ဓါတ်ပုံ-မောက္ခပညာရေး
အမျိုးသားပညာရေးဥပ ဒေမူကြမ်းအပေါ်ကျောင်းသားသ မဂ္ဂများဆန္ဒပြနေမှုနှင့်ပတ်သက် ၍
ဖျောင်းဖျပေးရန်ပညာရေးဝန် ကြီးကတက္ကသိုလ်ဆရာ၊ ဆရာမ
များအသင်းတာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်းသတင်းရရှိ သည်။
ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဒေါ် ခင်စန်းရီ၊
အဆင့်မြင့်ပညာဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော် ဌေးနှင့်
ပါမောက္ခချုပ်ဒေါက်တာ အောင်မင်းတို့သည် တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းမှ
ဒေါက်တာ စိုင်းခိုင်မျိုးထွန်းနှင့် ဒေါက်တာ အာကာမိုးသူတို့ အား
တွေ့ဆုံပြောကြားခဲ့ခြင်း ဖြစ် သည်။
‘‘ကျောင်းသားဆန္ဒပြပွဲတွေ ထပ်ဖြစ်မှာ စိုးရိမ်တဲ့ သဘောရှိတယ်။
ကျောင်းသားတွေကို ဖျောင်းဖျပေးဖို့လည်းပြောတယ်။ ကျောင်းသားတွေက သူတို့ယုံ
ကြည်ချက်နဲ့လုပ်ကြတာဖြစ်တဲ့အ တွက် ကျွန်တော်တို့က ဘာမှလုပ်
မပေးနိုင်ဘူးလို့ပြောခဲ့တယ်။ တစ် စုံတစ်ရာသဘောတူညီမှုမရှိခဲ့ပါ ဘူး’’ဟု
ဒေါက်တာအာကာမိုးသူ ကပြောသည်။
ပညာရေးဝန်ကြီးဌာန တာ ၀န်ရှိသူများက တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းမှ ဆရာများ
နှင့်အလွတ်သဘောတွေ့ဆုံဆွေး နွေခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီး က
ထပ်မံတွေ့ဆုံလိုသည်ဟု ပြောကြားခဲ့သည်ဟုဆိုသည်။
ပြည်ထောင်စုလွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်က သဘော
ထားမှတ်ချက်ပေးပို့ထားသောအ မျိုးသားပညာရေး ဥပဒေမူကြမ်းကို ဒေသအသီးသီးရှိ
တက္ကသိုလ် ကျောင်းသားသမဂ္ဂများက ကန့် ကွက်ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိ သည်။
အဆိုပါဥပဒေမူကြမ်းကို အ ရပ်ဘက်ပညာရေး အဖွဲ့အစည်း များဖြင့် စုစည်းထားသောပညာ
ရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင် ငံလုံးဆိုင်ရာကွန်ရက်(NNER)နှင့်
တက္ကသိုလ်ဆရာ၊ ဆရာမများအ သင်းက ကန့်ကွက်ကြောင်းထုတ် ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအ မျိုးသားပညာရေးဥပဒေဖြစ်လာ နိုင်သော
ဥပဒေမူကြမ်းသည်ပြည် သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်အကြားသဘောထား
ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ တော်သမ္မတကလည်း အတည်ပြု
လက်မှတ်ရေးထိုးခြင်းမရှိဘဲ သ ဘောထားမှတ်ချက်ပြန်လည်ပေး ပို့ထားသည်။
7DayDaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, September 7, 2014
ကျောင်းသားသမဂ္ဂများ ဆန္ဒပြနေမှု တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း ဖျောင်းဖျပေးရန် ၀န်ကြီးပြောကြား
ကျောင်းသားသမဂ္ဂများ ဆန္ဒပြနေမှု တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း ဖျောင်းဖျပေးရန် ၀န်ကြီးပြောကြား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 07, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment