Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 9, 2014

၂၀၁၅မှာ သရုပ်ဆောင်ဘက်ခြေချဖို့ စဉ်းစားထားတယ်လို့ ဖွင့်ဟလိုက်တဲ့ ရတနာမိုင်



အဆိုတော်၊သရုပ်ဆောင် ရတနာမိုင်ဟာ ခုလတ်တလောမှာ သူ့ရဲ့ပုံရိပ်များ ဗီစီဒီ အတွက် ရိုက်ကူးရေးတွေ အဆက်မပြတ် လုပ်နေသူပါ။ သူ့အခွေထဲက ပရိသတ်တွေ လက်ခံအားပေးတဲ့ အချစ်လို့ထင်တယ် ဗီစီဒီအတွက် အောင်ရဲလင်း၊ ပန်းပန်ရယ် တို့နဲ့အတူ သုံးပွင့်ဆိုင် စတိုရီပုံစံလေး ရိုက်ကူးနေတာလို့ သိရပါတယ်။ ဗီစီဒီအခွေနဲ့ ပတ်သက်ပြီး သူမက “ပုံရိပ်များ VCDကို အောက်တိုဘာ ၊ စက်တင်ဘာမှာထွက်ရှိနိုင်ဖို့ လုပ်သွားမှာပါ။ ဒီအခွေမှာသရုပ်ဆောင်အင်အား များများသုံးတာက မိုင်လေးက အထူးအဆန်းလေးဖြစ်အောင်လို့ပါ။ ကိုယ်ချည်းပဲရိုက်နေရတာက ရိုးတယ်လေ။ ပထမအခွေတုန်းကလည်း ကိုယ်ပဲသရုပ်ဆောင်ခဲ့တာများတယ်။ အပြောင်းအလဲလေးဖြစ်သွားအောင် လို့သရုပ်ဆောင်အများကြီးနဲ့ပုံဖော်ရိုက်ကူးထားတာပါ။ ပုံရိပ်များ VCD ရဲ့အောင်မြင်မှုကတော့ အခွေထွက်လာရင်ပရိသတ်ရဲ့ အားပေးမှုအတိုင်းအတာပေါ်မှာပဲ မူတည်ပါတယ်။ ပုံရိပ်များVCD ထဲမှာပါတဲ့ သီချင်းတွေကမိုင်လေးခံစားချက်နဲ့ကိုက်ညီတဲ့သီချင်းတွေချည်းပါပဲ”တဲ့။

ဒါ့အပြင် သူမရဲ့ အခြားသော လှုပ်ရှားမှုတွေကိုလည်း “မိုင်လေး တစ်ခြားအဆိုတော်တွေရဲ့ သီချင်းတွေမှာလည်း ရိုက်ပေးဖြစ်နေတယ်။ နောက်ပြီး စစ်တွေကို သွားဖို့ရှိပါတယ်။ ရွှေဘို၊ မန္တလေး၊ နေပြည်တော်တွေမှာ သီချင်းသွားဆိုဖို့တော့ ရှိပါမယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံ ရိုက်ဖြစ်နေပါတယ်။ အဓိကကတော့ သီချင်းပိုဆိုဖြစ်တာပေါ့နော်။ ၂၀၁၅ရောက်မှ သရုပ်ဆောင် ဘက်ခြေချဖို့ စဉ်းစားထားပါတယ်။” လို့ သူမက ဖွင့်ဟသွားပါတယ်။

Coko Dmoe 

No comments:

Post a Comment