Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 14, 2014

မန္တလေးဗကသကျောင်းသူကို လက်ပန်းတောင်းအမှုနဲ့ ဖမ်းဆီး



ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် မန္တလေးခရိုင်အဖွဲ့ ဝင် မဖြူနှင်းထွေးကို လက်ပံတောင်း
တောင်ကြေးနီစီမံကိန်းဒေသ မှာ မေလကဖြစ်ခဲ့တဲ့ ရွာသားတွေနဲ့ တရုတ်ဝန်ထမ်း တွေရဲ့ပဋိပက္ခနဲ့ ပတ်သက်လို
ရဲ တပ်ဖွဲ့ က မနေ့ ကနေ့ လည်မှာ မန္တလေးမြို့ နေအိမ် ကနေဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ က လက်ပံတောင်းတောင်ဒေ သခံတွေ ဝမ်ဘောင်ကုမ္ပဏီက တရုတ်နိုင်ငံသားနှစ်ဦး ကို ခေတ္တထိမ်းသိမ်းခဲ့ပါတယ်။


အဲဒီကာလမှာ မဖြူနှင်းထွေးက ဒေသခံတွေနဲ့ အတူရှိနေ တဲ့အတွက် သူ့ ကို ပြန်ပေးဆွဲ မှုနဲ့ တရားစွဲ ထားပြီး၊ မနေ့ 
ကဖမ်းသွားတဲ့အကြောင်းနဲ့  ဒီကိစ္စကို အဖွဲ့ ဝင်တွေရဲ့သဘောထား အတိုင်း ဆက်လက် ဆောင်ရွက်သွား မယ့်အကြောင်း ဗကသများအဖွဲ့ ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက RFA ကိုပြောပါတယ်။

"နေ့လည် ၁၂ နာရီကျော် ၁ နာရီလောက်မှာ သူ့အိမ်ရှေ့က ရဲနှစ်ယောက်ကလာပြီးတော့ စောင့်နေတယ်၊ အပြင်ထွက်လို့မရဘူးပေါ့၊ သူအပြင်ထွက်ဖို့တော့ သူငယ်ချင်းအိမ်ကို တယ်လီဖုန်းဆက်ပြီးတော့ ကြိုးစား
သေးတယ်၊ ဒါပေမယ့် သူအပြင်ထွက်လို့မရဘူး၊ သူ့တို့မှာ ဝရမ်းပါတယ်ပြေပြီးတော့ဖမ်းတယ်၊ ဖမ်းပြီး ချက်ချင်း ဆားလင်းကြီးမြို့နယ် တရားရုံးမှာတရားစွဲတင်ပြီးတော့ နောက်တောင်ကျနေပြီဆိုပြီးတော့ စစ် ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ကို ချက်ချင်းရွေ့လိုက်တယ်ခင်ဗျ၊ ကျနော်တို့ သိရတာကတော့ ၃၆၈ 
ပြန်ပေးမှုလို့ပြောထားတယ်ခင်ဗျ၊ မဖြူနှင်းထွေး လွတ်မြောက်ရေး အတွက်ကို ကျနော်တို့ အတက်နိုင် ဆုံးတော့ ကြိုးစားကြည့်မယ်၊ ဥပဒေလမ်းကြောင်း အတိုင်းတော့ ကျနော်တို့ ကြိုးစားသွားဖို့ အစီအစဉ်ရှိ တယ်၊ နောက်ပိုင်းဘာဆက်လုပ် မလဲဆိုတော့ ကျောင်းသားတွေဘက်က ဆန္ဒနဲ့ဆိုင်တယ်၊ ကျောင်းသား
တွေဘက်က ဆုံးဖြတ်ချက်တွေနဲ့လည်းဆိုင်တယ်"

ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းနှစ်ဦးကိုရွာသားတွေဖမ်းလိုက်တဲ့ကိစ္စအတွက် ဒေသခံ ၆ ဦးနဲ့  မဖြူနှင်းထွေး ကို ပြန်ပေးဆွဲတဲ့အမှုနဲ့ တရားစွဲခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံချစ်ကြည်ရေးအရဆိုပြီး၊ တရားရုံးသွားခဲ့တဲ့ ရွာသား ၅ ယောက်ကို ဝမ်ပေါင်ကုမ္ပဏီက အမှုရုတ်သိမ်းပေးခဲ့ပါတယ်။ တရားရုံးမသွားခဲ့တဲ့ မဖြူနှင်းထွေးနဲ့ နောက် တစ်ယောက်ကို တရားခံပြေးအဖြစ်အမှုဖွင့် ထားတာဖြစ်ပါတယ်။

မဖြူနှင်းထွေးဟာ ရတနာပုံအဝေးသင်တက္ကသိုလ်မှာ မြန်မာစာအဓိကဘာသာရပ် သင်ယူနေတဲ့ ကျောင်း သူဖြစ်ပြီး၊ ကျောင်းသားသမဂ္ဂမှာတက်တက်ကြွကြွပါဝင်နေသူဖြစ်သလို၊ လက်ပံတောင်း တောင်ကြေး နီစီမံကိန်းဒေသက မြေယာသိမ်းခံရတဲ့တောင်သူတွေအတွက်လဲ ကူညီနေသူဖြစ်တယ် လို့ သိရပါတယ်။
RFA 
-----------------------------------------------------------------
Thiha Myokyaw ရဲ့ မန့်ကိုယူပြီးအများပြည်သူသိရအောင်ပြန်တင်ပေးလိုက်ပါ...
.

မဖြူနှင်ထွေးက ကျွန်တော်တို့ မန်းလေးခရိုင် ဗကသ ကပါ ကျောင်းသူတစ်ဦးပါ
ခုသူ့ကို မုံရွာ အမှတ် ၁ ရဲစခန်းမှာထိန်းသိမ်းထားပါတယ်
ဘယ်သူ နဲ့ မှလည်း သူ့ကို တွေ့ခွင့်မပေးပါဘူး
မနက်ဖြန် ယင်းမားပင် တရုံးပို့မယ်လို့ ကြားပါတယ်ခင်ဗျ
မနှင်းအိဖြူဟာ 
စစ်ကိုင်း မန္တလေး အစရှိတဲ့မြို့တွေမှာ
အမျိုးသားပညာရေးမူကြမ်းနဲ့ ပတ်သတ်ပြီး ဆန့်ကျင်လှုပ်ရှားတုန်းကလည်း
အရမ်းတက်ကြွတဲ့ ကျောင်းသူတစ်ဦးပါ
ဒီလို ကျောင်းသူတစ်ယောက်ကို စာမေးပွဲဖြေဆိုခါနီးမှ တရားဆွဲထောင်ချတယ်ဆိုတာ
တော်တော်အောက်တန်းကျတဲ့ လုပ်ရပ်ပါ……
ကျွန်တော်တို့ အမြင်ပြောမယ်ဆိုရင်
ကျောင်းသားတွေ ပညာရေးမူကြမ်းကြီးကို စိတ်မဝင်စားလာအောင်ရယ် ကျောင်းသားတွေကြောက်အောင် ခြောက်တယ်ပြီး အဲ့ဒီဘက် စိတ်မရောက်အောင်လမ်းလွဲတယ်လို
့ထင်ပါတယ်
အဲ့ဒါကြောင့် ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေ ဗကသ တွေ စုပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်
https://www.facebook.com/photo.php?fbid=1462522384029000&set=a.1388660651415174.1073741828.100008137561860&type=1&theater

No comments:

Post a Comment