Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 14, 2014

ဖုန်းလာတိုင်း ပိုက်ဆံရမယ့် CASH 4 CALL


VMG ကုမ္မဏီမှ တင်ဆက်သော မြန်မာပြည်တွင် ပထမဆုံး Project ဖြစ်တဲ့ CASH 4 CALL စာနယ်ဇင်းရှင်းလင်းပွဲကို စက်တင်ဘာ၊ ၁၁ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ် သွားခဲ့ပါတယ်။ အဆိုပါအခမ်းအနားတွင် Project ပြုလုပ်ရသည့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ စမိုင်းလ်မှ အခုလိုပြောကြားခဲ့တာကတော့ “ကျွန်မတို့ VMG ကနေ ဒုတိယProject ဖြစ်တဲ့ Cash4Call ဆိုတဲ့ အကြောင်းအရာလေးပါ။ အဓိပ္ပယ်ကို ရှင်းပြရမယ် ဆိုရင်တော့ ဖုန်းလာတိုင်း ပိုက်ဆံရမယ်။ ဘာဖြစ်လို့ ဖုန်းလာတိုင်း ပိုက်ဆံရမလဲဆိုရင် ဖုန်းလာတဲ့ အခါမှာ ကိုယ့်ရဲ့ တယ်လီဖုန်းထဲမှာ ကြော်ငြာလေးတွေ ပေါ်လာမယ်။ ကြော်ငြာကို ဆယ်စက္ကန့်ကနေ စက္ကန့် သုံးဆယ် အတွင်း ကြည့်ပေးရမှာပေါ့နော်။ အဲဒီလို ကြည့်ပေးခြင်းအားဖြင့် User တွေက ကြော်ငြာကြည့်ခ အနေနဲ့ ပိုက်ဆံရမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ကလည်း ကိုယ့်ရဲ့ လုပ်ငန်းကို၊ ကိုယ့်ရဲ့ကြော်ငြာကို တီဗီမှာကြော်ငြာလိုက်ရင် ကိုယ့်ရဲ့ကြော်ငြာကို လူဘယ်နှစ်ယောက်ကြည့်လဲမသိဘူး။ ဘယ်လိုလူမျိုးတွေကြည့်လဲမသိရဘူး။ ကျွန်မတို့ရဲ့project လေးကတော့ ကိုယ်ကြော်ငြာတဲ့ ကြော်ငြာလေးကိုကြည့်ပြီးမှကို ပိုက်ဆံရမှာဖြစ်တဲ့အတွက် ကိုယ့်ကြော်ငြာလေးကိုလည်း ကြည့်ပြီးသားလည်း ဖြစ်တယ်။ ဒီကြော်ငြာလေးကိုလည်း မကြည့်ရဘူးဆိုတာ မရှိတဲ့အတွက် လုပ်ငန်းရှင်တွေဘက်ကလည်း အဆင်ပြေတယ်။ User တွေဘက်ကလည်း ကိုယ်ဖုန်းလာတိုင်း ကြော်ငြာလေးကိုကြည့်ပေးပြီးတော့ ဖုန်းပြောလိုက်မယ်ဆိုရင် ပိုက်ဆံရတဲ့အတွက်User တွေအတွက်လည်း အဆင်ပြေတယ်။ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့project လေးတစ်ခုဖြစ်ပါတယ်”လို့ သူမက အရင်ဆုံးရှင်းပြသွားပါတယ်။
 ဒါ့အပြင် သူမက ဆက်ပြီး “ကျွန်မတို့ VMG ကုမ္မဏီဟာ group of company အနေနဲ့ ဖွဲ့ထားတာပါ။ ဒီVMG ကနေပြီးတော့ နောက်ထပ် လုပ်ငန်းတွေ အများကြီးပဲ ထပ်ချဲ့ဖို့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး project ဖြစ်ပါတယ်။ Cash4Call appilication ရှိသူမည်သူမဆို ဖုန်းဝင်သည့်အခါတိုင်း မိမိရဲ့ဖုန်းringtone  အသံအစားကြော်ငြာတစ်ခုကို ဆယ်စက္ကန့်မှ စက္ကန့်သုံးဆယ်အတွင်း ကြည့်ပြီး မှဖုန်းကိုင်မယ်ဆိုရင် ဖုန်းကိုင်ဆောင်သူမှ ကြော်ငြာကြည့်ခအနေနဲ့ ငါးကျပ်ရရှိမှာ ဖြစ်ပါတယ်။ ဖုန်းခေါ်ဆို နှုန်းအကြိမ်အရေအတွက် ပေါ်မူတည်ပြီး ကန့်သတ်ထားခြင်းမရှိတဲ့ အတွက်ကြောင့် မိမိရဲ့ဖုန်းမှာ ဖုန်းတစ်ခါ၊တစ်ခါခေါ်လိုက်တိုင်း ပိုက်ဆံ ငါးကျပ်ရရှိမှာ ဖြစ်ပါတယ်”တဲ့။
သုံစွဲသူတွေအနေနဲ့ ဘာတွေ အားသာချက်တွေ ရှိမလဲဆိုတာကိုလည်း “ Cash4Call appilication ကိုfree download လုပ်ပေးထား ရှိပါတယ်။ အမြို့မြို့အနယ်နယ်ရှိ ဖုန်းဆိုင်တွေမှာ အခမဲ့ ရရှိနိုင်ပါတယ်။ Cash4Call appilication ကို register လုပ်မယ်ဆိုရင် မိမိရဲ့ဖေ့စ်ဘွတ်ခ်နဲ့ တိုက်ရိုက် ချိတ်ဆက်ထားပါတယ်။ software သုံးစွဲသူတွေရဲ့ နေထိုင်ရာနယ်မြေ၊ ကျောင်း၊ အသက်အရွယ်တို့ကို ကွဲပြားစွာ သိရှိနိုင်မှာဖြစ်ပါတယ်။ တီဗီကြော်ငြာတွေထက် ဈေးနှုန်းသက်သာပါတယ်။ လူတိုင်း ဖုန်းကိုင်နိုင်နေတဲ့ အနေအထားတစ်ခုမှာ ထုတ်ကုန်တစ်ခုကို လွတ်လပ်စွာ ကြော်ငြာနိုင်ပါတယ်။ ကြည့်ရှုသူဘက်ကလည်း ဖုန်းကိုင်လိုက်တိုင်း ပိုက်ဆံရရှိမှာဖြစ်တဲ့ အတွက်ကြောင့် ကြော်ငြာတွေကို စိတ်ဝင်စားမှု မြင့်တက်လာမှာ ဖြစ်ပါတယ်။ ဖုန်းringtone အစား မိမိရဲ့ကြော်ငြာ အသံအစားထိုး ဝင်ရောက်လာတဲ့ အတွက်ကြောင့် ဖုန်းကိုင်ဆောင်သူတွေရဲ့နေရာပတ်ဝန်းကျင်မှ ကြော်ငြာရဲ့ ဆွဲဆောင်မှုအားအလိုက် လူအများအပြားရဲ့ဆွဲဆောင်မှု ရရှိလာမှာဖြစ်ပါတယ်။ မိမိရဲ့ကြော်ငြာကို customerတွေ ဘယ်လောက်ကြည့်ထားတယ်ဆိုတာကို မိမိရဲ့ကြော်ငြာဘယ်လောက်ထိထိရောက်မှု ရှိလဲဆိုတာကို လုပ်ငန်းရှင်တွေဘက်ကလည်း website မှာ အချိန်မရွေးကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။ လုပ်ငန်းရှင်တိုင်းကိုလည်း website ထဲကို ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် User name နဲ့ password တစ်ခုစီကိုလုံခြုံစွာထားရှိပေးထား တာတို့ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ခု စတင်နေပြီဖြစ်ပါတယ်။”လို့ သူမက ရှင်းပြသွားပါတယ်။
Trend Myanmar

No comments:

Post a Comment