(၁)
အမလေး၊ခေါင်းစဉ်ကို ဖတ်ပြီး ကျုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိမှိတ်၊ ဇန်းတင်မဲ့သူ လို့ ကိုရင်၊ ထင်ရင်ဖြင့် အလွဲကြီး လွဲပါလိမ့်မဗျာ။ အေးလေ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘုန်းတော် ဘွဲ့တွေက ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဖတ်လို့ မကုန်အောင် ရှိနေပြီပဲ။ အော်၊ ဒေါ်အောင်ဆန်းစုကြည်လို့ နာမည်အပြည့်အစုံ ချရေးလိုက်တာကို၊ ကိုရင် အထွန့်တက် ချင်ပြန်ပြီထင်တယ်။
.
ကျုပ်က ဗုဒ္ဓဘာသာဝင် ဆို တော့ အသက်အားဖြင့်ကြီးရင့်သူ၊ဂုဏ
.
နာမည် ဆိုတာ တကယ်တော့ပညတ်ပါကိုရင်။ အမယ်၊ စကားမစပ်၊ နာမည်ဟာ၊ ပညတ်သာ ဆိုရတယ် တစ်ချို့ ပုဂ္ဂိုလ်တွေ အတွက်တော့ နာမည်မှာ ဘယ်လို တပ် ခေါ်ခေါ် တင့်တယ်နေတာ၊ တစ်ညီ တညွတ်တည်း ရိုသေ လေးစားသမှု ရှိနေတာလည်း သတိပြုစေချင်တယ်မောင်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုပါတော့ ထိန်လင်း ခေါ်ခေါ်၊ အောင်ဆန်းလို့ ရေးချင်ရေး၊ ဗိုလ်ချုပ်ဆိုတဲ့ နာမ်စား သုံးချင်သုံး ၊သူ့ ဂုဏ်ဒြပ်နဲ့ ကောင်းသတင်း ပရမတ် ကတော့ မှေးမှိန် မသွားတတ် ဘူးမောင်ရဲ့။
.
တခုတော့ စကားပလ္လင်ခံထားပါရစေမောင်၊ ကိုရင်နဲ့ ကျုပ်အကြားမှာ အယူအဆ ကွဲလွဲချက် တချို့ရှိကောင်းရှိနိုင်တာမ
.
(၂)
တကယ်တော့ဖေ့စ်ဘွတ်ဆိုရှယ်မီ
.
ဒီတော့ ဖေ့စ်ဘွတ်မှာကျုပ်အရင်ဆုံးလ
.
အဲဒီ အထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမေ၊မေမေ၊မိခင်၊မေစု၊ အန်တီစု ဆိုတဲ့ ချစ်စနိုးလေသံတွေနဲ့ ဂုဏ်တင်ချီးမြှောက်ပြီး ရိုသေလေးစားသမှု လှိုင်လှိုင်ကြီးပြုကြတာ ကိုလည်း ကျုပ်သတိထားမိပါရဲ့။ အင်း၊ လူပုဂ္ဂိုလ်တစ်ဦးကို အခြားသူတွေက ချစ်ခင် ချီးမြှောက် နေကြတာဟာ တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုတဲ့ သဘောမို့ ကျုပ်စိတ်ထဲမှာတော့ မင်္ဂလာ တစ်ပါးလို့သာမြင်ပါတယ်။ ကျုပ်ကိုယ်တိုင်အနေ နဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သဲသဲလှုပ်ကောင်းချီးပေး၊ စတေးတပ်တွေရေးတင်တဲ့သူ စာရင်းမှာတော့ မပါခဲ့ ပါဘူး။
.
တချို့ သောသူ တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမြတ်နိုးကြပုံ မရဘူး ဆိုတာ သူတို့ရေးတင်တဲ့စာသားတွေက ဖော်ပြနေကြ လေရဲ့။ ဒါလည်းပြဿနာ မဟုတ်ပြန်ဘူး ကိုရင် ။လောကမှာ ကဲ့ရဲ့ပြစ်တင်ခံရခြင်း ကင်းတဲ့သူ ဆိုတာ ဟိုးအရင်ကလည်း မရှိခဲ့။ အခုလည်း မရှိ၊ နောင် လည်းရှိမှာ မဟုတ်ဘူးလို့ “ဓမ္မပဒ”ကဆိုတယ်မဟုတ်လား။ကျု
.
ဟုတ်ပါ့ဗျာ။ ကိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆဲတဲ့အထဲမှာ တစ်ဂဏန်း ကနေ စာရင်းဝင်နေလေရဲ့။ ဒိထက် ထူးဆန်းတာကတော့ ကျုပ်မိတ်ဆွေ တစ်ယောက်ရဲ့ မှတ်ချက် အရ ဒေါ်အောင်ဆန်းစုကြည်ကိုဆဲနေတ
ကျုပ်တို့ ဗမာပြည်ကြီး မွဲတေပြာကျနေချိန်၊ ဗမာပြည် တိုးတက်ရာ တိုးတက်ကြောင်း ဝိုင်းဝန်းကြံ ဆကြရမဲ့ အချိန်မှာ အစိုးရ အတိုက်အခံ ပါတီခေါင်းဆောင် ဗမာအမျိုးသမီးကြီး တစ်ယောက်ကို ပုဂ္ဂိုလ်ရေး မုန်းတီးမှု သက်သက်ကြောင့်၊ ဗမာစာဗမာစကားနဲ့ ပယ်ပယ်နယ်နယ် ဆဲဆိုနေကြ တာ ကိုဖြင့် ကျုပ် နားမလည်နိုင်တာ အမှန်ပဲ ကိုရင်။
.
အဆန်းတကာ့အဆန်းဆုံးကတော့ ကျုပ်ဟာ ချပ်ဘောက်ကနေ ကိုရင်ဟာ ဘယ်လိုလူမျိုး ပါလိမ့် ဆိုတာသိချင်စိတ်နဲ့ “မင်္ဂလာပါ” လို့လည်း နှုတ်ဆက် လိုက်ရော၊ ကိုရင်က ချက်ချင်းဆိုသလို “အန်ကယ် ကျနော့်ကို ဘလော့လိုက်ပါ၊ ကျနော်ဟာ လူကောင်း မဟုတ်ပါဘူး” ဆိုပဲ။ ဘယ့်နှယ် မကောင်းတာကို မကောင်း မှုမှန်းသိနေတဲ့လူငယ်တစ်ယော
.
(၃)
ကျုပ်တို့ အမျိုးသားခေါင်းဆောင်ကြီးမှ
.
သူဟောတဲ့ တရားက အရှည်ကြီးမဟုတ်သလို ထူးထူးခြားခြားရယ်လို့လည်း ကျုပ် စိတ်ထဲ မထင်မိ ပါဘူး။သူပြောတာ၊ကျုပ်နားလည်
.
နိုင်ငံရေးဆိုတာ တိမ်တွေပေါ်က အရုပ်တွေလို အပြောင်းအလဲမြန်တယ်၊ နားလည်ရခက်တယ် ဆိုတာ ကျုပ်ကြားဖူးပေမဲ့၊ ကျုပ် စိတ်ထဲ ထူးဆန်းနေတဲ့အချက်က အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ ဟာ အပတ် တကုပ်ကြိုးစားပမ်းစား၊ မအိပ်မနေ တိုင်းပြည် ကို ထူထောင်နေကြရင်း ထားစရာ မရှိအောင်၊ ကျိကျိတက်တက် ကြီးပွားကုန်ကြတဲ့ အချက်ပဲ ကိုရင်။
.
အဲဒီခေတ် အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချပွဲတွေကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြားတွေကနေ တခမ်းတနားလွှင့်ခဲ့ဖူး တာလည်း ကျုပ် မှတ်မိနေသေးတယ်။ ရှုတ်ချပွဲ ဆိုတာ ထက်ဆဲပွဲဆိုတာက ပိုမှန်ပါလိမ့် မယ်မောင် ။ကြည့်လေ။ဒေါ်အောင်ဆန်းစုကြည
.
ဘာတဲ့။ “ကျနော်တော့ ရုပ်မြင်သံကြားမှာ အဲဒီ ဆဲပွဲတွေ လွှင့်တဲ့ အချိန်ဆိုရင် စက်ကို ထ ပိတ် ထားလိုက်တယ်ဗျ။ ဒေါ်စုကို ချစ်လို့ တော့ မဟုတ်ဘူး။ စကားလုံးတွေက မကြားဝံ့မနာသာ၊ ရုန့်ရင်း ကြမ်းတမ်းလွန်းလို့ ကျနော့် သားသမီးတွေ အတုယူ ခိုးမှားကုန်မှာ စိုးလို့၊ ဘယ်နှယ့်ဗျာ၊ လူငယ်တွေကို ယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ပေးကြရမဲ့ ထိပ်တန်းပညာတတ် ပါမောက္ခတွေ၊ ကထိကကြီးတွေ ကိုယ်တိုင် စင်ပေါ်တက်ပြီး ဒေါ်စုကို ပျစ်ပျစ်နှစ်နှစ် ဆဲနေ လိုက်ကြတာများ ကျနော်ဖြင့် အံ့သြလို့မဆုံးဘူး” တဲ့ မောင်ရဲ့။ အဆဲကြမ်းတဲ့ အဖြစ်များ ကိုယ့်လူတောင် သူ့ ဘက်သားဖြစ်ရတဲ့အထိ။
.
(၄)
အံ့သြစရာတွေ ကတော့ ပြောမကုန်နိုင်ပါဘူးမောင်ရယ
.
ဗမာတပြည်လုံး တက်တက်စင်၊ပြောင်သလင်းခါအော
.
ဒီနေရာမှာ ကျုပ်လေးလေးနက်နက် စဉ်းစားနေမိတာက မကောင်းမှုကို သိနေ တဲ့ ကိုရင့်လို လူငယ်တစ်ယောက်ဟာ ခေတ်ဟောင်းက စစ်ခေါင်းဆောင်ဟောင်းတွေနဲ့
.
တစ်ခါတုန်းက အမှန်တရား ရှာဖွေသူတစ်ဦးဟာ အယူလွဲနေတဲ့ နာမည်ကြီး ဆရာတစ်ဦး ထံမှာ တပည့်ခံမိနေသတဲ့။ ဒါပေမဲ့သူဟာ အမှန်တရား ကို ဟောပြောသွန်သင်နိုင်မဲ့သူကု
.
အမယ်၊ ကိုရင်က ဘယ်ဆိုးလို့တုန်း၊ ဒီပုံပြင်ဟာ ရှင်သာရိပုတ္တရာရဲ့ ဘဝ ဇာတ်လမ်း ဆိုတာတောင် သိနေပါကလား။ ဟုတ်ပါတယ် ကိုရင်ရယ်။ ကိုရင့် ဆရာသမား စစ်ဗိုလ်ချုပ်တွေ ဟာ နိပါတ်တော်ထဲက သိဉ္စည်းဆရာကြီး လောက်တောင် စိတ်ထား မဖြူစင်ပါကလား။
.
စာသံပေသံလေးနဲ့ ဆွေးနွေးရရင် လောကကြီးမှာ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကို ဖြူအောင်ထား ဆိုတာ ဘုရားရှင်အဆက်ဆက်၊ အတိုချုပ် ဆိုဆုံးမချက် ပါပဲ။
.
ကိုရင်က ဒေါ်အောင်ဆန်းစုကြည်ကိုမထောက
.
(၅)
ပုထုဇနော ဥမ္မတကော ဆိုတဲ့ ဗုဒ္ဓတရားတော်အတိုင်း လူတွေဟာ အားလုံး အရူးပဲတဲ့ ကိုရင်ရေ။
.
ဗိုလ်ချုပ်အောင်ဆန်းကိုကြည်
.
ဒါဆိုရင်လည်း ပိုပြီးသေချာတဲ့ အဖြေထွက်သွားအောင် နိုင်ငံ့ခေါင်းဆောင်တွေ ရဲ့ ဥစ္စာ ဓနကြွယ်ဝမှု အတိအကျကို စာရင်းကောက်မယ်လို့ ကိုရင် လေသံပစ် ကြည့်ပါလား။ တိုင်းပြည်ကို ချစ်လှပါချည့်ရဲ့ ဆိုတဲ့ လူကြီးလူကောင်း အမည်ခံတွေ စကားမေး မရတော့ပဲ၊ ပါးစပ်ပိတ် ကုန်ကြပါလိမ့်မယ်ဗျာ။ ကိုရင့်ကို နားရင်း ထမရိုက်ကြရင်တောင် ကံကောင်း။
.
(၂၀၁၅) မှာဗမာပြည်ရဲ့ရွေးကောက်ပွဲ ရှိသတဲ့ မောင်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် ဖို့တော့ ကျုပ် ဆုမတောင်းပါဘူး။ အာဏာရူးတွေ၊ စားဖားတွေ ဖက်ကနေ ကိုရင့်လို ဘုမသိ၊ ဘမသိ ရပ်တည်ကြမဲ့ လူမိုက်တွေ မများပါစေနဲ့ လို့သာ ကျုပ် ဆုတောင်းလိုက်ပါတယ်။ အခုလို ချိုချိုသာသာ စကားတွေပြောနေလို့ ကျုပ်ကိုလည်း လူသူတော်ကောင်းကြီးလို့ မမှတ်လိုက် နဲ့ဦးနော်။ ဘက်တူရင် လူမရွေးပဲ၊ ထစ်ကနဲရှိ လက်ပါချင်တဲ့ ငယ်စိတ်နဲ့ဆို ကိုရင်တို့လို လူမျိုးနဲ့ နောင်ဂျိန်ပလေးတာ ကြာလှပေါ့။
.
သို့ပေမဲ့ ခံစားချက်ဆိုတာ အမှန်တရားနဲ့ ဝေးတတ်တယ်မောင်။
.
အသက်အရွယ် အတွေ့အကြုံတွေ ကြီးရင့်လာသလို ဆင်ခြင်တွေးခေါ်မှုတွေ လည်း တည်ငြိမ် ရင့်ကျက်သင့်တာပေါ့။ ခေတ်တွေ စနစ်တွေကပြောင်းနေပြီ မဟုတ်လား။ ကျုပ်ကိုယ်တိုင် လည်း ပြင်သင့်တာ ပြင်ရပေမပေါ့။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုပ်ရပ်နဲ့ ကိုယ်ကျင့်တရား အပေါ် ကျုပ်မကြိုက် မနှစ်သက်တဲ့ အချိန်ကာလတွေ ရှိလာနိုင်ပါတယ်။ သူ့ကိုယ်ကျိုး အတွက် အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး တိုင်းပြည်ကိုရောင်းစားဖို့
.
ကဲ၊ ဒီမှာတင် စကားရပ် ကြစို့ရဲ့။
.
ကျုပ်ကတော့ ဗမာပီပီ ဆုတောင်းပေး လိုက်ချင်ပါရဲ့။ မောင်ကြီးသား “အာဂ ယောက်ျား တကဲ့လူ” ဘုန်းကြီးပါစေ သက်ရှည်ပါစေ၊ အနာမျိုး ၉၆ပါး ကင်းပါစေ။ သူယုတ်မာတွေနဲ့ လွဲလို့ သူတော်ကောင်း နဲ့ ပေါင်းဖက်နိုင်ပါစေ ။ အမှား အမှန်ဝေဖန်သိလို့ ဥာဏ်ရှိသလောက် ကြံတိုင်း မြောက်လို့ နိဗ္ဗာန်ပေါက်အောင် ခရီးဆက်နိုင်ပါစေဗျား ။
.
မင်းဒင်
.
https://www.facebook.com/
.
Credit : The Ladies News Journal
No comments:
Post a Comment