Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 6, 2014

အိမ်ရှင် ဖိလစ်ပိုင်ကို အချိန်ပို သွင်းဂိုးဖြင့် အနိုင်ရကာ ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဖလားကို မြန်မာဆွတ်ခူး


ချန်ပီယံဆုနှင့်အတူ အောင်ပွဲခံနေသည့် မြန်မာအသင်း။ ဓာတ်ပုံ - MFF facebook
ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဖလားကို ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအသင်းဟာ ဗိုလ်လုပွဲမှာ အိမ်ရှင်ဖိလစ်ပိုင်ကို အချိန်ပို သွင်းဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံ ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ အသင်းအနေနဲ့ ပွဲချိန် ၈ မိနစ် ကတည်းက ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ဖိလစ်ပိုင်ရဲ့ တစ်ဖန်ပြန်လည် ဦးဆောင်ခြင်းကို ခံခဲ့ရပြီး ပွဲချိန် ၉၁ မိနစ်မှာ ရတဲ့ ချေပဂိုးအပြင် အချိန်ပို အနိုင်ဂိုးနဲ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ချန်ပီယံဆုနှင့်အတူ အောင်ပွဲခံနေသည့် မြန်မာအသင်း။ ဓာတ်ပုံ - MFF facebook
ဒီပွဲစဉ်မှာ မြန်မာအသင်းမှာ ဂိုးသမားအဖြစ် သီဟစည်သူ၊ နောက်တန်းကစားသမားများအဖြစ် နေမျိုးအောင်၊ ၀င်းမင်းထွဋ်၊ ဇော်မင်းထွန်းနဲ့ ခင်မောင်လွင်၊ အလယ်တန်းကစားသမားများအဖြစ် ဒေး ဗစ်ထန်း၊ တင်ဝင်းအောင်၊ ရန်အောင်ကျော်နဲ့ နန္ဒလင်းကျော်ချစ်၊ ရှေ့တန်းကစားသမားများ အဖြစ် ကျော်ကိုကို နဲ့ ကျော်ဇေယျာဝင်းတို့ကို အသုံးပြုပြီး အိမ်ရှင်အသင်းကို ရင်ဆိုင်ကစားသွားခဲ့ပါတယ်။
အိမ်ရှင် ဖိလစ်ပိုင် အသင်းကလည်း သူတို့ရဲ့အဓိက ကစားသမားတွေနဲ့ မြန်မာအသင်းကို ယှဉ် ပြိုင်ကစားခဲ့ပြီး ပွဲစတာနဲ့ မြန်မာအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်(၁)မိနစ်အကြာမှာပဲ ဖိလစ်ပိုင်အသင်းရဲ့ အဓိက တိုက်စစ်မှုး ယန်းဟတ်စဘမ်းရဲ့ ခေါင်းတိုက်ချက်နဲ့ မြန်မာအသင်းဂိုး ပေါက်ကို ချိန်ခြောက်ခဲ့ပေမယ့် ဂိုးပေါက်နဲ့လွဲချော်ခဲ့ရတာကြောင့် မြန်မာအသင်းသက်သာခဲ့ရပါတယ်။ ပွဲချိန်(၅)မိနစ်မှာတော့ မြန်မာအသင်းရဲ့ ကွင်းလယ်ကစားသမား တင်ဝင်းအောင်က ဖိလစ်ပိုင်ဂိုးပေါက် ကိုအဝေးကန်ချက်နဲ့ ပြန်လည်ချိန်းခြောက်ခဲ့ပေမယ့် ကန်ချက်ပျော့ခဲ့တာကြောင့် ဖိလစ်ပိုင်ဂိုးသမား ကာကွယ်နိုင်ခဲ့ ပါတယ်။ ဒါ့အပြင် ကျော်ကိုကိုရဲ့ ပေးပို့မှုကို ဒေးဗစ်ထန်းရဲ့ အဆုံးသတ်မှုလွဲချော်ခဲ့တာ ကလည်း မြန်မာအသင်းအတွက် နစ်နာခဲ့ရပါတယ်။ ပွဲချိန်(၈)မိနစ် မှာတော့ မြန်မာသင်းအတွက်လိုအပ် နေတဲ့ ဦးဆောင်ဂိုးကို ရရှိခဲ့ပြီး ဒီဂိုးကို တိုက်စစ်မှုးကျော်ကိုကိုက ဘယ်တောင်ပံကနေ တိုက်ရိုက်ကန် သွင်းယူခဲ့တာပါ။ ပထမပိုင်း ပွဲပြီးဆုံးချိန်မှာတော့ မြန်မာအသင်းက (၁-၀)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ဖိလစ်ပိုင်အသင်းက တောက်လျှောက်ဖိအားပေး က စားခဲ့ပြီး ပွဲချိန်မိနစ်(၅၀)မှာတော့ ဖိလစ်ပိုင်တို့ ချေပဂိုး ရရှိခဲ့ပါ တယ်။ ဒီဂိုးကိုတော့ ထောင့်ကန်ဘောက ပြန်ထွက်လာတာကို နောက်ခံကစားသမား ဆာတိုက အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာပါ။ ချေပဂိုးရရှိ ပြီးနောက် မှာ တောက်လျှောက်တိုက်စစ်ဆင်ခဲ့တဲ့ အိမ်ရှင်ဖိလစ်ပိုင်အသင်းဟာ ပွဲချိန်မိနစ် (၇၀)မှာ ပင် နယ်တီ ရရှိခဲ့ပြီး ဒီအခွင့်အရေးကို တိုက်စစ်မှုး ယန်းဟတ်စဘမ်း က အမှားအယွင်းမရှိပဲ သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပဲ ထပ်ဆောင်းအချိန်ပိုအရောက်မှာတော့ ဒေးဗစ်ထန်းရဲ့ ပြစ်ဒဏ်ဘောကန်တင် ပေးပို့မှု ကို လူစားဝင် ကစားသမား မင်းမင်းသူက ခေါင်း တိုက်ပြီး ချေပဂိုး သွင်းယူခဲ့တာကြောင့် မြန်မာအသင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ဟာ အချိန်ပို ဆက်လက် ကစားခဲ့ရပါတယ်။
 
အချိန်ပိုစတင်ချန်မှာတော့ မြန်မာအသင်းက ဖိအားပေးကစားလာခဲ့ပြီး ဖိလစ်ပိုင်အသင်းဂိုးဧရိ ယာထဲမှာ အကြိမ်ကြိမ်ကန်သွင်းမှုပြုလုပ်ရာမှ လျှံထွက်လာ ခဲ့တဲ့ ဘောလုံးကို လူစားဝင်တိုက်စစ်မှုး စိုး မင်းဦးက အနီးကတ် ပိတ်သွင်းယူနိုင်ခဲ့တာကြောင့် မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရရှိပြီး ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Mizzima

No comments:

Post a Comment