Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 14, 2014

စတုတ္ထခွေအတွက် အင်္ဂလိပ်သီချင်းတွေချည်း လုပ်သွားမယ်လို့ ဖွင့်ဟလိုက်တဲ့ ချမ်းချမ်း


 အိမ်ထောင်ကျပြီးကာမှ ပိုလှလာသလို အတွေးအခေါ်ပိုင်းမှာဆိုရင်လည်း အပျိုဘ၀နဲ့ကွာခြားသွားကာ ရင့်ကျက်တည်ငြိမ်လာတဲ့ ချမ်းချမ်းနဲ့တွေ့ဆုံခိုက်မှာ သူမရဲ့ အိပ်မက်အခွေအကြောင်း၊ အိပ်မက်အခွေ ဗီစီဒီနဲ့ နောက်အခွေသစ်အကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ “အိပ်မက်အခွေကို ကြိုက်တဲ့ပရိသတ်ကလဲကြိုက်တယ်။ ပရိသတ်ကတော့ အစုံဆိုတော့ သိပ်မှန်းလို့မရဘူးပေါ့။ အစ်မကတော့ ဘယ်အခွေကိုပဲ ပရိသတ်တွေကြိုက်ကြိုက် ကျေနပ်ပါတယ်။ ပရိသတ်အားပေးမှုကတော့ ဘယ်အခွေမှာမဆို အရမ်းကြီးမျှော်လင့်ထားလို့လဲမရဘူးလေ။ အစ်မ ပထမအခွေတုန်းကလဲ အရမ်းမမျှော်လင့်တဲ့ အတွက်ကြောင့် ရလာဒ်ကောင်းခဲ့တယ်။ ဒီအခွေမှာလဲ အစ်မ အကောင်းဆုံးလုပ်ခဲ့တယ်။ အစ်မကစိတ်ပြတ်တယ်။ ကိုယ်ပြတ်ပြတ်သားသားလုပ်ပြီးတဲ့ အလုပ်တစ်ခုအပေါ်မှာ စိတ်ဒုန်းဒုန်းချတတ်တယ်။ နောက်လှည့်ပြန်မကြည့်တတ်ဘူး။ အိပ်မက် အမ်တီဗီကတော့ ၄ပုဒ်လောက်ပဲ ပြီးသေးတယ်။ နယ်သွား ဘာသွားနဲ့ ရာသီဥတုကြောင့်ရောဆိုတော့ မချိတ်မိတာနဲ့ ခဏထားထားတယ်။ စတုတ္ထအခွေကတော့ အစ်မ အင်္ဂလိပ် သီချင်းလေးတွေ လုပ်ဖို့စဉ်းစား ထားတယ်။” လို့ သူမက ဆိုပါတယ်။
ဘာ့ကြောင့် စတုတ္ထအခွေကို အင်္ဂလိပ်သီချင်းတွေ လုပ်ဖို့ စဉ်းစားဖြစ်သွားသလဲဆိုတာကိုတော့ သူမက “ဘာလို့လဲဆိုတော့ ကိုယ်တွေကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်တာကိုလဲ မဖြစ်စေချင်ဘူး။ ခု miss တွေကိုပဲကြည့်လေ။ အရမ်းအပြောခံရတယ်။ အစ်မကတော့ အဲ့လိုမဖြစ်စေချင်ဘူး။ လူတွေက ကဲ့ရဲ့ဖို့ကိုပဲထိုင်စောင့်နေကြတယ်။ ဘယ်လိုဖြစ်လဲဆိုတာ မစဉ်းစားဘူး။ သူလဲ အသက်ငယ်ငယ်လေးနဲ့ဒီဆုကို ရအောင်ယူခဲ့ရတာကို မမြင်ကြဘူး။ သူလဲ အခက်အခဲတွေကြားထဲကနေ ယှဉ်ပြိုင်ရတာ အဲ့ဒီတွက်သူ့ပေါ်မတရားလုပ်လာတဲ့ အပေါ်ကို အားလုံးက၀ိုင်းဝန်းကူညီဖြေရှင်းပေးရမဲ့အစားဝိုင်းဝန်း ပုတ်ခတ်တဲ့ စကားမျိုးထက်စာရင် မြန်မာတစ်ယောက် ဖြစ်တဲ့အတွက် မြန်မာစိတ်ဓာတ်လေးတော့ ရှိစေချင်တယ်”တဲ့။
Trend Myanmar

No comments:

Post a Comment