Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 9, 2014

သိန်းနှစ်ထောင်လိမ်တဲ့ကိစ္စ ဘာသာရေးပုဂ္ဂိုလ်တွေ ဘာ့ကြောင့်ပါဝင်လာတာလဲ

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ခွင့်ဗီဇာနဲ့ ၄၅ရက်အတွင်း အလုပ်ရမယ်ဆိုပြီး လူတစ်ယောက် သိန်း၁၁ဝနှုန်းနဲ့ အယောက် ၂ဝဆီက ငွေကျပ်သိန်းနှစ်ထောင်ကျော် လိမ်လည်ခဲ့တဲ့ ကျော်ကျော်နိုင် အေဂျင်စီကိစ္စ ဦးဝီရသူရဲ့ ညွှန်ကြားချက်နဲ့ ဒိုင်းမွန်းရွှေကြည်က ဝင်ရောက်ညှိနှိုင်းပေးမယ်လို့ စက်တင်ဘာ ၇ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ငွေလိမ်တဲ့ကိစ္စ ဘာသာရေးသမားတွေနဲ့ ဘာတွေပတ်သက်နေလို့လဲ။

ဂျပန်သွားရမယ်ဆိုပြီး ငွေလိမ်လည်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ကျော်ကျော်နိုင်မိသားစု နည်းပညာ ဝန်ဆောင်မှု ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီအရေး ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သံတမန်ကွန်ရက်က ဒိုင်းမွန်းရွှေကြည်၊ မျိုးချစ်ဗုဒ္ဓဘာသာ အမျိုးသားရေးအသင်းနဲ့ မြန်မာတိုင်းရင်းသားလုပ်သားများ ကူညီစောင့်ရှောက်ရေး ကော်မတီတို့က ကူညီပေးနိုင်မယ့် နည်းလမ်းတွေရှာပြီး ပူးပေါင်းကူညီသွားမယ်လို့ စမ်းချောင်း အလယ်ဓမ္မာရုံမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ငွေလိမ်လည်သွားတယ်လို့ စွပ်စွဲခံနေရတဲ့ ကျော်ကျော်နိုင်မိသားစုအေဂျင်စီဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်တယ်ဆိုပြီး လူမျိုးရေးဘာသာရေးအခြေခံတဲ့ လှုံ့ဆော်မှုတွေ လူမှုကွန်ရက်မီဒီယာတွေမှာကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကြောင့် မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ပတ်သက်ရင် သူကပဲခေါင်းခံရှင်းမယ်ဆိုတဲ့ သဘောထားနဲ့ ဦးဝီရသူနဲ့ တိုင်ပင်ပြီး အခုလို လာရောက်ဆွေးနွေးတာလို့ ဒိုင်းမွန်းရွှေကြည်က ပြောပါတယ်။

ကျော်ကျော်နိုင်အေဂျင်စီရဲ့ ပိုင်ဆိုင်မှုအတိအကျကို အစိုးရအာဏာပိုင်တွေက သိထားပြီးဖြစ်လို့ ဒီပိုင်ဆိုင်မှုတွေကို တရားရုံးကိုတင်ပြ ထုခွဲရောင်းချပြီး နစ်နာသူတွေကို လျော်ကြေးပေးဖို့အတွက် ဥပဒေကြောင်းအရ စီစဉ်ဆောင်ရွက်သွားဖို့ မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူနဲ့ သူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမား ၂ဝဆီက ကျပ်ငွေ သိန်းနှစ်ထောင်ကျော် လိမ်လည်သွားတယ်ဆိုတဲ့ ကျော်ကျော်နိုင် အေဂျင်စီဟာ ပြီးခဲ့တဲ့ ဇွန် ၁၈ရက်နေ့က ဂျပန်နိုင်ငံကို နောက်ဆုံးထားသွားရောက်ဖို့ စာချုပ်တွေ ချုပ်ထားခဲ့ပေမယ့် သြဂုတ် ၃ရက်နေ့စပြီး တိမ်းရှောင်နေခဲ့တာလို့ အလိမ်ခံရတယ်လို့ ယူဆရတဲ့သူတွေက သြဂုတ် ၆ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

ကျော်ကျော်နိုင်အေဂျင်စီဟာ တရားဝင်လိုင်စင်ရကုမ္ပဏီဖြစ်တာမို့ သူဟာ ကျပ်ငွေ သိန်း ၁၁ဝကို မပြည့်စုံတဲ့ကြားက ချေးငှားပေါင်နှံပြီး ယုံယုံကြည်ကြည် ပေးအပ်ခဲ့လို့ အခုလို အခက်အခဲတွေဖြစ်နေရတယ်လို့ မိတ္ထီလာနယ်သား ချမ်းမြေ့သော်တာဝင်းက ပြောပြပါတယ်။

Kamayut

No comments:

Post a Comment