Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 8, 2014

ကံဦးကျောင်းတိုက်ဆရာတော်ကို နှင်မထုတ်ရန် ဒကာ၊ ဒကာမနှစ်ရာခန့်ဆန္ဒပြ


ကံဦးကျောင်းတိုက်ဆ ရာတော်ကို တိုင်းသံဃမဟာနာယကအဖွဲ့က နှင်ထုတ်ခြင်းမပြုရန်နှင့် ဆရာတော်ရာသက်ပန်သီ တင်းသုံးနေထိုင်ရန် ဒလမြို့နယ်ရှိ ဒကာ၊ ဒကာမနှစ်ရာခန့်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မဟနကနှင်ထုတ်နေသော ကြောင့် ကံဦးကျောင်းတိုက်ဆရာ တော်ဦးကုသလသည် ယခုဝါ ကျွတ်အပြီးတွင်ကျောင်းတိုက်မှ ထွက်ခွာသွားမည်ကို စိုးရိမ်သော ကြောင့်ဆရာတော်၏ ဒကာ၊ ဒကာမများက ဆရာတော်ထွက်ခွာ မသွားရန် စက်တင်ဘာ ၇ ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
‘‘ဆရာတော်ရောက်လာမှ ဒီကျောင်းက စည်ကားလာပြီး တ ရားပွဲတွေလည်းလုပ်လာတာ။အဲ ဒါကို မဟနကနှင်ထုတ်နေတာ။ ခုလောလောဆယ်တော့ ဆရာ တော်က ကျောင်းမှာပဲရှိပါသေး တယ်။ ၀ါကျွတ်တော့မှာဆိုတော့ ကျွန်တော်တို့က ဆရာတော်ထွက် သွားမှာကြောက်နေတာပါ။ အဲဒါ ကြောင့် ဆန္ဒပြတာပါ’’ဟုဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူဦးမျိုးမြင့်ကပြောသည်။

ဆန္ဒပြရာတွင် ဆရာတော်ဦး ကုသလ ကံဦးကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရေး၊ ငါတို့ ကျောင်း၊ ငါတို့ဆရာတော်၊ ငါတို့ သာသနာကာကွယ်စောင့်ရှောက် ရေး၊ စစ်မှန်သောအမှန်တရား ပေါ်ပေါက်ရေး၊ ကံဦးကျောင်းဆ ရာတော်အား ကျောင်းထိုင် ကျောင်းပိုင်အဖြစ် ရာသက်ပန်သီ တင်းသုံးနေထိုင်ရေး စသည့်စာ တန်းများပါ ဗီနိုင်းများကိုင်ဆောင်၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဒလမြို့နယ် ဆာပါချောင် ကျောင်းစုရပ်ကွက်၊ ကံဦးကျောင်း တိုက်ကျောင်းထိုင်ဆရာတော်ကို ကျောင်းပိုင်ပစ္စည်းရောင်းချမှုဖြင့် တိုင်းသံဃမဟာနာယကက ဇူ လိုင် ၆ရက် နောက်ဆုံးထွက်ခွာပေးရန်စာထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းသံဃမဟာ နာယကအဖွဲ့မှ ထုတ်ပြန်သောစာ တွင် ကံဦးကျောင်းတိုက်နေဦးကု သလအား မေလ ၂၁ရက်တွင် ကျင်း ပသောသတ္တမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ပထမအကြိမ်ပဉ္စမအစည်းအဝေးဆုံးဖြတ်ချက်ပါအတိုင်း တိုင်းသံဃနာယကအဖွဲ့မှ လျှောက်ထားရာ ဆရာတော်ဦးကုသလက ဇူလိုင် ၆ရက်နောက်ဆုံးထွက်ခွာမည်ဟု ၀န်ခံကတိရေးထိုးထားသည်။

ထိုသို့ ကတိရေးထိုးထား သောကြောင့် ဒလမြို့နေ ပြည်သူ ငါးရာခန့်က ဆရာတော်ထွက်ခွာ မသွားရန် ဇူလိုင် ၆ရက်နေ့တွင် အဆိုပါကျောင်းတိုက်ကို ၀ိုင်းဝန်းပိတ်ဆို့ထားခဲ့သည်။

7day daily

No comments:

Post a Comment