မသုံးစွဲရန် ကြေညာထားသည့် ဆေးဝါး ၅ မျိုး
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို
စိစစ်ခဲ့ရာ ဆေးဝါး ၅ မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့
တရားမဝင်ဆေးဝါးတွေ ဖြစ်ကြောင်း စိစစ်တွေ့ရှိလို့ မသုံးစွဲကြဖို့
ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံမှာ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေကို
ဝယ်ယူသုံးစွဲတာ မပြုကြဖို့နဲ့ မှတ်ပုံတင်ရရှိထားတဲ့ ဆေးဝါးတွေကိုလည်း
ဆရာဝန် ညွှန်ကြားချက်နဲ့ ဝယ်ယူ သုံးစွဲကြဖို့ အသိပေး ကြေညာထားပါတယ်။
ပြည်သူ့ကျန်းမာရေးအတွက် စောင့်ရှောက်မှုဆောင်ရွက်ပေးသူတွေ အနေတဲ့ မိမိတို့
သုံးစွဲနေတဲ့ ဆေးဝါးနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် တစုံတရာ ရှိပါက
သတင်းပေးပို့ အကြောင်းကြားဖို့လည်း ကြေညာချက်က ဆိုပါတယ်။
DVB
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, September 22, 2014
တရားမ၀င်ဆေးဝါး ၅ မျိုး မသုံးစွဲရန် ကြေညာ
တရားမ၀င်ဆေးဝါး ၅ မျိုး မသုံးစွဲရန် ကြေညာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment