Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 9, 2014

ဘင်္ဂါလီကျေးရွာ၌ လူဦးရေစစ်ဆေးသူ လုံခြုံရေးတပ်ဖွဲ့များအား ရန်ပြုသူ သုံးရာခန့်အနက် တစ်ဦးမှ ဖမ်းမမိသေး


မောင် တောမြို့နယ် လောင်းဒုံကျေးရွာအုပ်စု ကျွန်းဂေါင်းဘင်္ဂါလီကျေးရွာ၌ တာဝန် ထမ်းဆောင်နေကြသော နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံခြား သားများ တရားမဝင် ဝင်ရောက်မှုတားဆီးကာကွယ်ရေးအဖွဲ့(မကဖ) ဝင်များအား သြဂုတ် ၂၉ရက်က ဝိုင်း ဝန်းရန်ပြုရာတွင် ပါဝင်သူ သုံးရာ ခန့်အနက် တစ်ဦးမှ ဖမ်းဆီးရမိမှု မရှိသေးကြောင်း နယ်ခြားစောင့်ရဲ တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကြိမ် ချောင်းနယ်ခြားစောင့်ရဲစခန်းမှ အမှု ဖွင့်လှစ်ထားပြီး ပြစ်မှုကျူးလွန်ရာ တွင် ပါဝင်သူများကို လာရောက်အပ် နှံရန် ကျေးရွာအုပ်စုတာဝန်ခံနှင့် သက် ဆိုင်ရာ ရပ်ရွာလူကြီးများအား ပြော ကြားထားကြောင်း သိရသည်။

''နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားနဲ့ဝင်ခုတ်တဲ့ ဘင်္ဂါလီ အမျိုးသမီးနဲ့ တခြားဘင်္ဂါလီနှစ်ဦးကို လာရောက်အပ်နှံဖို့ ပြောထားတယ် လို့ သိရပါတယ်။ ဒါပေမဲ့ ဒီနေ့ထိ တော့ လာအပ်တာ မကြားရသေးပါ ဘူး'' ဟု မောင်တောခရိုင် စီမံခန့်ခွဲ ရေးကော်မတီဝင်တစ်ဦးကပြော ကြားသည်။
မောင်တောနယ်စပ်တွင် တစ် ဖက်နိုင်ငံမှ ခိုးဝင်လာသည့် ဘင်္ဂါ လီကျေးရွာများ အသီးသီးရှိနေပြီး ခိုးဝင်လာသူများရှိမရှိကို နယ်စပ်လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် မကဖဝန်ထမ်း များက ရှောင်တခင်စစ်ဆေးခြင်းကို လွန်ခဲ့သည့်ဇွန်လမှ စတင်ဆောင် ရွက်နေသော်လည်း ဘင်္ဂါလီကျေးရွာ အများစုမှာ အစစ်ဆေးမခံဘဲ ပြန် လည်ရန်ပြုမှုများကိုသာ လုပ်နေကြ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ် မိုးပေါ်ထောင်ပစ်ကာ ထွက်ပြေးလာ ရမှု မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။

Democracytoday
YMG

No comments:

Post a Comment