Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 12, 2014

မူးယစ်ဆေးတွေ စံချိန်တင် ဖမ်းမိတဲ့ ရဲထွန်းကျော်ရဲ့ ဘ၀ဇာတ်ကြောင်း

ရဲထွန်းကျော်သည် အသက် ၃၅ နှစ်ရှိပြီး စစ်တွေဇာတိဖြစ်သည်။ ဖခင် ကွယ်လွန်ပြီး မိခင်သာရှိသည်။ ဇနီးဖြစ်သူ ခင်သန္တာဝင်းနှင့် သက်တူရွယ်တူ ကျောင်းနေဖက်ဖြစ်ပြီး အသက်၂၀တွင် အိမ်ထောင်ပြုခဲ့သည်။ ရဲထွန်းကျော်သည် ညီအစ်ကို မောင်နှမ သုံးဦးရှိပြီး ယောက်ဖ ဖြစ်သူမှာလည်း မူးယစ်ဆေး အမှုဖြင့် မောင်တောတွင် ဖမ်းဆီးခံထားရသည်။ စစ်တွေတွင် နေထိုင်ရင်း ရေခဲစက်နှင့် ရေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

ထို့ပြင် စစ်တွေတွင် တံတား ဆောက်နေသော အိန္ဒိယအက်ဆာ ကုမ္ပဏီမှ မစ္စတာဆူးရက်နှင့် တွဲမိပြီး အဆိုပါ စီမံကိန်းသို့ ဆောက်လုပ်ရေး ပစ္စည်းများ ပေးသွင်းခဲ့သည်။ ကုလားတန်မြစ် စီမံကိန်းတွင်လည်း ကျောက်စရစ်နှင့် သဲများသွင်းခဲ့သည်။ ရခိုင်ပင်လယ်ပြင်တွင် ကမ်းလွန်ရေနံ တူးဖော်နေသော ကုမ္ပဏီများသို့လည်း စက်သုံးဆီနှင့် အစားအသောက်များ သွင်းသည့်လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ထိုသို့ ပစ္စည်းများ သယ်ဆောင်သည့် သင်္ဘောငါးစီးကိုလည်း အခြားသူများနှင့် အစုစပ် ပိုင်ဆိုင်ထားသည်။ ရန်ကုန်သို့ ၂၀၀၃ခုနှစ်တွင် ရောက်ရှိပြီး ဘုရင့်နောင်ဖက်တွင် စားသောက်ဆိုင်ကြီး တစ်ခု ဖွင့်လှစ်ခဲ့သော်လည်း အရှုံးပေါ်ခဲ့သည်။ နာဂစ် အပြီးတွင် ပျက်စီးသွားသော အဆောက်အဦးများ ပြန်လည်ပြင်ဆင်ရေးတွင် ကန်ထရိုက်ရခဲ့ရာမှ စီးပွားရေး အနည်းငယ် အဆင်ပြေလာခဲ့သည်။

ယခု လက်ရှိနေသော မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ ကုန်း မြင့်ရိပ်သာလမ်းရှိ အိမ်အမှတ် (၁၈/၅)ကို လွန်ခဲ့သော နှစ်နှစ် ဖြစ်သည့် ၂၀၁၂ ခုနှစ်တွင်မှ သိန်းတစ်သောင်းနှစ်ထောင်ဖြင့် ၀ယ်ယူခဲ့သည်။ ဇနီးဖြစ်သူမှာ ယုဇနပလာဇာ နောက်ဖက်တန်း မြေညီထပ်တွင် တရုတ်နိုင်ငံမှ လာသော အထည်များနှင့် အမျိုးသမီးသုံး ပစ္စည်းများကို လက်ကားဆိုင် ဖွင့်လှစ်ထားသည်။ ရဲထွန်းကျော်သည် လက်ရှိတွင် မြောက်ဦးရှိ အစိုးရပိုင် မြောက်ဦးဟိုတယ်ကို လေလံအောင်ကာ လုပ်ကိုင်ခွင့် ရရှိထားပြီး ထိုဟိုတယ်သို့ ထွက်ပြေး တိမ်းရှောင်စဉ် မြောက်ဦးရှိသူ၏ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း၏ နေအိမ်တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

သူတို့လင်မယားသည် Natural Force ကုမ္ပဏီ ထူထောင်ထားပြီး မူးယစ်ဆေးပြား သုံးသိန်းတစ်သောင်း၊ ဘိန်းဖြူ ၃၅၀ဂရမ်နှင့် ပစ္စတိုသေနတ် ၂လက်ကို သြဂုတ်လ ၂၉ရက်က ဗညားဒလလမ်း နှင့် ကုန်းမြင့်ရိပ်သာ အိမ်တွင် နှစ်နေရာခွဲပြီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က ဇနီးကို ဖမ်းဆီးစဉ် ဇနီးက ခင်ပွန်းဖြစ်သူကို ဖုန်းဆက်သဖြင့် တာဝန်ရှိသူများက လာရောက် အဖမ်းခံရန် ပြောခဲ့သော်လည်း သူ၏ကားဖြစ်သော တိုယိုတာ ကလူဂါကား ယာဉ်အမှတ် (2E/8123)ဖြင့် ထွက်ပြေး တိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။ ထိုဖမ်းမိသော မူးယစ်ဆေးဝါးများမှာ ရန်ကုန်တွင် တစ်နှစ်လုံး ဖမ်းဆီးရမိသည့် အရေအတွက်ထက်ပင် များနေသဖြင့် အမှုတစ်ခုတည်းတွင် ရန်ကုန်၌ စံချိန်တင်ဖမ်းမိခြင်း ဖြစ်သည်။ ထိုအမှု၏ နောက်ကွယ်တွင် ပါဝင် ပတ်သက်သူများကိုလည်း ရဲတပ်ဖွဲ့က ဆက်လက် ဖော်ထုတ်လျက်ရှိသည်။

ကော့သောင်းအနီး မြန်မာ့ ပင်လယ်ပြင်မှ ဖမ်းမိသော စက်လှေတွင်မူ အမှုတစ်ခုချင်းအလိုက် တစ်နိုင်ငံလုံး စံချိန်တင် ဖမ်းမိခြင်း ဖြစ်ပြီး မူးယစ်ဆေးပြားပေါင်း ၂၃၈၅၀၀၀ (နှစ်ဆယ့်သုံးသိန်း ရှစ်သောင်းငါးထောင်) ဖြစ်သည်။ မူလ ဖမ်းဆီးမိသော တရားခံမှာ ၁၅ဦးဖြစ်ပြီး ထပ်တိုးတရားခံ နှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ ထိုအမှုတွင် ပါဝင် ပတ်သက်နေသူ အချို့မှာလည်း နယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများမှဖြစ်ကြောင်း သိရသည်။

Tomorrow Journal

No comments:

Post a Comment