Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 14, 2014

ဒိုက်ထိုးပြိုင်ပွဲမှာ ဗိုလ်လောင်းကို အနိုင်ယူခဲ့သည့် ဆယ်ကျော်သက်မိန်းကလေး


ကြံ့ခိုင်မှု ပြိုင်ပွဲတစ်ရပ်တွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက အမေရိကန်စစ်တပ် ဗိုလ်လောင်းထက် ဒိုက်အကြိမ်ရေ (၃၀)ပိုထိုးပြီး အနိုင်ယူခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စနေနေ့က အမေရိကန်နိုင်ငံ၊ ကာရိုလိုင်းနားပြည်နယ် မြောက်ပိုင်းတွင် စစ်တပ်မိသားစုဝင်များ ရန်ပုံငွေပွဲအဖြစ် ကိုယ်လက်ကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပခဲ့ရာတွင် ကေလင်းမင့်ဇ်ဟု အမည်ရသည့် ဆယ်ကျော်သက် မိန်းကလေးက အမေရိကန်စစ်တပ်မှ ဗိုလ်လောင်းတစ်ဦးနှင့် ပြိုင်၍ ဒိုက်ထိုးခဲ့ခြင်းဖြစ်သည်။

အချက်ရေ များလာချိန်တွင် သက်လုံကျလာသည့် ဗိုလ်လောင်းက အသက်ရူရန် မကြာခဏ အချိန်ယူခဲ့ရသော်လည်း ကေလင်းမင့်ဇ်မှာ မောပန်းသည့်ပုံမပေါ်ခဲ့ဘဲ မရပ်မနား ဒိုက်ထိုးနိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦး၏ ယှဉ်ပြိုင်မှုတွင် ကေလင်းမင့်ဇ်က ဒိုက် (၈၄)ကြိမ် ထိုးနိုင်ခဲ့ပြီး ဗိုလ်လောင်းမှာ (၅၄)ကြိမ်သာ ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် ပရိသတ်များက တစ်ခဲနက် ချီးကျူးခဲ့ကြပြီး အမေရိကန် ဗိုလ်လောင်းများ ၀က်ဘ်ဆိုက်က ၎င်းတို့အနေဖြင့် ကေလင်းမင့်ဇ်၏ လေ့ကျင့်ရေး အစီအစဉ်များကို နည်းနာယူရမည်ဟု ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် အမေရိကန် တပ်ကြပ်ကြီး မန်လေကလည်း ကေလင်းမင့်ဇ်ကို ၎င်း၏ သူရဲကောင်းလေးတစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီဟု ဂုဏ်ပြုခဲ့သည်။ အံ့အားသင့်ဖွယ် ကြံ့ခိုင်မှုမျိုး ပိုင်ဆိုင်ထားသည့် ကေလင်းမင့်ဇ်မှာ အငယ်တန်း အိုလံပစ် အားကစားမယ်တစ်ဦးဟု ယူဆရဖွယ်ရှိကြောင်း သိရသည်။

Ref: foxcarolina
Nz(ရိုးရာလေး)

No comments:

Post a Comment