Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 9, 2014

အိုဘားမားရဲ့ မဟာဗျူဟာ ကြေညာဖို့ ရှိ



အစ္စလမ်မစ်နိုင်ငံ အစွန်းရောက် အဖွဲ့ကို နှိမ်နင်းဖို့ ချမှတ်ထားတဲ့ မဟာဗျူဟာတွေ နဲ့ ပတ်သက်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် ချပြမှာ ဖြစ်တယ် လို့ အမေရိကန် သမ္မတ အိုဘားမား က ပြောလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ ၁၀ ရက်နေ့ဟာ အမေရိကန် ပြည်ထောင်စု ကြုံတွေ့ခဲ့ရတဲ့ 9/11 လို့ ခေါ်တဲ့ ၂၀၀၁ ခုနစ်တုန်းက အကြမ်းဖက် တိုက်ခိုက်ခံရမှု ရဲ့ နှစ်ပတ်လည် မတိုင်ခင် တစ်ရက် အကြိုနေ့လည်း ဖြစ်ပါတယ်။

အမေရိကန် ရုပ်မြင်သံကြားပေါ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း သမ္မတ အိုဘားမားက အစ္စလမ်မစ် နိုင်ငံ အဖွဲ့ လက်နက်ကိုင်တွေ အရေးကို ကိုင်တွယ်ဖို့ နိုင်ငံရေး စီးပွားရေး နဲ့ စစ်ရေး အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်သွားမလဲ ဆိုတာကို ထုတ်ပြန်ပေးမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

သူ ရည်ရွယ်ထားတဲ့ အထဲမှာ ရွေးချယ် သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ကောင်း ပြုလုပ်မယ့် အစီအစဉ်တွေ ပါဝင်နိုင်ပေမယ့် အမေရိကန် စစ်တပ်ကိုတော့ မြေပြင် တိုက်ပွဲတွေ လုပ်ဖို့ စေလွှတ်မှာ မဟုတ်ဘူး ဆိုပြီး မစ္စတာ အိုဘားမား က ဆိုပါတယ်။

မစ္စတာ အိုဘားမား ရဲ့ မဟာဗျူဟာ အစီအစဉ်တွေမှာ အားဖြည့် ကူညီပေးမယ် ဆိုပြီး ယူကေ၊ ပြင်သစ်၊ ဂျာမဏီ၊ တူရကီ နဲ့ ပိုလန် တို့က ကမ်းလှမ်းထားတယ် လို့ ဝါရှင်တန်မှာ ရှိနေတဲ့ သတင်းထောက်တွေက ဆိုပါတယ်။

ဒီအချိန်မှာပဲ အစ္စလမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ကို တိုက်ခိုက် နှိမ်နင်းရာမှာ ပါဝင်ကြဖို့ အာရပ်နိုင်ငံများ အဖွဲ့ချုပ် Arab League ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Nabi Elaraby က အဖွဲ့ဝင်နိုင်ငံတွေ အားလုံးအပေါ် တိုက်တွန်းလိုက်ပါတယ်။

အစောပိုင်းကလည်း Arab League နိုင်ငံခြားရေး ဝန်ကြီးတွေ ရဲ့ ကိုင်ရိုမြို့ အစည်းအဝေးမှာ အဆိုပါ အစ္စလမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ကို တိုက်ဖျက်ရာမှာ ဒေသတွင်း အနေနဲ့ရော နိုင်ငံတကာ အတိုင်းအတာ နဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။

BBC Burmese 

No comments:

Post a Comment