Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 8, 2014

ငယ်ဘဝအိပ်မက်အကြောင်း ပြောပြတဲ့ မိုးစက်ဝိုင်


Miss Universe Myanmar 2013 အလှမယ် မိုးစက်ဝိုင်က ငယ်စဉ်ကလေးဘဝမှာ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖူးခဲ့ချင် ကြောင်း ပြောပြခဲ့ပါတယ်။ ငယ်စဉ် ကလေးဘဝ မှာ အဖြစ်ချင်ဆုံး အိပ်မက်နဲ့ပတ်သက်ပြီး မိုးစက်ဝိုင်က

“ငယ်ငယ်တုန်းက သိပ်ဖြစ်ချင် ခဲ့တဲ့အရာဆိုရင် ရုပ်ရှင်တွေကြည့် ရင် ကလေးသဘာဝအရ မင်းသမီးဖြစ်ချင်တယ်။ ရဲကားကြည့်ရင် ရဲမေ ဖြစ်ချင်တယ်။ စီးပွားရေး လုပ်ငန်းကားတွေကြည့်ရင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ချင်တယ်။ ဒါပေမဲ့ ဘဝမှာ ဒီလောက်အများကြီး မဖြစ် နိုင်ဘူးလေ။ အဖြစ်ချင်ဆုံးဆန္ဒဆိုရင် စိတ်ကူးယဉ်ခဲ့တဲ့ဘဝက ငါသရုပ်ဆောင်ဖြစ်ရင် ဒါတွေအကုန်လုံးဖြစ်ခွင့်ရမယ်။ လုပ်ခွင့် ရမယ်။ ဒီဘဝတွေက ဒီသရုပ်ဆောင်အနုပညာ ကနေ ရနိုင်မယ်ဆိုပြီး စိတ်ကူးယဉ်ခဲ့တာ။ သရုပ်ဆောင် မင်းသမီးပေါ့” လို့ပြောပြပါတယ်။ စိတ်ကူးယဉ်တဲ့ ဘဝနဲ့ အခုလက်တွေ့ကျလား၊ လူငယ်တစ်ဦးဖြစ် လာတဲ့အခါ အဲဒီအတွေးတွေ ပြောင်းသွားတာကော ရှိလားလို့ မေး ကြည့်တော့…

“ထပ်တူကျလားဆိုတော့ အခုတော့ မိုးစက်ကMiss Myanmar တစ်ဦးဆိုတော့ ပိုပြီးတော့ ပီတိဖြစ်ပါတယ်။ မိုးစက် အရွယ်ရလာတဲ့အခါမှာ ကိုယ့်အတွက်အရေးကြီး တဲ့ ခြေလှမ်းက ကျောင်းပြီးရမယ်။ မိုးစက်အနေနဲ့ စီးပွားရေးလုပ်ငန်းမှာပဲ အခြေ ခိုင်ရမယ်လို့ ယုံကြည်လာတယ်။ ဒီလိုအခြေခိုင်မှပဲ ကိုယ် ကူညီချင်တဲ့လူတွေကို ကူညီနိုင် မယ်။ မိသားစုကိုလည်း ထောက်ပံ့ ပေးနိုင်မှာဆိုပြီး အတွေးအခေါ်ပြန်ပြောင်း သွားတယ်။ ကလေးဘဝက လိုချင်တာပဲ ကိုယ်သိခဲ့တယ်။ သေချာ မစဉ်းစားမိဘူး။ နောက် ပိုင်းမှာ ဦးနှောက်နဲ့ သေချာစဉ်းစားတော့ ကိုယ့်အတွက် စီးပွားရေးလုပ်တာက အကောင်းဆုံးဖြစ်သလို ကိုယ်ပေး လှူချင်တာလည်း လုပ်လို့ရတယ်ဆို တာ နားလည်လာ တယ်” လို့ မိုးစက်ဝိုင်က ပြောပြခဲ့ပါတယ်။

ထုးထူး
Photo: LIN TUN (Leopard)

Popular Journal

No comments:

Post a Comment