CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, September 13, 2014
ဆရာကြီး ဦးလှရွှေ
ကျနော် အာအိုင်တီ ခေတ်မမီခဲ့ပါဘူး ။ ဒါပေမယ့် အင်ဂျင်နီယာ ကျောင်းသားတယောက်အနေနဲ့ ဆရာ့ဆရာကြီးတယောက် ကို ကူညီချင်လို့ အာအိုင်တီကျောင်းသားဟောင်း ကိုဝင်းနိုင်ဦး ဆီက ကူးလာခဲ့တာပါ ...
အကောင့်ထဲက ကျောင်းက သူငယ်ချင်းတွေနဲ့ စီနီယာ ဂျူ နီယာတွေ ကို နှိုးဆော်လိုပါတယ် ။
ဒါ ဒို့ဆရာကြီး ဦးလှရွှေပါ ။ မိန်းထဲမှာ A အဆောင်မှူး Textile AP ပါ ။
ခုဆရာကြီး ဆေးရုံပေါ်က မြင်ကွင်းကို တွေ့ရတော့ ကျနော့်မှာ မျက်ရည် မဆည်နိုင်ပါဘူး ။ RIT / YIT စက်မှုတက္ကသိုလ်က အငြိမ်းစား ပါမောက္ခအိုကြီး တစ်ယောက်ရဲ့ ပုံပါ ။ ကြည့်ပါဦးဗျာ ..။ တိုင်းပြည်ရဲ့ အတော်ဆုံး ထိပ်ထိပ်ကြဲ ပညာရှင်တွေကို ကျုပ်တို့ အစိုးရမင်းများ ပေးထားတဲ့ ကျန်းမာရေး အာမခံ ဆိုတာ ဘာမှ မရှိလေတော့ တပည့်ဟောင်းတွေဆီက အလှူ ငွေလေးကို ကတုန် ကယင် မြှောက်ပြထားရရှာတာ ..။ လူငယ်ဘ၀ စက်မှု တက္ကသိုလ် ကျောင်းဆရာဖြစ်လာတာကနေ ပင်စင်သွားသည်အထိ ကျောင်းဆရာ လစာကလေး မဖြစ်စလောက်ကလွဲ ပြီး ဘာမှ ခံစားခွင့် ရမသွားရှာ ၊ ယူမသွားရှာတဲ့ ကျနော့ဆရာကြီး ..။
သူဘယ်လိုလူလဲ နဲနဲတော့ရေးပြချင်ပါတယ် ။
၂၀၀၀ ခုနှစ်များဆီက ကျနော်တို့ ကျောင်းကို အပိုင်းပိုင်းခွဲပြီး လှိုင်သာယာ နဲ့ ပြည်ကို ပို့လိုက်တော့ရင် ဆရာကြီး ၊ ဆရာမကြီး တွေဟာ ၁ လကို ၂ ပတ်စီခွဲကာ ကျောင်းသားတွေရှိရာ လိုက်သင်ပေးကြရပါတယ် ။ ဒါလဲ စုံစုံလင်လင် မဟုတ်ပါဘူး ။ ဖျက်ဆီးခံလိုက်ရတဲ့ ကျောင်းဆိုတော့ ကျောင်းသားတွေခမျာလဲ စေ့ငုအောင် မတက်နိုင်ကြပါ ။ ကျနော့် same batch မှာတင် Drop out က ၄၀ % လောက်ရှိပါတယ် ။
အဲ့နေ့ကတော့ PTU စာသင်ခန်းထဲမှာ ဆရာကြီး နဲ့ ကျနော် ၂ ယောက်ထဲပါ ။ ပြောရရင်တော့ ပါမောက္ခ နဲ့ တစ်ဦချင်း စာသင်ခွင့်ရခဲ့တဲ့ အတွက် ကံကောင်းလှတဲ့ ကျနော်လို့တောင်ပြောရမလိုပါ။
အဲဒီ အချိန်မှာ ကျောင်းဝင်းထဲကို စစ်ကားတွေ အစီး ၂၀ လောက် ရှေ့ပြေး ပွိုင့်တွေ နဲ့ ၀င်ချလာပါတယ် ။ ကျနော်က ပြတင်းပေါက်က မြင်ရတဲ့ စစ်ကားတွေ ကို မျက်ရိပ်နဲ့ လှမ်းပြပေတဲ့ ဆရာကြီးက တစ်ဦးတည်းသော ကျောင်သား ကျနော့်ကို စာသင်ပျက်မသွားပါ ။ ခဏ နေတော့ ပါမောက္ခချုပ် ဦးအောင်ကျော်မြတ် ၊ မော်ကွန်းထိန်း ( ဦး ) စည်သူကျော်တို့ စစ်ဘို စစ်သားများစွာ နဲ့ ကော်ရစ်ဒေါ ကနေ တဖြောင်းဖြောင်း လျှောက်သွားကြပါတယ် ။ အခန်းရှေ့မှာ ခဏ တုံ့ရပ်ပြီး ကြည့်ကြပါသေးတယ် ။ ဆရာကြီးကတော့ စာသင်မပျက် အေးအေးဆေးဆေးပါပဲ ။
ခဏနေတော့ ရုံးအကူတစ်ယောကလာပြီး " ဆရာကြီး ၊ တိုင်းမှူး ရောက်လာလို့ သြ၀ါဒ ခံယူပွဲ လုပ်ရမှာမို့ ဆရာ၊ဆရာမတွေ အားလုံး အစည်းအဝေးခန်းကြွပါ တဲ့ "
ဆရာကြီးက " ငါမအားဘူး ၊ စာသင်နေတယ် ။ ၄ နာရီထိုးရင် ပြီးမယ် "
အထွန့်မတက်ရဲတဲ့ ၀န်ထမ်းကောင်လေးက " ဟုတ်ကဲ့ ဆရာကြီး '' ဆိုပြီးထွက်သွားပါတယ် ။
တစ်မိနစ်လောက်အတွင်းမှာပဲ မော်ကွန်းထိန်း ရောက်လာပြန်ပြီး " ဆရာကြီး ၊ တိုင်းမှူးက surprised ရောက်လာလို့ပါ ။ အားလုံး စုံညီ တွေ့ချင်တယ်လို့ ပြောပါတယ် "
" အေးပါ ၊ စာသင်ပြီးရင် လာခဲ့မယ် ။ "
" ပါချုပ်က ဆရာကြီးလာမှ စမယ် လို့ ပြောပါတယ် " လို့ လှည့်ပြီး ပြောပြန်ရော ။ ဆရာကြီးက လှည့်မကြည့်တော့ပါဘူး ။ စာပဲ သင်နေတော့တာ ။ ကျနော်ကလဲ ဒါမှ ငါတို့ဆရာကြီး ဆိုတဲ့ အထာ နဲ့ ကြိုးစားပမ်းစား အပြန်အလှန် ဆွေနွေးကြတာပေါ့ ။
စိတ်အထင် ၁၅ မိနစ်လောက်ရှိမယ်ထင်တယ် ။ မော်ကွန်းထိန်း ဟာ အခန်းထဲထိ ၀င်ချလာပြီး
" ဆရာကြီး ၊ တိုင်းမှူးက ဆရာ၊ ဆရာမတွေ အားလုံး တွေ့ရမှ ဖြစ်မယ်လို့ ပြောနေလို့ပါ "..သူ့အသံက တုန်ယင်နေပြီး ငိုကာနီးနေပါပြီ ။ ရုတ်တရက် အခန်းရှေ့မှာ လူရိပ် မြင်လို့ ကျနော် ကြည့်တော့ ဗိုလ်ကြီး သို့မဟုတ် ဗိုလ်မှူး တစ်ယောက်ပါ ..။ ဖိုင်တစ်ခုကိုပွေ့ထားပြီး ကျနော့်ကို ပြုံးရယ်ပြပါတယ် ..။ တိုင်းမှူး PA ဖြစ်နိုင်တယ် လို့ ကျနော်ထင်လိုက်တယ် ။
ဆရာကြီးဟာ အဲဒီ စစ်ဗိုလ်ကို မြင်တော့ ဒေါသပေါက်ကွဲ သွားပါတယ် ..။
" ဟေ့ကောင် စည်သူကျော် ၊ မင့်တိုင်းမှူးကို ပြောလိုက် ၊ ငါစာသင်နေတယ် ။ ကျောင်းဆရာ စာသင်နေတဲ့ အချိန် ရောက်လာပြီး စာသင်ရပ်ခိုင်းရအောင် ငါမရပ်နိုင်ဘူး ။ ဒါ ငါ့အလုပ် ငါလုပ်နေတာ ။ တွေ့ချင်သပ ဆို ငါ စာသင်ပြီးအောင် စောင့် ။ ငါလက်ချာ စောဖြုတ်ပေးမယ် ။ ငါလုပ်နိုင်တာ ဒါပဲ ..။ "
မော်ကွန်းထိန်း ဆိုတဲ့ ပုဂ္ဂိုလ်လဲ သံမဏိ လူသားကို အလျော့ပေးပြီး ထွက်သွားပါတော့တယ် ။
ကျနော့်ရင်ထဲမှာ ဒီအဖြစ်အပျက်ကို သေသေချာချာ ကို မှတ်တမ်းတင်ထားပါတယ် ။ စစ်အာဏာ ဟာ ပညာ ကို ပညာရှင်အစစ်ကို ထိန်းချုပ်မောငိးနှင်ဖို့ စွမ်းအင်မရှိပါဘူး ဆိုတာ မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ် ။
ဟုတ်ကဲ့ ..။ အဲဒီ သံမဏိ ဆရာကြီး ခုတော့ ချို့ ချို့ ငဲ့ငဲ့ သေမင်း နဲ့ စစ်ခင်းနေရပါပြီ ။ ကျောင်းကြီးက ထွက်လာတဲ့ ကျနော့် သူငယ်ချင်းများ တတ်နိုင်ရင် ၀ိုင်းဝန်း ကူညီပြီး contribute လုပ်ကြပါလို့ နှိုးဆော်ပါတယ် ။
ဓာတ်ပုံက စီနီယာ တစ်ယောက်ဆီက ကူးယူထားတာပါ ။
Win Naing Oo ဆရာကြီး အတွက် ငွေလှူ ထည့်ဝင်လိုကြတယ် ဆိုရင်ဖြင့် စင်ကာပူမှာ ကျနော့် ဆီကို လှူ လို့ရပါတယ် ။ ကျနော်ကတဆင့် ဌာနက ဆရာမ တီချယ်ဒေါ်ဦးစန်းရီ ဆီကို လွှဲပြီး ဆရာကြီးဆီေ၇ာက်အောင် ကူညီဖို့ တောင်းဆိုထားပါတယ် ။
ဆရာမဆီကနေ ဘဏ်အကောင့် သို့မဟုတ် ဆက်သွယ်စရာ ကို တောင်းထားပါတယ် ခင်ဗျား ။
ပြည်တွင်းက လှူ ချင်သူ တချို့ အတွက် စီနီယာတချို့  ရဲ့ ဖုံး နံပါတ်တွေလဲ အေက်မှာ ရထားပါတယ် ။
မေသက်လိုင် (မေငယ်) ( ME 95-1) (Ph- 09 5128813)
ခိုင်ခိုင်ဝင်း (EC 95-1) (Ph- 91183646)
မြင့်မြင့်အောင် (EC 95-1) (Ph- 82889117)
စင်ကာပူမှာတော့ Win Naing Oo ( PH : 98295717 - POSB savings : 245-98869-9 ) ကို ဆက်သွယ် လှူ ဒါန်း နိုင်ပါတယ်
credit: ဗမာ့ သားကောင်း
ဆရာကြီး ဦးလှရွှေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 13, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment