Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 4, 2014

စမိုင်းလ်လုပ်မယ့် ထူးခြားတဲ့ စီးပွားရေး ဘာဖြစ်မလဲ


(ရန်ကုန်၊ စက်တင်ဘာ ၁ )

ထူးခြားသည့် စီးပွားရေး လုပ်ငန်း အသစ်တစ်ခု စတင်လုပ်ရန် ရှိကြောင်း စမိုင်းလ်က ပြောသည်။
”ကိုယ့်ဆီ ဖုန်းဝင်လာတိုင်းမှာ ကြော်ငြာ တစ်ခုလာမယ်။ ကိုယ်က ဖုန်း ကို ချက်ချင်း မကိုင်ဘဲ ကြော်ငြာကို ကြည့်ရင် ပိုက်ဆံရတယ်” ဟု စမိုင်းလ် က ပြောသည်။
စမိုင်းလ်က လတ်တလောမှာ Y-talk၊ နှင့် မိတ်ကပ်စတိုး လုပ်ငန်းများ အောင်မြင်ပြီး လုပ်ငန်း အသစ်များကို ထပ်မံချဲ့ရန် ရှိကြောင်း သိရသည်။
”ဒီ စီးပွားရေးကိုလုပ်ဖို့ စီစဉ်လာ တာ တစ်နှစ်ကျော် လာပြီ။ အက်ပလီ ကေးရှင်းကို ဖရီးဒေါင်းလုတ် ဆွဲလို့ရ တယ်။ အသေးစိတ်ကို စာနယ်ဇင်းရှင်း လင်းပွဲ လုပ်မှာပါ” ဟု စမိုင်းလ် က ပြော သည်။
”ဖုန်းလာတိုင်း ပိုက်ဆံရတယ် ဆို တာ အပြောပဲ ရှိခဲ့တာ။ အခု အကောင် အထည်ဖော် လိုက်တာပါ။ ပိုက်ဆံကို စုပြီး တစ်လ တစ်ခါ ရုံးမှာ လာထုတ် လို့ ရတယ်” ဟု လည်း ဆိုသည်။
စမိုင်းလ်က ”ဒီ စီးပွားရေးက ပထမ ဆုံးဆိုတော့ လုပ်ရတာလည်း တော် တော် ခက်တယ်။ ကြော်ငြာသမားတွေ အတွက်ကလည်း ထိရောက်ဖို့ အရေး ကြီးတယ်”ဟု ဆက်ပြော သည်။
ထူးထူး
Popular Myanmar

No comments:

Post a Comment