Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 14, 2014

ဦးစံလင်း ထွက်မပြေးဘဲ လှေပေါ်တွင်သာ ရှိနေပြီး ခေါင်းလောင်း တူးဖော်မည့်ရက် ထပ်တိုးပြန်

ရန်ကုန် (မဇ္ဈိမ)။ ။ ခေါင်းလောင်းတွေ့ပြီဟု အခိုင်အမာ ကြေညာချက်ထုတ် ပြောဆိုထားသည့် ဓမ္မစေတီ ခေါင်းလောင်းရှာဖွေရေး ခေါင်းဆောင် ဦးစံလင်းသည် ထွက်မပြေးဘဲ လှေပေါ်တွင်သာ ရှိနေပြီး နောက်ထပ်ရက်ပေါင်း ၂၀ ထပ်မံရှာ ဖွေမှုများလုပ်ဆောင်သွား ရန်စီစဉ်ထား သည်ဟု နတ်စင်တစ်ရာ ဆရာတော်က မိန့်ကြားသည်။

240

သန်လျင်မြို့နယ်၊ နတ်စင်တစ်ရာကျောင်းတိုက်တွင် စက်တင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် ပထမအဆင့် ၄၂ ရက်ရှာဖွေခဲ့ပြီး ဒုတိယအဆင့်အတွက် ရက် ၂၀ ထပ်မံတိုးကာ ရှာဖွေမည်ဟုမိန့် ကြားခဲ့သည်။ “ဆရာတော်အမြင်ကတော့ ဓမ္မစေတီခေါင်းလောင်းကြီးကို ကြိုးချည်ပြီးမှသာလျှင် ယုံပါလို့ပြောချင်တယ်။ ဓမ္မစေ တီမင်းကြီးကိုကြည်ညိုလို့ ဆရာတော်ကထောက်ပံ့ပေးတာပဲရှိပါတယ်” ဟုမိန့်ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းတူးဖော်ရေးအတွက်လိုအပ်မည့်ငွေများကို ၅၅ လမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် အလှူခံဌာနဖွင့်လှစ်ထားပြီး အလှူငွေကျပ်သိန်း ၁၃၀ ကျော်ကို ရိုးမဘဏ်တွင်အပ်နှံထားကာ ဦးစံလင်းတို့ အနေဖြင့် ယနေ့ထိတိုင် လာရောက်ထုတ်ယူသုံးစွဲထားခြင်း မရှိဟုဆိုသည်။ အသုံးမပြုဖြစ်လျှင် လှူဒါန်းထားသူများ ထံသို့ ပြန်လည်အပ်နှံသွားမည်ဟုလည်း ဘဏ္ဍာထိန်း ဦးသန်းစိန်က ပြောသည်။

“သူလုပ်ရင်းကိုင်ရင်း ချွတ်ယွင်းချက် ဖြစ်သွားတယ်။ ချွတ်ယွင်းချက်ကို ထုတ်ပြန်မိတဲ့ အတွက် ချွတ်ယွင်းချက် ကြီးဖြစ်သွားတယ်။ ဦးစံလင်းရဲ့သီလကို လေး စားပြီးတော့ သူ့ ကို အပြစ်လည်း မမြင်ဘူး။ သူ့ကို ဆက်ကူညီ မယ်လို့ဆုံးဖြတ်ထားတယ်” ဟု ၄င်းကဆိုသည်။

ခေါင်းလောင်း ရှာဖွေရာတွင် ရေငုတ်အဖွဲ့ ခေါင်းဆောင် ဦးသန်းညွန့်က ဓမ္မဒါနအနေဖြင့်ကူညီခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သ်ာလည်း နတ်စင်တစ်ရာ ဆရာတော် ကမူ ရေငုတ်သမား တစ်ဦးလျှင် ကျပ်သိန်း ၅၀ အထိပေးအပ် ပြီးဖြစ်သည်ဟု မိန့်သည်။ ခေါင်းလောင်း တူးဖော်ရာတွင် ၄၂ ရက်အတွင်း ငွေ ကျပ်သိန်း ၇၀၀ ကုန်ကျခဲ့ပြီး သိန်း ၈၀၀ခန့် ကျန်ရှိနေသေး သည်ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

mizzima

No comments:

Post a Comment