတွက် ဘယ်လိုအစီအစဉ်တွေ ပါဦးမလဲ။
ပွဲမစခင်မှာ Coutile Section ပါလိမ့် မယ်။ ပါတီသဘောမျိုးပေါ့။ ပွဲချိန် ၆နာရီကနေ ၇နာရီထိကတော့ စားစရာတွေနဲ့ သောက်စရာ တွေ ပေးလိမ့်မယ်။ ၈ နာရီအတိမှာ သီချင်းစဆို မယ်။ အားလုံးက အချိန်အတိအကျပဲ။ လူစုံမှစ မယ်ဆိုတာမျိုး မဟုတ်ဘူး။ အားလုံးကို အချိန်အတိ အကျနဲ့ပဲပေါ့။ နောက်ကျမှလာတဲ့သူကတော့ သူ့အတွက် ပျော်ရမယ့်အချိန် နည်းသွားမှာပေါ့။
တစ်ကိုယ်တော်ရှိုးပွဲ ငါးပွဲလုပ်ဖူးသမျှထဲမှာ ဒီပွဲ က မဖြူကို ဘယ်လောက်ထိစိတ်လှုပ်ရှားစေလဲ
ပြောရမယ်ဆိုရင် ဒီလိုပွဲမျိုး တစ်ခါမှ အစ်မ မလုပ်ဖူးတဲ့အတွက် အရမ်းစိတ်လှုပ်ရှား တယ်။ ဒီပွဲက တီဗွီရိုက်ကူးရေး တစ်ခုမှမပါဘူး။ အခွေလည်းထုတ်မှာမဟုတ်ဘူး။ အစ်မပရိသတ် ထောင်ချီရှေ့မှာလည်း ဆိုဖူးတယ်။ သောင်းချီရှေ့ မှာလည်း ဆိုဖူးတယ်။ အခု လူ ၃ဝဝဆိုပေမယ့် လူ ၃ဝဝဆိုတဲ့ စိတ်မျိုးမရှိဘူး။ စိတ်အရမ်းလှုပ် ရှားတယ်။ အစ်မ သေချာလေးပြင်ဆင်ထားတယ်။ ပွဲပုံစံပေါ်ကြည့်ပြီးတော့ Version လေးတွေကွာ တာပေါ့။ စိတ်လှုပ်ရှားစရာကောင်းတယ်။ တစ်ပွဲနဲ့ တစ်ပွဲတော့ မတူဘူးပေါ့။ ဒီပွဲမှာ အရင်က မဆို ဖူးတဲ့သီချင်းတွေကို မြည်းစမ်းပြီး ဆိုခွင့်ရတယ်။ ကိုယ့်ရဲ့အရည်အသွေးလည်း တက်တာပေါ့။ ပရိသတ်တွေကိုလည်း ထူးခြားတဲ့ပွဲတစ်ပွဲမို့လို
#TheFlowerNews
No comments:
Post a Comment