Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 14, 2014

အမြဲတမ်းကံခေပေမယ့် အားပေးတဲ့ ပရိသတ်အတွက် အကယ်ဒမီလိုချင်တဲ့ ခိုင်သင်းကြည်

ရုပ်ရှင်ထူးချွန်ဆုနှင့် ပတ်သက်၍ ကံမကောင်းသော် လည်း အားပေးနေသည့် ပရိသတ်များအတွက် ထူးချွန်ဆု လိုချင်ကြောင်း ခိုင်သင်းကြည်ကပြောသည်။

‘‘အနုပညာနဲ့ ပတ်သက်ရင် ကျန်တဲ့နေရာတွေမှာ ကံကောင်းပေမယ့် အကယ်ဒမီမှာ ညံ့တတ်တော့ အများကြီးမျှော်လင့်မထား ဘူး။ ဒါပေမဲ့ အကယ်ဒမီဆိုတာ မလိုချင်တဲ့သူတော့ မရှိပါဘူး။ အစ်မအတွက်ထက် အစ်မကို အားပေးနေတဲ့ ပရိသတ်တွေ အတွက်ပိုပြီးလိုချင်တယ်’’ဟု ခိုင်သင်းကြည်ကပြောသည်။

ထို့အပြင် ၎င်း၏နောက်မှတက်လာသော သရုပ်ဆောင် များပင်ထူးချွန်ဆုများရရှိထားကာ ၎င်း၏ ပရိသတ်များအနေဖြင့် အဆိုပါသရုပ်ဆောင်များ၏ ပရိ သတ်များနှင့် နှိုင်းယှဉ်လျှင် မျက် နှာငယ်စရာဖြစ်နေသောကြောင့် ပရိသတ်များအတွက် စိတ်မ ကောင်းကြောင်း ၎င်းကဆိုသည်။

‘‘စုန်းပြူးရုပ်ရှင်မှာက ရိုးရိုး အေးအေးကာရိုက်တာပါပဲ။မြန်မာအမျိုးသမီးတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ပြထား တာလေးတော့ရှိတယ်။ ကျန်တဲ့ အိုက်တင်တွေလည်း လုပ်တော့ လုပ်ရပါတယ်။ ဒါပေမဲ့ ဘယ်သူမဆိုလုပ်တတ်မှာပါ’’ဟု ၎င်း ပါဝင်သရုပ်ဆောင်ထားကာ ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုရွေးချယ်မည့် ဆန်ခါတင်စာရင်းတွင် ပါဝင်သည့် စုန်းပြူးရုပ်ရှင်နှင့်ပတ်သက်၍ ခိုင်သင်းကြည်ကပြောသည်။

ယင်းရုပ်ရှင်တွင်အတူပါဝင်သရုပ်ဆောင်ထားသည့် သိင်္ဂီ သည်လည်း ကြိုးစားထားသောကြောင့် ထူးချွန်ဆုပေးမည်ဆို လျှင်ပေးနိုင်သလို ၎င်း၏ သရုပ်ဆောင်မှုကောင်းပါကလည်း ဆု ရနိုင်သော်လည်း ထူးချွန်ဆုနှင့်ပတ်သက်၍ အများကြီးမျှော်လင့် မထားကြောင်း ၎င်းကဆိုသည်။



7Day

No comments:

Post a Comment