Photo Description: ဘင်ကြီးနောက်ဆုံးရုပ်အလောင်
နှုတ်ပိတ်ရေငုံ
တိုက်ခိုက်မှု အစအဆုံး မိနစ် သုံးဆယ်ခန့်သာ ကြာခဲ့သည်။ ဘင်လာဒင် မသေဆုံးမီက သူမည်သည့် နေရာတွင် ရှိနေသနည်း ဆိုသည့် မေးခွန်းကိုသာ မေးကြသည်။ သူသေဆုံး သွားသည့်အခါတွင် မေးခွန်းများ မြောက်မြားစွာ ပေါ်ထွက်လာသည်။ ထိုမေးခွန်းများ အတွက် အဖြေသည် ရေရေရာရာမရှိ။ အိမ်ဖြူတော် အရာရှိကြီးများသည် ဘင်လာဒင်၏ ဘဝခရီးဆုံးနှင့် ပတ်သက်၍ စေ့စေ့စုံစုံ ထုတ်ဖော်မပြောဘဲ ထားသည်။ ရုပ်မြင်သံကြားမှ ပြည်သူသို့ သမ္မတအိုဘားမား အစီရင်ခံသည့် မိန့်ခွန်းတွင်လည်း အချက်အလက် မည်မည်ရရ မပါရှိ။
ဝင်ရောက်စီးနင်းသည့် အစီ အစဉ်နှင့် အဖြစ်အပျက်များကို အထူးတပ်ဖွဲ့ဝင်များသည် မည်သည့် အခါတွင်မှထုတ်ဖော်ပြောကြာြး
အမေရိကန်အစိုးရက ထုတ်ပြန် သည့် သတင်းများသည် ရှေ့နောက်မညီ ဖြစ်နေသည်မှာလည်း ထောက် ပြစရာဖြစ်ခဲ့သည်။ မေလ ၂ ရက် တနင်္လာနေ့တွင် ထုတ်ပြန်သော သတင်း၌ ဘင်လာဒင်နှင့် အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း။ ဘင်လာဒင်က သူ့ဇနီး တစ်ဦးအား ရှေ့တွင်ထားကာ အကာအကွယ် ယူခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် နောက်တစ်နေ့ ထုတ်ပြန်သည့်အခါ ရင်ဆိုင်တွေ့သည့် သတင်းတွင် အချိန်၌ ဘင်လာဒင်သည် လက်နက်မဲ့ ဖြစ်ကြောင်း။ ဇနီးသည်အား အကာအကွယ်ယူခြင်း မဟုတ်ဘဲ ဇနီးသည် ကသာ အထူးတပ်ဖွဲ့ဝင်များထံသို့ ပြေးဝင်လာခြင်းဖြစ်ကြောင်း ဆိုပြန် သည်။
သတင်းမုဆိုးများက သတင်းရနိုင်မည့် နေရာမှန်သမျှကို တူးဆွနှိုက်ထုတ်ကြသည်။ ရသမျှ သတင်းအပေါ် အခြေတည်ကာ စိတ်ကူးဖြင့် ပေါင်းစပ်ရေးသား ထားသမျှကို မီဒီယာများတွင် တင်ကြသဖြင့် ပြည်သူများက သတင်းမှား၊ သတင်းမှန် မဝေခွဲနိုင်ဖြစ်ရသည်။ နဝေတိမ်တောင် ဖြစ်ကုန်ရသည်။
အယ်လ်ကိုင်ဒါ အင်တာနက် စာမျက်နှာတွင် ဘင်လာဒင် သေဆုံးပြီ ဖြစ်ကြောင်း အတည်ပြုကြေညာသော်လည်း သတင်းပဟေဠိများကို အဖြေ ညှိရန်ကျန်နေဆဲ ဖြစ်သည်။ ဘင်လာဒင့် ရုပ်အလောင်းသည် ပုံပျက်ပန်းပျက် ဖြစ်နေသဖြင့် အများပြည်သူများအား စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု အကြောင်းပြကာ မထုတ်ပြန်ဘဲ ထားခြင်းကလည်း မယုံသင်္ကာမှုကို တိုးပွားစေသည်။ ဓာတ်ပုံကိုမမြင်ရသဖြင့် သတင်းမီဒီ ယာများ၏ထုံးစံအတိုင်း မှန်းသန်း ရေးသားချက်များ ပေါ်ထွက်လာ သည်။
ဆဒမ်ဟူစိန်၏ သားများဖြစ်သော အူဒေးနှင့် ကူဆေးတို့၏ ကျည်ဆန်ရာ ဗလပွဖြင့် ရုပ်အလောင်းပုံများကိုပင် ထုတ်ပြန်ပေးခဲ့နိုင်သဖြင့် ဘင်လာဒင်၏ပုံကို မထုတ်ပြန်နိုင်စရာ အကြောင်း မရှိဟု အရှေ့အလယ်ပိုင်း ထုတ်သတင်းစာများက ဝေဖန်ရေးသားကြသည်။ ဘင်လာဒင် သေဆုံးပြီး နောက်ပေါ်ထွက်လာသော မေးခွန်းများအနက် ဘင်လာဒင်အား မည်သည့်အတွက် အရှင်မဖမ်းခဲ့သနည်း ဆိုသည့် မေးခွန်းသည် သတင်းလောကတွင် ပေါ်ထွက်လာသည်။ မည်သည့်အတွက် အရှင်မဖမ်းခဲ့သနည်း။
ဘင်လာဒင်သည် လက်နက်မဲ့ ဖြစ်ပါလျက် မည်သည့်အတွက် အရှင် မဖမ်းဆီးရ သနည်းဆိုသော အမေးက အိမ်ဖြူတော်ကို အဖြေခက်စေသည်။ အထူးတပ်ဖွဲ့ဝင်များသည် ဘင်လာဒင်အား အသေဖမ်းမိ လိမ့်မည်ဟု စစ်ဆင်ရေး မစမီကပင် အိုဘားမား၏ လုံခြုံရေး ကောင်စီဝင်များက တွက်ဆထားပြီး ဖြစ်သည်။ စီအိုင်အေ ညွှန်ကြားရေးမှူး လီယွန်ပင်နက်တာ- Leon Penetta က စီဘီအက်စ် ရုပ်မြင်သံကြားနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် '' ဘင်လာဒင်ကို အသေဖမ်းရလိမ့်မယ်လို့ ကျွန်တော် တို့ အားလုံးက တွက်ထားခဲ့ကြ တယ်''ဟု ပြောသည်။
ဘင်လာဒင်အား အရှင်ဖမ်း ထားမည်ဆိုပါက သွေးထွက်သံယိုမှုများ အတောမသတ်ဖြစ်ပွားလိမ့်မည် ကို အားလုံးသိကြသည်။ ဘင်လာဒင် အား ပြန်လွှတ်ပေးရန် အကြမ်းဖက် တိုက်ခိုက်မှုများဖြင့်လည်းေ
အရှင်ဖမ်းမိပါက မည်သည့်နိုင်ငံ တရားရုံးတွင် တရားစီရင်ရမည်ကိုလည်း ဆုံးဖြတ်နိုင်ကြမည်မဟုတ်။ ဖမ်းမိသောနေရာဖြစ်သည့် ပါကစ္စတန် တွင်လည်း စီရင်ရန် မဖြစ်နိုင်။ ဘင်လာဒင်ကို ဖမ်းမိခဲ့ပါက ပါကစ္စတန် တရားရုံးတွင် တရားမစီရင်ပါဟူသော ကတိကို ပါကစ္စတန်က အမေရိကန်ထံမှ လွန်ခဲ့သော ဆယ်နှစ်တာကာ လကတည်းက တောင်းထားပြီး ဖြစ်သည်။ ဘင်လာဒင်၏ နိုင်ငံရင်း ဖြစ်သော ဆော်ဒီအာရေဗျက ပို၍ပင် လက်ခံမည် မဟုတ်။ ဘင်လာဒင်၏ ရုပ်အလောင်းကို ဆော်ဒီအာရေဗျက လက်ခံရန် ငြင်းဆန်ခဲ့သည်ဟု စီဘီ အက်စ်သတင်းဌာနက ဖော်ပြခဲ့သည်။
အထူးတပ်ဖွဲ့ဝင်များအား ကိုယ် ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခွင့် ပြုထားခြင်းကြောင့် ဘင်လာဒင်အား အသေဖမ်းရလိမ့်မည်ဟု စီအိုင်အေ ညွန်ကြားရေးမှူးက ပြောခြင်းဖြစ် သည်။
ဘင်လာဒင်က တုံ့ပြန်ရန်မပြုဟု လုံးဝသေချာမှ သာလျင် အရှင် ဖမ်းရန်။ တုံ့ပြန်ရန်ပြုမည်၊ မပြုမည် ဆိုသည်မှာ အထူးတပ်ဖွဲ့ဝင်၏ ဆုံးဖြတ်ချက်သာလျင် ဖြစ်သည်။ ရင်ဆိုင်တွေ့သည့်အချိန်တွင်
ဘင်လာဒင်သည် အဝတ်မပါ ဗလာကိုယ်လုံးတီးဖြင့် လက်နက်ချ အဖမ်းခံမှသာ အရှင်ဖမ်းနိုင်မည့် အနေအထားဖြစ်သည်။ ပေးထားသည့် အမိန့်သည် အသေဖမ်းရမည်ဟု မဆိုရုံတမယ်သာရှိသည်။ ထိုစဉ်က အိမ်တွင် ရှိနေခဲ့သည့် ဘင်လာဒင်၏သမီး ထွက်ဆိုချက်တွင်မူ ဘင်လာဒင်အား အရှင်ဖမ်းမိပြီးမှ ပစ်သတ်ခြင်းဖြစ်သည်ဟု ဆိုပြန်သည်။
ပါကစ္စတန်သည် မည်မျှသိ ထားသနည်း။ နောက်မေးခွန်းတစ်ခုမှာ ပါကစ္စတန်ထောက်လှမ်းရေးသည် ဘင်လာဒင် ရှိနေသည်ကို သိ-မသိ ဆိုသည့်မေးခွန်း ဖြစ်သည်။ ဘင်လာဒင်၏ အိမ်မှသိမ်းဆည်းရမိသည့် ပစ္စည်းများကို စိစစ်နေခိုက် ပါကစ္စတန် ထောက်လှမ်းရေး ထိပ်တန်းအရာရှိ များ၏အမည်များကို ဖော်ထုတ်အသိပေးရန် အမေရိကန်က တောင်းဆိုလာသည်။ ဖော်ထုတ်သိရှိရသည့် အချက်များ အနက်မှ အချို့တို့သည် ဘင်လာဒင်အား ပါကစ္စတန်က အကာအကွယ် ပေးထားသည်ဟု သင်္ကာမကင်းဖွယ်ရာ အချက်များကို တွေ့ထားရသည်ဟု ဆိုသည်။ ပါကစ္စတန် ထောက်လှမ်းရေးအတွင်း အယ်လ်ကိုင်ဒါ လိုလားသူများ ရှိနေသည် ဆိုသော စွပ်စွဲချက်များကို စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု နောက်ပိုင်းမှ စပြီးကြားလာရသည်။ အကြမ်းဖက် နှိမ်နင်းရေးတွင် ပါကစ္စတန် မပါဘဲ မလုပ်နိုင်သဖြင့် အမေရိကန်သည် ခြောက်တစ်ခါ ချော့တစ်လှည့်ဖြင့် အခြေအနေ ကြည့်ကစားခဲ့ရသည်။
ဆိုဗီယက်တို့ အာဖဂန်ကို သိမ်းပိုက် ထားစဉ်ကာလတွင် ပါကစ္စတန်သည် တာလီဘန်များကို ထောက်ပံ့ အားပေးနေခဲ့သည်။ တာလီဘန် အစိုးရသည် အယ်လ်ကိုင်ဒါကို လက်ခံထားခဲ့သဖြင့် တာလီဘန်နှင့် နီးစပ်သော ပါကစ္စတန်နှင့် အယ်လ်ကိုင်ဒါတို့ သဘာဝ မဟာမိတ် ဖြစ်ခဲ့ရသည်။ ပါကစ္စတန်သည် အမေရိကန်က ထောက်ပံ့သည့် ဘီလီယံပေါင်း များစွာကိုရယူကာ အယ်လ်ကိုင်ဒါ သတင်းပေးလုပ်နေသည်ဆိုသော စွပ်စွဲချက်များလည်း အတောမသတ် ပေါ်ထွက်ခဲ့သည်။ အယ်လ်ကိုင်ဒါနှင့် နီးစပ်သော အမျိုးသမီးတစ်ဦးက ''ပါကစ္စတန် စစ်တပ်နဲ့ ကျွန်မတို့ နားလည်မှုယူထားတယ်။ ကျွန်မတို့ ပုန်းနေတဲ့နေရာကို ပါကစ္စတန် စစ်တပ်က ဝင်စီးတော့မယ်ဆိုရင် ကျွန်မတို့ကို ကြိုသတင်းပေးတယ်။ နောက်ပြီး ကျွန်မတို့ အယ်လ်ကိုင်ဒါနဲ့ ပတ်သက်တဲ့ အထောက်အထား သဲလွန်စတွေ အဲဒီအိမ်မှာ ချန်ထားခဲ့ဖို့ ပြောထားတယ်။ သူတို့ ဝင်စီးပေမယ့် ကျွန်မတို့ကို မမိဘူး။ ကျန်ခဲ့တဲ့ သဲလွန်စတွေကို အမေရိကန်တွေကို ခေါ်ပြပြီး၊ ကျွန်မတို့ ပုန်းခိုနေတဲ့ နေရာပေါ့။ ဝင်စီးပေမယ့် လက်မတင်လေး လွတ်သွားတယ်ပေါ့''ဟု ပြောသည်။ အမည်မဖော်လိုသော အိမ် ဖြူတော် ထိပ်တန်းအရာရှိ တစ်ဦးက ''ကယာနီ (ပါကစ္စတန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး) Gen. Ashfaq Parvez Kayani နဲ့ ပါရှာ (ပါကစ္စတန် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး) Lt. Gen. Ahmad Shuja Pasha တို့ဟာ ဘင်လာဒင် ဘယ်မှာရှိတယ် ဆိုတာသိနေတယ်လို့ မဆိုလိုပေမယ့် သူတို့နဲ့ နီးနီးကပ်ကပ် တာဝန်ထမ်း ဆောင်ရတဲ့ အရာရှိကြီး တစ်ယောက် မကတော့ သိနေနိုင်တယ်''ဟု ပြောသည်။ စီအိုင်အေညွှန်ကြားရေးမှူး လီယွန်ပင်နက်တာက ''ပါကစ္စတန်တွေဟာ အရည်အချင်းညံ့ဖျင်းတာ၊ ဒါမှမဟုတ်သူတို့ ကိုယ်တိုင်က အယ်လ်ကိုင်ဒါကို အားပေးနေတာ ဖြစ်နိုင်တယ်''ဟုဆိုသည်။
ပါကစ္စတန် အဖို့လည်း ဘေးကျပ်နံကျပ် အနေအထား ဖြစ်သည်။ ဘင်လာဒင် ရှိနေသည်ဟု အမေရိကန်အား သတင်းပေး လိုက်မည်ဆိုပါက မွတ်ဆလင် ကမ္ဘာတစ်ခုလုံးက ပါကစ္စတန်အား ခွင့်လွှတ်လိမ့်မည် မဟုတ်။ အယ်လ်ကိုင်ဒါကလည်း ပါကစ္စတန်အား ပြင်းထန်သော တိုက်ခိုက်မှုများ လုပ်လာမည်။
အကယ်၍ အယ်လ်ကိုင်ဒါကို ပြောင်ပြောင်တင်းတင်း အားပေးမည် ဆိုပါကလည်း တာလီဘန်တို့၏ အာဖဂန်ကဲ့သို့ အမေရိကန်၏ မြေလှန် ဗုံးကြဲခြင်းကို ခံရမည်မှာ မလွဲဧကန် ဖြစ်သည်။ အယ်လ်ကိုင်ဒါအား တိုက်ခိုက်နေသော အမေရိကန်တပ်များ အတွက် ထောက်ပို့ လမ်းကြောင်းကို ပါကစ္စတန်က ခွင့်ပြုထားရသည်။ ပါကစ္စတန်က ခွင့်မပြုဆိုပါက သူ၏ မဟာရန်သူတော် အိန္ဒိယက အမေရိ ကန် ထောက်ပို့လမ်းကြောင်းကို ခွင့်ပြုပေးမည် ဖြစ်သည်။ ပါကစ္စတန် အဖို့ ရွေးချယ်စရာလမ်း မရှိဖြစ်ရသည်။ ဗိုလ်ချုပ်ကြီး ကယာနီက ပါကစ္စတန် ထောက်လှမ်းရေးတွင် အားနည်းချက်ရှိကြောင်း ဝန်ခံပြောကြားသည်။ အမေရိကန်က နောက်တစ်ကြိမ် အလားတူ ကျူးကျော်မှုမျိုး လုပ်လာပါက နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်သုံးသပ် ရလိမ့်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။ ပါကစ္စတန်သို့ နှစ်စဉ် ဒေါ်လာ ဘီလီယံချီကာ အထောက်အပံ့ပေး နေခြင်းကို ပိုမိုတင်းကြပ်စွာ စိစစ် ရန်အမေရိကန် လွှတ်တော်အမတ် များက ပြောဆိုလျက် ရှိသည်။
ဘင်လာဒင်ကို ပါကစ္စတန် နယ်မြေအတွင်း တွေ့ရှိရသည့်အတွက် ထောက်လှမ်းရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အာမက် ဆူဂျပါရှာ ရာထူးမှ အနားယူရလိမ့် မည်ဆိုသော သတင်းစကားများလည်း ပေါ်ထွက်ခဲ့သည်။ သို့သော် ပါရှာသည် ပါကစ္စတန် လွှတ်တော်တွင် အစစ်ဆေးခံပြီးနောက် သူ၏အခြေ အနေမှာ ပိုမိုကောင်းမွန်လာသည်ဟု အကဲခတ်သမားများကဆိုသည်။ ဂလိုဘယ်ပို့စ် သတင်းစာကမူ အမေရိကန် အထူးတပ်ဖွဲ့ဝင်များ တိုက်ခိုက်မည်ကို ပါကစ္စတန်စစ်တပ်က ကြိုသိနေခဲ့သည်ဟု ဆိုပြန်သည်။ အဆိုပါ ဖော်ပြချက်သည် ပါကစ္စတန် အစိုးရ၏ လူသိရှင်ကြား ရပ်တည်ချက် နှင့်လည်းကောင်း၊ အမေရိကန်၏ ပါကစ္စတန်အပေါ် စွပ်စွဲချက်နှင့် လည်းကောင်း ဖီလာဆန့်ကျင် ဖြစ်နေသည်။ ဝင်ရောက်စီးနင်းသည့် မေလ ၁ ရက်နေ့မတိုင်မီ အမေရိကန်နှင့် ပါကစ္စတန် ထိပ်တန်းအရာရှိကြီးများ တွေ့ဆုံခဲ့ကြသည်ကို တွေ့ရသည်။ ပါကစ္စတန် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ပါရှာသည် ဧပြီ လ ၁၁ ရက်နေ့ တွင် ဝါရှင်တန်၌ စီအိုင်အေ ညွှန်ကြားရေးမှူး ပင်နက်တာနှင့် တွေ့ဆုံ ခဲ့သည်။ ဘင်လာဒင် နေအိမ်အား ဝင်ရောက်မစီးနင်းမီ ခြောက်ရက် အလို ဧပြီလ ၂၅ ရက်နေ့တွင် အမေရိကန် ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထ ရီယပ်စ် -Gen. David Petraeus သည် ပါကစ္စတန်သို့ ရုတ်တရက် ရောက်ရှိလာပြီး ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကယာနီနှင့် နှစ်ဦးတည်း သီးသန့် တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် ဘင်လာဒင်နေအိမ်ကို ဝင်ရောက်စီး နင်းမည့် အသေးစိတ် အစီအစဉ်များ ကို ဆွေးနွေးခဲ့သည်ဟု သတင်းစာ ကဆိုသည်။ နောက်တစ်နေ့ ဧပြီလ ၂၆ ရက်တွင် ပါကစ္စတန် စစ်ဦးစီး ကော်မတီ၏ ပုံမှန်လေးလပတ်အစည်း အဝေးကျင်းပသည်။ ထိုကော်မတီ၏ အဖွဲ့ဝင်မဟုတ်သော ထောက်လှမ်း ရေးညွှန်ကြားရေးမှူး ဒုတိယဗိုလ် ချုပ်ကြီး ပါရှာတက်ရောက်ခဲ့သည်ကို တွေ့ရသည်။ ဘင်လာဒင်အား ဖမ်းဆီးရာတွင် ပါကစ္စတန်၏အခန်းကဏ္ဍ ကိုနှစ်ဘက်စလုံးက တတ်နိုင်သမျှဖုံး ကွယ်ထားလိုကြသည်။ ပါကစ္စတန် လူထုသည် အမေရိကန်အပေါ် သည်းမခံနိုင် ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ဝင်ရောက်စီးနင်းမှုမတိုင်မီ နှစ်နာရီအလိုတွင် ပါကစ္စတန် တပ်ဖွဲ့ဝင်များက အိမ်နီးနားချင်းများကို မီးမှိတ်ထားရန်နှင့် အိမ်အတွင်း၌သာ နေကြရန် လိုက်လံဆော်သြခဲ့သည်ဟု ဘီဘီစီသတင်းက ဖော်ပြသည်။ ဘင်လာဒင်၏ ဇနီးတစ်ဦးဖြစ်သော ယီမင်သူ အယ်လ် ဆာဒါး၏ ထွက်ချက်အရ ယခုနေအိမ်သို့ ၂ဝဝ၅ ခု တွင် သူတို့မိသားစု ပြောင်းလာ ကြောင်း၊ ယင်းသို့ ပြောင်းမလာမီ ချက်ရှာမိုဟာမက် အမည်ရှိ ရွာလေး တွင် နှစ်နှစ်ခွဲခန့် နေထိုင်ခဲ့ကြောင်း သိရသည်။ ဘင်လာဒင်သည် နေ့အခါတွင် အိပ်ခန်းတွင်းမှ အပြင်သို့ ထွက်ခဲပြီး၊ သူ့ထံသို့ ဧည့်သည်လာ ခဲလှကြောင်း။ အကယ်၍ ဧည့်သည် လာလျှင်လည်း ညအခါတွင်မှ လာလေ့ရှိကြောင်း သူမက ထွက်ဆိုသည်။ ဘင်လာဒင်သည် တစ်ချိန် လုံးလိုလိုစာဖတ်နေသည်။ သူ့အိပ်ခန်း တွင်း၌ နာမည်ကျော် အမေရိကန် စာရေးဆရာများ၏ စာအုပ်များကို တွေ့ရသည်ဟု ရဲကဆိုသည်။ ဇနီး သုံးဦးလုံးသည် ကလေး ၁၃ ယောက်ကို စာသင်ကြားပေးကြသည်။ ဇနီးသုံးဦးအနက် တစ်ဦးမှာ ကလေးစိတ် ပညာရှင်ဖြစ်ပြီး၊ နောက်တစ်ဦးမှာ အာရဗီဘာသာ ဆရာမ ဖြစ်သည်။ တစ်နေ့တာ နောက်ဆုံးဝတ်ပြု ဆုတောင်းခြင်းကို ဘင်လာဒင်က ဦးဆောင်ရွတ် ဆိုပေးသည်။ အချို့ကလေးများသည် ပထန်စကားပြောပြီး၊ အချို့ကလေးများသည် အာရဗီဘာသာကို ပြောဆိုသည်။ သူ၏ ၁၂ အရွယ် သမီးသည် အင်္ဂလိပ်စကားကို လိပ်ပတ်စွာ ပြောဆို နိုင်သည်။ အယ်လ်ဆာဒါးသည် အခင်းမဖြစ်ပွားမီညက ဘင်လာဒင် နှင့်အတူ ရှိနေခဲ့ပြီး၊ ဖြစ်ပွားသော ညတွင် နှစ်ဦးသား အိပ်ရာဝင်ခါနီး မီးမှိတ်လိုက်သည့်အခါတွင် သေနတ်သံများကို စကြားရသည်ဟုဆိုသည်။ ဘင်လာဒင်က သူ၏ အေကေ ၄၇ မောင်းပြန်သေနတ်ကို လှမ်းယူလိုက် သည့်အချိန်တွင် အထူးတပ်ဖွဲ့ဝင်များ ရောက်လာကာ ပစ်ခတ်ခြင်း ဖြစ်သည်ဟု အယ်လ်ဆာဒါးက ထွက်ဆိုသည်။ စစ်တပ်၊ ရဲစခန်း စသည့်ပစ်မှတ်များ ကို အကြမ်းဖက်သမားများ ဦးတည် တိုက်ခိုက်လျက်ရှိသဖြင့် အဘော့တာ ဘတ်တပ်မြို့တွင် လုံခြုံရေး တင်း တင်းကြပ်ကြပ်ချထားသည်။ အခြား မြို့များထက် လူဝင်လူထွက်ကို ပိုမို ဂရုစိုက်သည်။ စစ်ဆေးရေးဂိတ်များ လည်းချထားသည်။ ယင်းသို့ဖြစ်ပါ လျက် အခြားခြံဝင်းများနှင့် မတူဘဲ ၁၈ ပေ အုတ်တံတိုင်း ကာထားသည့် ထူးထူးဆန်းဆန်း အိမ်ကြီးတစ်လုံးရှိ နေသည်ကို လုံခြုံရေး တာဝန်ရှိသူများက သတိမထားမိသည့်အပြင် ထိုအိမ်တွင် ဘင်လာဒင် ငါးနှစ်ကျော်ကြာ နေထိုင်နေသည်ကိုလည်း မသိဟု ဆိုသည်မှာ ယုံတမ်းပုံပြင် ဖြစ်နေသည်။ အလှမ်းဝေးသည့် ပိုမိုစိတ်ချရသည့် ပါကစ္စတန် အတွင်းပိုင်းကျသော အခြားမြို့များတွင် ပုန်းအောင်းနေနိုင် ပါလျက် မည်သည့်အတွက် လုံခြုံရေး တပ်ဖွဲ့များ ခြေချင်းလိမ်နေသည့် အဘော့တာဘတ်မြို့ကို ဘင်လာဒင် ရွေးချယ်ခဲ့သနည်းဟု မေးစရာဖြစ်နေသည်။ ထိုမြို့တွင် သူ့အား အကာအကွယ် ပေးမည့်သူ ရှိနေသည့် အတွက်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်မည်ဟု ကောက်ချက်ဆွဲနိုင်သည်။ ပါကစ္စတန် ထောက်လှမ်းရေးသည် ဘင်လာဒင်အား မမြင်ဟန် ဆောင်နေခဲ့သည်ဟု ဆိုသူကဆိုသည်။ အမေရိကန် လိုချင်နေသည့် သတင်းအချက်အလက်များသည် ပါကစ္စတန်က ထိန်းထားသော ဘင်လာဒင်၏ အိမ်သားများထံမှ ရနိုင်သည်။ သို့သော် အမျိုးသမီးတစ် ဦး နိုင်ငံခြားသားများနှင့် သီးသန့် တွေ့ခွင့်ပြုရန် ဆိုသည်မှာ လက်ခံ ထားသော ယဉ်ကျေးမှု ထုံးစံနှင့် ဖီလာကန့်လန့်ဖြစ်နေသည်။ ထိုဇနီးသည်များကို အမေရိကန် အရာရှိများအား မေးမြန်းခွင့် ပြုခဲ့သော် လည်း၊ သီးသန့်တွေ့ဆုံမေးမြန်းခွင်
ပါကစ္စတန် သတင်းရပ်ကွက် များ၏ အဆိုအရ ဘင်လာဒင်၏ အခြားသော ဇနီးများသည် ဆီးရီးယား၊ ဆော်ဒီအာရေးဗျနှင့် အီရန် တို့တွင်ရှိနေပြီး၊ ၄င်းတို့သည် နေအိမ် အကျယ်ချုပ် ချခံထားရသည်ဟု သိရသည်။ ဘင်လာဒင်၏ အိမ်သားများ ထံမှအိမ်တွင်း နေ့စဉ် လုပ်ကိုင်လှုပ်ရှားမှုနှင့် အဝင်အထွက်ကို အဓိက ထားမေးမြန်းသည်ဟု ဂါးဒီးယန်း သတင်းစာက ဖော်ပြသည်။ ပါကစ္စတန် အစိုးရပိုင်းက ဘင်လာဒင်အား အကာအကွယ် ပေးထားခြင်း ရှိ-မရှိ။ မည်သူတွေက ဘင်လာဒင်အား ငွေကြေးထောက်ပံ့နေသည် ဆိုသည့် အချက်များလည်း ပေါ်ထွက်လာနိုင်သည်။
ဆက်လက်ဖော်ပြပါမည်။
Ref: Killing Bin Laden: How the U.S. Finally Got Its Man.
No comments:
Post a Comment