Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 9, 2014

အမေရိကန်နိုင်ငံသားစွန့်လွှတ်ရန် အခကြေးငွေ ၅ ဆတိုးမြှင့်မည်

အမေရိကန်နိုင်ငံသားအဖြစ်မှ စွန့်လွှတ်မည့်သူများကို ကောက်ခံမည့် အခကြေးငွေကို လာမည့် စက်တင်ဘာ ၁၂ ရက်နေ့မှ စတင်၍ ငါးဆ တိုးမြှင့်တော့မည် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသားစွန့်လွှတ်ရန် ရှည်လျားသော လုပ်ငန်းကိစ္စများ လုပ်ဆောင်ရသည့်အထဲမှ ယခုလက်ရှိ ဒေါ်လာ ၄၅၀ သတ်မှတ်ထားသော အခကြေးငွေကို စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့မှ စတင်ကာ ၂,၃၅၀ ဒေါ်လာသို့ မြှင့်တင်ပါမည်။
အမေရိကန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်လိုသူများသည် အမေရိကန် ကောင်စစ်ရေးရာ အရာရှိများက နှစ်ကြိမ်တိုင် အလေးအနက် စစ်ဆေးမေးမြန်းမှုကိုလည်း ခံယူရမည်ဖြစ်၏။ ၎င်းစစ်ဆေးမေးမြန်းမှုများတွင် မိမိသဘောဆန္ဒအလျောက် အမေရိကန်နိုင်ငံသား စွန့်လွှတ်ခြင်း ဟုတ်မဟုတ်နှင့် စွန့်လွှတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ တွေ့ကြုံရမည့် အကျိုးဆက်များကိုလည်း ရှင်းလင်းပြောကြားမည် ဖြစ်သည်။
အမေရိကန်နိုင်ငံသား ဖြစ်လာရန် စုစုပေါင်း ဒေါ်လာ ၁,၇၅၀ အကုန်အကျခံခဲ့ရပြီးနောက် စွန်လွှတ်ချင်ပြန်လျှင် စက်တင်ဘာ ၁၂ ရက်နောက်ပိုင်းတွင် ဒေါ်လာ ၂,၃၅၀ ပေးဆောင်ကြရဦးမည် ဖြစ်ပါသည်။အမေရိကန်နိုင်ငံသား ဖြစ်လာရန် စုစုပေါင်း ဒေါ်လာ ၁,၇၅၀ အကုန်အကျခံခဲ့ရပြီးနောက် စွန်လွှတ်ချင်ပြန်လျှင် စက်တင်ဘာ ၁၂ ရက်နောက်ပိုင်းတွင် ဒေါ်လာ ၂,၃၅၀ ပေးဆောင်ကြရဦးမည် ဖြစ်ပါသည်။မကြာသေးမီ နှစ်များအတွင်း အမေရိကန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်သူ အရေအတွက် တဟုန်ထိုး တိုးပွားလာခဲ့ပြီးနောက် အခကြေးငွေကို ၅ ဆ တိုးမြှင်လိုက်ခြင်း ဖြစ်သည်။ ၁၉၉၀ ခုနှစ်များ၏ အလယ်ပိုင်းနှင့် ၂၀၀၀ ခုနှစ်များ၏ အစောပိုင်းကာလများအထိ၊ အမေရိကန်နိုင်ငံသား စွန့်လွှတ်သူ အရေအတွက်သည် တစ်နှစ်လျှင် ရာဂဏန်းမျှသာ ရှိခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် စံချိန်တင် အများဆုံး ၃,၀၀၀ ရှိလာခဲ့သည်။
ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် တစ်ကမ္ဘာလုံးမှ အမေရိကန်နိုင်ငံသား စုစုပေါင်း ၁,၅၇၇ ဦး နိုင်ငံသားအဖြစ်မှ စွန့်လွှတ်သွားခဲ့ကြသည်။

အာရုံစိုက်စရာ အဆုံးအရှုံးများ

လတ်တလော အထင်ရှားဆုံး ဖြစ်ရပ်မှာ နာမည်ကြီး အမေရိကန် လူမဲအဆိုတော် တီနာ တန်းနားသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကာ ဆွစ်ဇာလန်နိုင်ငံသား ခံယူသွားခြင်း ဖြစ်ပါသည်။
အမေရိကန် နိုင်ငံရေးလောကကို လှုပ်ရှားသွားစေခဲ့သော အခြားဖြစ်ရပ်မှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို ပူးတွဲ ထူထောင်သူတစ်ဦး ဖြစ်သည့် အက်ဒွာဒို ဆာဗာရင်သည် အမေရိကန်နိုင်ငံသား စွန့်လွှတ်၍ စင်ကာပူနိုင်ငံသား ခံယူသွားခဲ့သည်။ သူနှင့်အတူ ဖေ့စ်ဘွတ်ခ် စတော့ရှယ်ယာများမှ ဒေါ်လာ ၄.၂ ဘီလျံကို ယူဆောင်သွားသောကြောင့် အမေရိကန် နိုင်ငံရေးခေါင်းဆောင်များ ဒေါပွခဲ့ကြရသည်။
သူ့ကိစ္စကြောင့် အမေရိကန် ဆီးနိတ် အထက်လွှတ်တော်အမတ် ချပ်ခ် ရှူးမားသည် ၎င်းအား အမေရိကန်နိုင်ငံသို့ လုံးဝ ခြေချခွင့် မပေးတော့ရန် ဥပဒေ အဆိုတင်သွင်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ သို့သော် နောင်တွင် အမေရိကန်နိုင်ငံသား စွန့်လွှတ်သူများအား အထွက်အခွန် ၃၀ % စည်းကျပ်ရန် တင်သွင်းထားသော ဥပဒေကြမ်းမှာ လွှတ်တော်တွင် စဉ်းစားသုံးသပ်နေဆဲ ဖြစ်သည်။
မူလက ဘရာဇီးလ်တွင် မွေးဖွားသော ဘရာဇီးလ်နိုင်ငံသား ဖြစ်ခဲ့သူ အက်ဒွာဒို ဆာဗာရင်သည်  အမေရိကန်နိုင်ငံတွင် ပညာသင်ကြားကာ နိုင်ငံသားခံယူပြီးနောက် ငွေကြေးအမြောက်အမြား ရရှိလာချိန်တွင် ကြီးလေးသော အခွန်ကောက်ခံမှုကို ရှောင်တိမ်းရန် နိုင်ငံသား စွန့်လွှတ်သွားခြင်းကြောင့် နိုင်ငံ့ခေါင်းဆောင်များက စိတ်ဆိုးမာန်ဆိုး ဖြစ်ခဲ့ရသည်။

အခွန်ရှောင်သူများကို ဖော်ထုတ်မည့် ဘဏ်ဥပဒေ

ငွေကြေးချမ်းသာသော အမေရိကန်များသည် အမေရိကန် ပြည်ထောင်စု၏ ကြီးမြင့်သော အခွန်ကို ရှောင်ရှားရန် အခြားနိုင်ငံများရှိ ဘဏ်တွင် ငွေစာရင်းဖွင့် အပ်နှံပြီး အခွန်တိမ်းရှောင်ကြသည်။ သို့သော် အမေရိကန် ပြည်ထောင်စုသည် ၂၀၁၀ ခုနှစ်တွင် နိုင်ငံခြားဘဏ်များရှိ ငွေကြေးမှ အခွန်ကောက်ခံရန် ဥပဒေ ပြဋ္ဌာန်းလိုက်ပြီး နိုင်ငံခြားဘဏ်များကို ၎င်းတို့ထံ အပ်နှံထားသော အမေရိကန်နိုင်ငံသားများ၏ ငွေစာရင်းကို သတင်းပို့ရန် ညွှန်ကြားခဲ့၏။
နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသားအဖြစ် စွန့်လွှတ်သူ တဟုန်ထိုး တိုးပွားလာခဲ့သည်။
သို့သော်၊ အချို့သူများမှာ အခွန်ကြောင့်မဟုတ်ပဲ မိသားစုကိစ္စနှင့် လူမှုရေးအခြေအနေကြောင့် အမေရိကန်နိုင်ငံသား စွန့်လွှတ်ကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အဆိုတော်ကြီး တီနာ တန်းနားသည် ဆွစ်ဇာလန်နိုင်ငံတွင် နှစ် ၂၀ ကျော် နေထိုင်နေကာ ဆွစ်အမျိုးသားနှင့် လက်ထပ်မည့် အချိန်တွင် အမေရိကန်နိုင်ငံသား စွန့်လွှတ်ခြင်း ဖြစ်၏။ ဆွစ်ဇာလန်သည် အမေရိကန် ပြည်ထောင်စုထက် အခွန်နှုန်း ပိုမို မြင့်မားသည်။

ပြန်သာပြန်ပါရွှေဟင်္သာရယ်

အခြားနိုင်ငံသား ခံယူပြီးမှ မြန်မာနိုင်ငံသား ပြန်လည် လျှောက်ထားသူ အရေအတွက်သည် ဇူလိုင် ၃၁ ရက်အထိ စာရင်းအရ ၁၆၀ ရှိပြီး ၎င်းတို့အနက် ၆၅ ဦးကို ခွင့်ပြုခဲ့ကြောင်းနှင့် ၃၇ ဦးမှာ မြန်မာနိုင်ငံသား ရရှိသွားပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံသား ပြန်လည် လျှောက်ထားသူများတွင် အမေရိကန်နိုင်ငံသား မည်မျှ ပါဝင်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

အမေရိကန် ပြည်ထောင်စုတွင် မွေးဖွားသူမဟုတ်ပဲ အမေရိကန်နိုင်ငံသားဖြစ်လာနိုင်ရန် ဂရင်းကဒ်ခေါ် အမြဲတမ်းနေထိုင်ခွင့်အတွက် ဒေါ်လာ ၁,၀၇၀ နှင့် နိုင်ငံသားခံယူရန် ဒေါ်လာ ၆၈၀ ပေးဆောင်ကြရပါသည်။ အမေရိကန်နိုင်ငံသား ဖြစ်လာရန် စုစုပေါင်း ဒေါ်လာ ၁,၇၅၀ အကုန်အကျခံခဲ့ရပြီးနောက် စွန့်လွှတ်ချင်ပြန်လျှင်လည်း စက်တင်ဘာ ၁၂ ရက်နောက်ပိုင်းတွင် ဒေါ်လာ ၂,၃၅၀ ပေးဆောင်ကြရဦးမည် ဖြစ်ပါသည်။

http://kabarthit.com/index.php?option=com_content&view=article&id=427%3A2014-09-06-01-23-57&catid=8%3A2013-10-13-17-09-02&Itemid=214

No comments:

Post a Comment