Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 14, 2014

ငါးခုံးမ နှင့်တူသောသားကြီး

တာဝန်ရှိ ကရင်တပ်မတော် က လူကြီးများသိစေရန် နှင့် တာဝန်ရှိ အစိုးရ လူကြီးမင်းများသိစေရန် ကူညီပီး ဖော်ပြပေးပါခင်ဗျာ...
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်စေချင်ပါ…ထို့အတူ ပြည်သူအတွက် ဖြစ်သော ကရင်တပ်မတော် သည်လည်း ငါးခုံးမနှင့်တူသော ခွေးအနှင့်တူသော နောက်လိုက်တစ်ယောက်ကြောင့် နာမည်ကောင်း အစွန်းထင်းမခံသင့်ပါ…

ဗိုလ်တိုက်ဂါး အကြောင်းကို ကြားဖူးနေတာကြာပါပီ... ကရင် ပြည်သူထူထုအတွက်ကော မြန်မာပြည်အတွက် ပါ တကယ် လိုအပ်တဲ့ အာဇာနည်တစ်ဦးပါ... အခု ထိုင်းကားတွေပိတ်ဆို့တဲ့ ဓာတ်ပုံ ပါလာတော့မှ ကျွန်တော်လူတစ်ယောက်ကို သတိထားမိလိုက်တယ်... ဗိုလ်တိုက်ဂါးဟာ လက်အောက်ငယ်သားတွေလုပ်နေတဲ့ ပြဿနာတော်တော်များများကို ကြီးထွားလာမှသာလျင် သိတာများပါသည်... ဒါပေမယ့် သေးသေးလေးတွေသည် သာမန်လူဖို့တော့ ဘ၀ပါ ပျက်သွားပီး နာမည် ဂုဏ်သိက္ခာ ဘာမှ အဖတ်ဆယ်မရအောင်ဖြစ်သွားခဲ့ကျပါတယ်... ကျွန်တော် ရည်ညွန်းတဲ့ လူ၏ နာမည် သည် သားကြီး ဟု ခေါ်ပီး မြ၀တီတွင် လူပို့သည့် ရုံးခန်းဖွင့်ထားကာ ရုံးခန်းထဲတွင် ဗိုလ်တိုက်ဂါးနှင့် ဒေါ်အောင်ဆန်းစုကြည် ညစာစားပွဲတစ်ခုတွင်တွဲရိုက်ထားသော ပုံကို ဗန်းပြကာ  မဟုတ်တာမှန်သမျှ ကို သေနတ်ပြ ခြိမ်းခြောက်ကာ အနိုင်ကျင့် မိုက်ကြေးခွဲပီး ပိုက်ဆံရှာနေခြင်းဖြစ်ပါသည်။ အဲလောက်ပြောသင့်သည်ထင်သဖြင့် ပြောခြင်းဖြစ်ပါသည်... ဘာကြောင့်လဲဆိုတော့ ကိုယ်တွေ့ ခေါင်းကွဲထားတဲ့အပြင် မသေရုံတမယ် သူတို့လက်က လွတ်လာပီး မြ၀တီက မထွက်ပြေးခင်အထိ ဆက်ကြေးသဘောမျိုး ပေးခဲ့ရသော သာဓက များ သက်သေများ ကျွန်တော်မှာ လုံလောက်စွာ ရှိသောကြောင့် ပြောခြင်းဖြစ်ပါသည်...ထိုသူသည် ဗိုလ်တိုက်ဂါး ၏ လုံခြုံရေးတာဝန်ခံ ဟုလည်း သူ့ကိုယ်သူပြောသည့်အပြင် KNU/KNLA PC တပ်မဟာ ၇ မှ တစ်ချို့လူများ နှင့် ပေါင်းပီး သေနတ်ပြခြိမ်းခြောက်ကာ ပိုက်ဆံ အေးဓါးပြ တိုက်သော အကျင့်ရှိသောကြောင့်ဖြစ်ပါသည်။ ယခင်အခါက တောရွာတွင်သာ ဒီလို သေနတ်ပြခြိမ်းခြောက်က ဓါးပြတိုက်သူများ ရှိသည်ဟုထင်ပါက မှားကြောင်း ကိုယ်ကိုတိုင် ခံရမှပင်သိသောကြောင့်ဖြစ်ပါသည်။
(၁) တနယ်တစ်ကျေးက အကြောင်အမျိုးမျိုး ကြောင့်လာပီး တည်းခိုနေသူများ. မြ၀တီတွင် ခေတ္တခဏ စီးပွားလာရှာသောသူများ သည် အကြောင်းအမျိုးမျိုးကြောင့် သူတို့နှင့် ပတ်သတ်ခဲ့သည်ရှိသော ပိုက်ဆံရှိသည် ဒါမှမဟုတ် မြ၀တီနယ်ခံ မဟုတ်သည်ကို သိပါက အကြောင်းအမျိးမျိုးပြကာ တောထဲတွင် ရှိသော အိမ်တစ်အိမ်သို့ ခေါ်သွားပီးပါလာသည့် ဖုန်းနှင့် ဆက်သွယ်မည့်ဟာများ သိမ်းကာ ပါဝါပိတ်ပီး မှ တဖြည်းဖြည်း ခြိမ်းခြောက်တဲ့စကားတွေနဲ့စပီး ခြိမ်းခြောက်ပါတော့သည်။ မဟုတ်မမှန်ကြောင်းအကြောက်အကန်ငြင်းမိပါက တရားခံတစ်ဦးသဖွယ် လက်ထိတ်ခတ်ကာ ရမ်းပါတော့သည်... ရှိတဲ့ ကား ပိုက်ဆံ များကို လက်နယ်ဝယ်မလို့လား မြင်းဆေးရူမလို့လား ၀ယ်မလို့လား ဥပဒေ နဲ့ မလွတ်ကင်းသော ကိစ္စ ရပ်များကို မေးကာ ထို လူက ငြင်းပါက အဲဒီနေရာမှာတင် ရှော့တိုက်ခြင်း သေနတ်ဒင်နဲ့ထုခြင်း အမျိုးမျိုးနှိပ်စက်ခြင်း ကို ပြုကာ သူတို့သတင်း အတိအကျရထားတယ် ၀န်ခံပါဟုဆိုကာ အတင်းဝန်ခံခိုင်းလေသည်... ထိုသူသည် အသားနာသဖြင့်ဖြစ်ချင်တာဖြစ် လွတ်ရင်ပီးေ၇ာ ဆိုပီး မဟုတ်တာတွေကို ပြောလိုက်မိပီဆိုလျင်ဖြင့် အသံဖမ်းထားခြင်း ကိုပြုလုပ်ကာ ပါလာသမျှပိုက်ဆံ ပစ္စည်းမှန်သမျှကို သိမ်းဆည်းပါတော့သည်... ပီးလျင် သူတို့အဖွဲ့သည် ရဲပီးသည် စစ်တပ်ပီးသည် သူတို့အဖွဲ့က ကာကွယ်ထားလျင်ဖြင့် မည်သူကမှ လက်ဖျား နှင့် မတို့ရဲ မထိရဲ ဟုဆိုက အခု မင်းလုပ်မည့်ကိစ္စများကို ဖုံးထားပေးမည်ဆိုပီး ညှိပါသည်... ရဲလက်ထဲကို အပ်ပါက ထောင်ကျမည် ဘာဖြစ်မည် ကိုခြိမ်းခြောက်ပီး သူတို့ကာကွယ်ပေးမည်ဟုဆိုကာ ၁ ပတ်၁၀ ရက် သူတို့နှင့် လာတူ စားတူ ထားပီး အမျိုး မျိုး စိတ်ဓာတ်စစ်ဆင်ရေးလုပ်ပါတော့သည်... သူတို့နှင့် အတူထားတာ က အကောင်းထားခြင်းမဟုတ် အတူနေသည့်ကာလတွင် ရသမျှပိုက်ဆံကိုညှစ်ကာ မင်းကို ရဲလက်က လွတ်အောင်လုပ်ဖို့ အခုရဲတွေ မင်းကို အပြင်မှာ ရှာနေပီ လိုက်ဖမ်းနေပီ တပ်ဖွဲ့ကို ကူညီဖို့ စသဖြင့် အကြောင်းအမျိုးမျိုးပြကာ ထိုသူ၏ဆွေမျိုးသားချင်း များဆီက ပိုက်ဆံတောင်းခိုင်းကာ အနည်းဆုံး သိန်း ၅၀၀ မှ ၁၀၀၀ ကြား ငွေညှစ်ပီးမှ လွတ်ပေးတတ်လေသည်.... ဒီတပ်ဖွဲ့အတွက် ပိုက်ဆံ တွေ ပေးပီး အပြင် ပထမ က သိမ်းထားသည့် ကား ကွန်ပြူတာ ပိုက်ဆံတွေသည် တစ်ခု မှ ပြန်မရတော့ပါ... လိုချင်လျှင် မတန်ရာ မတန်သည့်ဈေးဖြင့် ရွေးယူခိုင်းလေသည်... ဒါသည် ကျွန်တော် ရည်ညွန်းသာ သူ သားကြီး နှင့် အပေါင်း အပါ တစ်အုပ် လုပ်သည့် မိုက်ရိုင်းသည့် ဗိုလ်ကျနည်းဖြစ်ပေသည်....
(၂) သူတို့တောင်းသည့် ပိုက်ဆံ ကိုယ်က မပေးဘဲ တင်းခံနေပါက သားကြီးသည် သူကားပေါ်တွင် ထိုသူကို လက်ထိတ်တန်းလန်းနှင့် ထိုင်ခိုင်းကာ မြ၀တီရဲစခန်း၊ မြ၀တီ ထောက်လှမ်းရေး အိမ၊် စတည်းချရာနေရာများသို့ သွားကာ ကားပေါ်မှာ ပါလာသူသည် မြင်းဆေးဝယ်မည့်သူ လက်နက် ၀ယ်မည့်သူ ကျွန်တော်တို့ဖမ်းမိထားတယ်... တွေ့လား ခင်ဗျားတို့မဖမ်းနိုင်တာ ကျူပ်တို့ဖမ်းထားတယ်ဟုဆိုကာ ပြသပါတော့သည်... ထောက်လှမ်းရေးများ ရဲများ ၀ိုင်းကြည့်တော့မှ ကားမောင်းကာ ထွက်လာပါတော့သည်...ဒါသည် ထိုသူထံမှ ပိုက်ဆံ ထွက်လာစေ၇န် အကျပ်ကိုင်နည်း တွေအများကြီးထဲက တစ်နည်းဖြစ်ပါသည်... အသေးစိတ် မိုက်ရိုင်းပုံတွေကို ရေးလျင် ဖြင့် ပီးတော့မည်မဟုတ်ပေ... နောက်ဆုံးတွင်တော့ သူတို့တောင်းသည့်ပိုက်ဆံ ပေးကိုပေးရတော့သည်...
(၃) ကျွန်တော် သည် သားကြီးဆိုသူနှင့် ပတ်စ်ပို့ အတုတစ်ခု လိုသဖြင့် သွားလုပ်ခိုင်းမိရာမှ မိတ်ဆွေဖြစ်ခဲ့ခြင်းဖြစ်သည်... ပတ်စ်ပို့ အတု လုပ်ဖို့ ငွေ တောင်းသလောက်ကို အပြည့်ပေးပီး အပြင် ကျွန်တော့်ဆီမှာ ရှိနေသေးသော ပိုက်ဆံကို ထပ်လိုချင်၍ အကွက်ဆင်ပီး ဖမ်းခဲ့ခြင်းဖြစ်လေသည်...သားကြီးသည် ကျွန်တော့်မိတ်ဆွေဖြစ်၍ ယုံကြည်မူကို အခွင့်ရေးယူက ပတ်စ်ပို့၇ပီး သွားယူမယ်ဟုဆိုပီး လူကြီးနဲ့သွားတွေ့ရမယ် ဘီယာဝယ်ပီး သွားတွေ့ကာ လူကြီး အိမ်ဟုဆိုသော တပ်မဟာ ၇ ၏ နေအိမ်သို့ရောက်မှ ဒီပတ်စ်ပို့ ဘာကြောင့်လုပ်တာလဲ ... ဘာဖြစ်လို့လဲ ... လက်နက်ဝယ်ဖို့လား စသဖြင့် ဂျောင်ပိတ်မေးခွန်းတွေကို မေးက ကျွန်တော်က မဟုတ်ကြောင်း ငြင်းတော့ သတင်းရထားတယ်ဆိုပီး လက်ထိတ်ခတ်ကာ အထက်ပါပုံစံအတိုင်း ထက် ပိုသော ပုံစံဖြင့် ဖြင့်ဘ၀ ပျက်ခဲ့ခြင်းဖြစ်သည်...ယုံကြည်ရသော မိတ်ဆွေတစ်ယောက်က အခုလို လုပ်လိမ့်မည်ဟု ဘယ်လိုမှ မထင်ထားတဲ့ ကျွန်တော် အံ့အားသင့်စွာနှင့်ပင် အနိုင်ကျင့်ခြင်းကို ခံခဲ့ရပါသည်…ကျွန်တော်သည် ယခင်က ကရင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို ဆန်ဆီဆား အလှူဒါနပြုခဲ့ချိန်က မကျေနပ်သည့် ရန်ငြိုးတွေပါ စုကာ ကျွန်တော်ပိုင်ဆိုင်သမျှ အားလုံးကို သိမ်းဆည်းပီး ကိုယ့်ရှေ့မှာပင် ကိုယ့်ပိုက်ဆံကို လောင်းကစား ငါးပစ်၊ အနှိပ်ခံ၊ ဖာချ စသဖြင့် ဖြုံးသုံး ခဲ့သည်ကို ရင်နင့်စွာဖြင့်ပင် ကြည့်ခဲ့ရပါသည်... သို့ပေမယ့် တကယ့် ကရင်စစ်သော တပ်မဟာ (၇) ကိုတာဝန်ယူထားသော ဗိုလ်မှူးက ၀င်ရောက်ထိန်းသိမ်းသောကြောင့် ကျွန်တော့်ကို သားကြီးတို့ အရေခွံခွာဖို့ ဘေးမှ သီသီလေးလွတ်ခဲ့ရသည်…အမှန် တပ်မဟာ (၇) KNU/KNLA PC  အဖွဲ့သည် ကျွန်တော့်ကိုလည်း မသိ.. ဘာမှ မလုပ်ချင်သော်လည်းဘဲ သားကြီး ပြောသော သတင်းများကို စစ်ပေးရုံသာ စစ်ပေးခဲ့ခြင်းဖြစ်လေသည်.. ဒါကို အခွင့်ကောင်း ယူပီး သားကြီးသည် ပိုက်ဆံညှစ်ခြင်းဖြစ်လေသည်…နောက်ဆုံး နာမည်ပျက် ဘ၀ပျက်တဲ့ထိ ပိုက်ဆံတောင်းသောကြောင့် ထို တပ်မဟာ (၇) မှ ကရင်ဗိုလ်မှူးက သူ့နားခေါ်ထားပီး ပြသနာကို  ကြေလည်အောင် ရှင်းခိုင်းမှ ပီးလေတော့သည်… ဒါပေမယ့် သိမ်းထားသည့် ကား ကွန်ပြူတာ များ လုံးဝ ပြန်မရတော့ပေ…

(၄) အခုလိုဖြစ်စဉ်သည် ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါ…. သိသလောက်သာ ပြောပြရသော ငွေလဲလုပ်နေသောသူငယ်ချင်းတစ်ဦး နှင့် ရွှေပန်းထိမ်လုပ်နေသော သူတစ်ဦးလည်း ထိုသို့နည်းတူစွာ အနိုင်ကျင့်ခြင်းခံရပီး သူတို့တောင်းသည့်ပိုက်ဆံကို လိမ်ယူပြီး တပ်ဖွဲ့ ရံပုံငွေအတွက်ဟုဆိုကာသွင်းခဲ့ရပါသည်… ထိုသို့သွင်းပီး လွတ်လာသောလည်း မထင်ရင်မထင်သလို ပိုက်ဆံ တောင်းတာက တစ်ကြောင်း၊ သူတို့ကိုပေးလိုက်သော ပိုက်ဆံတွေကို ပြန်မဆပ်နိုင်တော့သောကြောင့် တစ်ကြောင်း၊ ရဲက တကယ်များ ဖမ်းစစ်မလားဆိုသည့် စိုးရိမ်စိတ်များစွာဖြင့် မြ၀တီ မိသားစု နှင့် အလုပ်များကို ပစ်ပီး ထွက်ပြေးလာရသော  သူများဖြစ်ပါသည်… နာမည်အရင်းများ ထည့်မပြောနိုင်ခြင်းကို နားလည်ပေးစေချင်ပါသည်…
ကျွန်တော် သည် လုပ်ငန်းတစ်ခု၏ ဖိအားကြောင့် ဥပဒေအပြင် ကိစ္စရပ်တစ်ခုကို လုပ်ခဲ့ရသည်... လက်နက်ကိုင် အဖွဲ့အစည်း အကုန်လုံးသည် ဥပဒေမဲ့ ကိစ္စအားလုံးကို လုပ်နိုင်သည်ဆိုခြင်းကို မြ၀တီ မြိုခံ အကုန်လုံးသိသည်... မြင်းဆေး၊ ဖာခန်း၊ အနှိပ်ခန်၊း လောင်းကစား၊ လိုင်စင်မဲ့ကား အားလုံးသည် သူတို့ လက်နက်ကိုင် ရံပုံငွေ ဆိုပီး စာရွက်ကပ်ကာာ လုပ်စားနေခြင်းဖြစ်သည်... ထို့အပြင် ကရင်အဖွဲ့အစည်းများ ထောက်ပံ့နေသူများ အပါအ၀င် ရံပုံငွေထည့်ကာ  ဗိုလ်ကြီး ဗိုလ်မှူး စသဖြင့် ရာထူးများလည်း ၀ယ်လို့ရပါသည်…အဖွဲ့အစည်းတွေက ပေးထားသော ရာထူးကို ယူက ပါမစ်တောင်း မြေကွက်ဖော်ကာ လုပ်စားပီး အဖွဲ့ကို ဆက်ကြေးသဖွယ် ပေးရသည့် အလေ့အထမှာ မြ၀တီ မြို့ခံပြည်သူများ အားလုံးအသိဖြစ်သည်… မြ၀တီ တွင် အလုပ်လုပ်ကိုင်နေသောသူများကို သေသေချာချာ စီစစ်သော ဥပဒေ ဘောင်အတွင်းက အလုပ်ဟူသည်မှာ ဆိုက်ကားနင်းခြင်း နှင့် ဈေးရောင်းသည်သာလျင်ရှိပါလိမ့်မည်… မြ၀တီ မြို့၏ အဓိက စီးပွားရေးသည် ဥပဒေ ပြင်ပကို အခြေခံသော အလုပ်သည်သာလျင် အများဆုံးဖြစ်သည်… ထို စီးပွားရေးကို လုပ်သူအများစုမှ ထို လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပတ်သတ်ရပီး သူတို့ပေးထားသော ရာထူးများ ရယူကာ လုပ်စားကြရသည်…
(၅) နောက်ဆုံး မြ၀တီရဲ နှင့် ထောက်လှမ်းရေးသည်ပင်လျင် မဖမ်းနိုင်သော ရာဇ၀တ်မူများကို သူတို့ဖမ်းမှ မိသည်... ထို့ကြောင့် လက်နက်ကိုင် အဖွဲ့အစည်းကို ရှင်းရှင်းပြောလျင် စစ်တပ်ကလွဲ၍ အကုန်လုံး ကြောက်ရသည်...ထိုသို့သော အနေအထားတွင် ကျွန်တော် ဖြစ်ခဲ့သော မတရား မူကို မည်သူ့ကို မှ အားကိုး လို့မရခဲ့ပေ... ဗိုလ်တိုက်ဂါးကို တွေ့၍ ဒီ လူမဆန်သော မိုက်ရိုင်းမူကို ပြောချင်သောလည်းပဲ ပြောပီးမှ အရေးယူရင် ကောင်း၏ ... အရေးမယူဘဲ ပုလင်းတူ ဗူးဆို့ဖြစ်မည်ဆိုးသဖြင့် မြ၀တီနယ်မြေမှ အလျင်မြန်ဆုံး ပြန်ခဲ့ရသည်...
သားကြီးသည် ပိုက်ဆံရမည်ဆိုပါက မိတ်ဆွေသူငယ်ချင်းမဆိုထားနှင့် မိန်းမတောင် အပေါင်ထားသော သူဖြစ်လေသည်…သူ့ကိုယ်တွင်ချိတ်ထားသော သေနတ် နှင့် ဗုံးသီးများကိုပြကာ လူတစ်ကာပေါ်တွင် အနိုင်ကျင့်ဗိုလ်ကျသူတစ်ဦးလည်းဖြစ်ပါသည်…မည်သို့မည်ပုံ ကရင်တပ်ထဲ ရောက်နေသည်တော့ မသိပါ.. သားကြီးသည် ဟန်ဆောင်သည့်နေရာမှာ အကယ်ဒမီတောင် ရနိုင်သည်.. ရုံးခန်းထဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုက်တိုက်ဂါး ပုံကို ဗန်းပြပီး ဂွင်စောင့်နေသော သူတစ်ယောက်ဖြစ်သည်... သူ့စားဂွင်ထဲကိုဝင်ပီဆိုလျင်ဖြင့် ထိုလူအဖို့ မသက်သာတော့ပေ...သူဖမ်းချင်သောသူ အနိုင်ကျင့်ချင်သောသူများကိုလည်း ဌာနချူပ်အမိန့် ဗိုလ်တိုက်ဂါးအမိန့်ဆိုပီး အနုကြမ်းစီးကာ ပိုက်ဆံညှစ်သည့် လူစားမျိုးဖြစ်ပါ သည်... သားကြီးကိုယ်တိုင် ပတ်စ်ပို့အတုလုပ်သော်လည်းပဲ တခြားလူကို ဖမ်းချင်ပါက ပတ်စ်ပို့အတု လူကုန်ကူး စသဖြင့် ခေါင်းစဉ်တပ်ပီး တကယ် မဟုတ်သော်လည်းပဲ သတင်းရထားတာဆိုပီး သူ့အပေါင်းအပါ ၄ ယောက် ၅ ယောက်ဖြင့် တက်ဖမ်းကာ ပိုက်ဆံမတရား ညှစ်ပီးအမျိုးမျိုး နှိပ်စက်တတ်သော လူဖြစ်ပါသည်...

ထို့ကြောင့် ရိုးသားမူကို အရင်းခံသော အမှန်တရားကိုမြတ်နိုးသော မတရားသည့်ဘက်မှ ကာကွယ်ချင်စိတ်ရှိနေသော ကရင်တပ်မတော် နှင့် ကရင် တပ်သားများကို ခုတုံးလုပ်ကာ ဓါးပြတစ်ယောက်သဖွယ် အပြစ်မဲ့ပြည်သူကို နှိပ်စက်ညှင်းပန်းပီး ၀မ်းစာရှာစားနေသော သာကြီးလို ကရင် မျိုးမစစ်ကြောင့် ကရင်တပ်မတော် အဓိက ဗိုလ်တိုက်ဂါး ပုံပြ ပီး သေနတ်ပြကာ ပိုက်ဆံရှာစားနေသော သားကြီးလို လူမျိုးကို ထိရောက်စွာ အပြစ်ပေးအရေးယူပေးပါလို့ ခံစားခဲ့ရသော သူများအစား တောင်းဆိုလိုက်ပါရစေ…

ယခုတွင်မူ ဗိုလ်တိုက်ဂါး ၏ စိတ်ထား နှင့် ကိုယ်ကျိုးစွန့်မူကိုတွေ့ရ၍ အခုလို ငါးခုံးမ နှင့်တူသော နောက်လိုက် တစ်ယောက်ကြောင့် ကောင်းသော ကရင့်တပ်မတော် အမည်းစက်စွန်းမည် စိုးသောကြောင့် ကျွန်တော့်အဖြစ်အပျက်လေးကို အွန်လိုင်းမှတဆင့် ပြောပြာလိုက်ရပါသည်....

မှတ်ချက် ။   ။ အထက်ပါ အကြောင်းအရာများသည် လိမ်လည်လှည့်ဖြားထားခြင်း၊ အမှန်တရားကို ဖုံးကွယ်ထားခြင်း အလျဉ်းမရှိဆိုခြင်းကို အသက်နှင့် ထပ်တူ အာမခံပါသည်။

သားကြီး နှင့် အပေါင်းအပါများ ပုံပါ ပူးတွဲတင်ပေးလိုက်ပါသည်... သုံးယောက်တန်းပုံတွင် စက်ဝိုင်း ၀ိုင်းထားသောသူသည် မြင်းဆေး ကို ဖင်မှ မီးခိုးထွက်တဲ့အထိ ရူသော နာမည်ပြောင် ရန်ကုန်သား ဟု ခေါ်ပီး အလယ် လူ ဖြစ်သော နာမည် ဘင်လာဒင် ကတော့ မြင်းဆေးအမူနဲ့ စစ်တပ်က ဖမ်းဆီးခဲ့ပါသည်...

Zarni Aung

No comments:

Post a Comment