Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 5, 2014

မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ မြစ်အတွင်း စေတီတော် နစ်မြုပ်


ရန်ကုန်၊ သြဂုတ် ၅

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၏
ရွာဦးထိပ်တွင် ၁၃၇၁ ခုနှစ်မှစတင်၍တည်ထားသော ဥာဏ်တော်(၉)တောင်ရှိ ငြိမ်းအေးချမ်းသာ ဆုတောင်းပြည့် စေတီတော်မှာ ၂.၈.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျားပေ(၃၀)၊ အနံပေ(၂၀)ခန့်
ရှိ ကမ်းပါးပြိုကျရာတွင်ပါသွားခဲ့ပြီး မြစ်အတွင်းသို့ တိမ်းစောင်းသွားခဲ့ကာ
စေတီအနီးရှိ တံခွန်တိုင်မှာလည်း ညပိုင်းတွင်မြစ်အတွင်း လဲကျသွားခဲ့ပါသည်။

အဆိုပါဆုတောင်းပြည့် စေတေီတော်မှာ မြစ်ကမ်းစပ်၌တိမ်းစောင်းလျက်ရှိရာမှ ၅.၈.၂၀၁၄ ရက်နေ့ ၀၆၃၀ အချိန်တွင် ဧရာဝတီမြစ်အတွင်းနစ်မြုပ်သွားခဲ့ကြောင်း
သတင်းရရှိပါသည်။ 
Credit Yangon Police

No comments:

Post a Comment