Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 11, 2014

ဖုန်းလာတိုင်းပိုက်ဆံရရှိမည့် အစီအစဉ်တစ်ရပ်ပြုလုပ်

ဖုန်းလာတိုင်းပိုက်ဆံရရှိမည့် အစီအစဉ်တစ်ရပ်ကို VMG ကုမ္ပဏီမှဆောင်ရွက်လိုက်ကြောင်း သိရသည်။ အဆိုပါ Cash 4 Call အစီအစဉ်မှာဖုန်းဝင်သည့်အခါတိုင်းမိမိ၏ ဖုန်း Ringtone သံအစား ကြော်ငြာတစ်ခုကိုဆယ်စက္ကန့်မှ စက္ကန့်သုံးဆယ်အတွင်းကြည့်ပြီးမှ ဖုန်းကိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက ဖုန်းကိုင်ဆောင်သူမှကြော်ငြာ ကြည့်ခအနေဖြင့် တစ်ကြိမ်လျှင်ငါးကျပ်ရရှိမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။ Cash 4call Application ရှိသူမည်သူမဆိုအသုံးပြုနိုင်မည်ဖြစ်သည်။

“ဖုန်းခေါ်ဆိုနှုန်းအကြိမ်အရေအတွက်ကိုကန့်သတ်ထားခြင်း မရှိတဲ့အတွက်ကြောင့် မိမိရဲ့ဖုန်းမှာ ဖုန်းတစ်ခါဝင်တိုင်းပိုက်ဆံငါးကျပ်ရရှိမှာဖြစ်ပါတယ်၊ Cash 4call Application ကို Register လုပ်မယ် ဆိုရင်မိမိရဲ့ Facebook နဲ့ တိုက်ရိုက်ချိတ်ထားပါတယ်။ ဆော့ဖ်ဝဲသုံးစွဲသူနေထိုင်ရာနယ်မြေ၊ ကျားမ၊ အသက်အရွယ် ကိုကွဲပြားစွာသိရှိနိုင်မှာဖြစ်ပါတယ်” ဟု Project Manager မမြသီရိဦးကပြောသည်။

Cash 4call Application ကို Free Download အဖြစ်Google Play Store နှင့် အမြို့မြို့ အနယ်နယ်ရှိဖုန်းဆိုင်များတွင်အခမဲ့ရရှိနိုင်ကြောင်း သိရသည်။

Internet Journal

No comments:

Post a Comment