Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 9, 2014

ထူးအိမ်သင်ပွဲအပြီး ဂျီလတ်ရဲ့ပြောစကား


တေးသံရှင်ကြီး ထူးအိမ်သင်ရဲ့ ၁ဝနှစ်ပြည့် အမှတ်တရပွဲကတော့ ဝေဖန်သံတွေကြားကပဲအောင်အောင်မြင်မြင်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ပွဲမှာ ပါဝင်တင်ဆက်ခဲ့သူ တစ်ဦးဖြစ် တဲ့ ဂျီလတ်နဲ့တွေ့ဆုံခိုက်ထူးအိမ် သင်အမှတ်တရပွဲပြီး ပြောစကားကို မေးကြည့်တော့ “ပွဲကတော့ အောင် အောင်မြင်မြင်နဲ့ပြီးသွားပါတယ်။ တချို့တွေက ပွဲသာပြီးသွားပေ မယ့် အခုထိ ပွဲရဲ့ရည်ရွယ်ချက်ကို မသိ ကြတာရှိတယ်။ အဓိကပြောချင်တာ က ကိုငှက်ဆုံးသွားတာ ၁ဝနှစ်ရှိပြီ။ သူ့သီချင်းတွေကိုဒီကြားတည်းမှာ လည်းအသုံးမပြုဘဲ မိသားစုက ထိန်း သိမ်းခဲ့တယ်။အခုပွဲမှာ အမှတ်တရ ပြန်ဆိုတဲ့အခါကောင်းတာလည်း ရှိ မယ်၊မကောင်းတာလည်းရှိမယ်။ ဒါ ပေမဲ့ဒီပွဲဟာသူ့ဆယ်နှစ်ပြည့် အမှတ် တရ လုပ်တာဖြစ်တယ်။ သူ့သီချင်း တွေကို နောက်မျိုးဆက်ကို ထပ်သယ် ဆောင်တယ်။ပွင့်ပွင့်လင်းလင်း ပြော ရရင်ခုဆယ်ကျော်သက်တွေဟာ ကိုငှက်သီချင်းတွေမသိတာများ တယ်။ သိတဲ့သူတော့ရှိပေမယ့်နည်းတယ်။ သိ ရင်လည်း တအားနာမည်ကြီးခဲ့တာ မျိုးတွေပဲသိနိုင်မယ်။ဝင်ရိုးစွန်းမီးထဲ ကလို သီချင်းမျိုးတွေဆို မသိနိုင်ဘူး။ ပြီး တော့ဒါက သူ့အမှတ်တရဖြစ်သလို မိသားစုအတွက်လည်း ဖြစ်တယ်။ ကျွန်တော်တို့ဘာကြောင့် ပါဝင်ရသ လဲဆိုတာ ပြောချင်တယ်။ ကျွန် တော်တို့အပေါ်မှာ ကိုငှက်ကျေးဇူး တွေရှိ ခဲ့တယ်။ ကျွန်တော့်အနေနဲ့က သူနဲ့ထိတွေ့ရတဲ့နောက်ဆုံးမျိုးဆက် လို့ ထင်ပါတယ်။ ဒီပွဲမှာ သူ့သီချင်း တွေကို ကြိုက်တဲ့ပရိသတ်တွေ အနေနဲ့ သူ့လောက်တော့ နားတွေ့ မှာ မဟုတ်ဘူး။Live ဆိုရတာလည်း ဖြစ်တဲ့အတွက်ပေါ့။ ကျွန်တော်တို့က ဘာလို့ဆိုကြတာလဲဆိုတော့ မိသားစုကိုကူညီရမယ်။ ဒီပွဲပြီးသွားတဲ့ အခါမှာ ကျွန်တော့်တို့ကို အနုပညာ ကြေးပေးကြတယ်။ ဒါကို ကျွန်တော် တို့လက်မခံကြဘူး။ ဒါက ကူညီရ မယ့် ကိစ္စ။ ကိုယ့်အသိုင်းအဝိုင်းကိုပဲ ကိုယ့်လူတွေက ကူညီကြတာမဟုတ် လား။ ကိုငှက်အတွက်တခြားသူတွေ လွမ်းကြဆွေးကြမယ်။တမ်းတကြ မယ်။ကူညီရမှာတော့ ကျွန်တော်တို့ မှာ တာဝန်ရှိတယ်။ကျွန်တော်တို့ လည်း သူ့အိမ်မှန်မှန်ရောက် တာတော့ မ ဟုတ်ပါဘူး။ ဒါပေမဲ့ လိုအပ်တဲ့အ ချိန် မှာလိုအပ်သလိုမိသားစုကိုကူညီ ပေးဖို့လိုတယ်။ဒီသဘောလေးရှိ တယ်။ ဒါလေးကိုတော့နားလည်ပေးဖို့လို ပါတယ်”လို့ ဂျီလတ်က ပြောပါတယ်။

ဂျီလတ်အနေနဲ့ ထူးအိမ်သင် ပွဲနေ့မှာ သူဆိုနိုင်တဲ့အားထက် တွန့် ဆုတ်နေတဲ့အနေအထားရှိတယ်လို့ လည်းမြင်မိပါတယ်။အဲ့ဒီအပေါ် လည်း ဂျီလတ်ကို ဆက်မေး ကြည့် တော့ “မှန်ပါတယ်။ စာသားတွေ ရပြီး သားဆိုပေမယ့် သူ့လိုစာသားမျိုးတွေ ကအခုခေတ်မှာ ရေးလေ့ရေးထ လည်းမရှိတော့ ပြန်ကျက်ရတာ နည်း နည်းတော့ ခက်ပါတယ်။ ကိုငှက်သီ ချင်းဖြစ်တဲ့အတွက် ဖိစီးမှုလည်းပါ တယ်။ ပြီးတော့ အဲဒီနေ့က ကျွန် တော်ကွင်းထဲကို ရောက်နေတာ ၃ နာရီကျော်ကတည်းက ရောက်နေ တယ်။
တကယ်တမ်းဆိုတဲ့အခါ ၁ဝ နာရီခွဲမှ ဆိုဖြစ်တယ်။ ၇နာရီလုံးလုံး သက်သောင့်သက်သာနဲ့မနေခဲ့ရဘူး။ ကိုယ်ဆိုရမယ့် အချိန်မှာ အားကကျ နေပြီ” လို့ဂျီလတ်ကဆက်ပြော ပါတယ်။

“ကျွန်တော့်အနေနဲ့ ကိုယ် လုပ်ဆောင်ရတဲ့အလုပ်အပေါ်မှာ အားရမှုရှိပါတယ်။ ကိုယ်လေး စားရတဲ့ ကိုယ့်အပေါ် ကျေးဇူးရှိသူ အတွက် ခုလို ပါဝင်ခဲ့ရတာ အင် မတန် အားရကျေနပ်မှုရှိပါတယ်။ ကျွန်တော်ဆိုတာ မကောင်းဘူးဘာ ညာပြောခံနိုင်ပါတယ်။ကျွန်တော် လုပ်တာက ငါဘယ်လောက်ဆိုနိုင်ပါ တယ်ဆိုပြီး အသံကောင်းတက်ဟစ် တာမဟုတ်ဘူး။ ကိုငှက်ကျေးဇူးရှိခဲ့ တဲ့အတွက် မိသားစုကို တတ်နိုင်တဲ့ နေရာက ကူညီတဲ့သဘောပါ။ ဒါ ဟာ အင်မတန်မင်္ဂလာရှိတဲ့ကိစ္စပါ” လို့လည်း ဂျီလတ်က ဆက် လက်ပြီးပြောပြခဲ့ပါတယ်။

ရဲရဲ
Popular Journal

No comments:

Post a Comment