Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 9, 2014

တိုကျိုမြို့မှ ကျောင်းသူနှစ်ဦး အဆောက်အဦးတစ်ခုအပေါ်ကနေ အတူတူ ခုန်ချခဲ့


တိုကျိုမြို့မှ ကျောင်းသူနှစ်ဥိးဟာ အဆောက်အဦးတစ်ခုအပေါ်ကနေ အတူတူ ခုန်ချခဲ့ပြီး ကိုယ့်ကိုကိုယ် သတ်သေခဲ့ကြပါတယ်။ ခုချတဲ့ နှစ်ဦးအနက် တစ်ဦးဟာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပေမယ့် နောက်တစ်ယောက်ကတော့ ခဏအကြာမှသာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ကိုယ့်ကိုကိုယ် သတ်မသေခင်မှာ သူတို့ရဲ့ ဖိနပ်တွေကို ယှဉ်တွဲကာ ချွတ်ထားခဲ့ကြပြီး မှတ်စုစာရွက်တစ်ရွက်ကိုလည်း ရေးသားပြီး ထားခဲ့ကြပါတယ်။ထိုမှတ်စုစာရွက်နဲ့ ပတ်သတ်ပြီးတော့ မေးမြန်းမှုတွေကိုတော့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက မိသားစု ကိစ္စတွေ ဖြစ်တဲ့အတွက် အတိအကျ ထုတ်ပြန်ပေးလို့မရဘူးလို့ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ ကျောင်းက တာဝန်ရှိသူတွေကတော့ ဘာပြသနာမှ မဖြစ်ပွားခဲ့ပါဘူလို့ တုံ့ပြန်ထားပါတယ်။ အတန်းဖော်တွေကတော့ သူတို့နှစ်ဦးစလုံးဟာ ထက်မြက်ပြီး အချင်းချင်းကြားမှာထဲတောင် ခေါင်းဆောင်ဖြစ်တဲ့ အဆင့်လောက်ထိ ရှိကြတယ်လို့ ဆိုကြပါတယ်။ ပြီးတော့ သူတို့နှစ်ဦးဟာ တစ်ခုခုကို စိတ်ပူနေတာမျိုး၊ စိတ်ပျက်နေကြတဲ့ ပုံမျိုးလည်း လုံးဝမပေါက်ပါဘူးတဲ့။အသက် ၁၁ နှစ် နဲ့ အသက် ၁၂ နှစ် အရွယ်စီရှိတဲ့ ထိုကျောင်းသူနှစ်ဦးဟာ အိမ်းနီးနားချင်း အတန်းဖော် သူငယ်ချင်းတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးအနေနဲ့ ကိုယ့်ကိုကိုယ် သတ်သေတဲ့အထိ ဖြစ်စေခဲ့တဲ့ပြသနာက ဘာလဲဆိုတာကို ပြည်သူတွေက မေးခွန်းထုတ်လာကြပါတယ်။ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (WHO) က သတင်းထုန်ပြန်ထားတာကတော့ ၂၀၁၂ ခုနှစ် ဂျပန် နိုင်ငံဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှုပေါင်း ၂၉,၄၄၂ ခု နဲ့ ကမ္ဘာပေါ်မှာ ကိုယ့်ကိုကိုယ် သတ်သေမှု အများဆုံးစာရင်းမှာ နံပါတ် ၄ ဖြစ်နေခဲ့ပါတယ်။ သတ်သေခဲ့တဲ့အသက် အရွယ်အများစုကတော့ အသက် ၇၀ ၀န်းကျင်တွေဖြစ်ပြီ.း ဂျပန်ထက်များတာကတော့ တောင်ကိုရီးယား ၊ လစ်သူယေးနီးယား နဲ့ ရုရှား တို့ပဲ ဖြစ်ပါတယ်။

Coko Dmoe 

No comments:

Post a Comment