Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 10, 2014

မြန်မာပြည်မှာ အမြဲနေခွင့်ဗီဇာ ငါးနှစ်ပေးတော့မယ်



မြန်မာနိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် PR ဗီဇာကို လာမယ့် အောက်တိုဘာလ လလယ်မှာ စတင် လျှောက်ထားခွင့်ပြုတော့မယ် လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ဘီဘီစီ ကို ပြောပါတယ်။

အမြဲတမ်းနေထိုင်ခွင့် PR ဗီဇာ ကို ပေးတဲ့အခါမှာ အမျိုးအစား ငါးမျိုးခွဲခြားထားပြီး တစ်ကြိမ်လျှောက်လို့ ခွင့်ပြုချက်ကျရင် ငါးနှစ်နေခွင့်ပြုမှာပါ။ အဆိုပါ အမျိုးအစး ငါးမျိုးထဲမှာ လုံလောက်တဲ့ ငွေပမာဏ ယူဆောင်လာပြီး မြန်မာပြည်တွင်းမှာ လာရောက် ရင်းနှီးမြှပ်နှံနိုင်သူ၊ ဆရာဝန် အင်ဂျင်နီယာ အစရှိတဲ့ ပညာရှင်တွေ၊ ဒါ့အပြင် မြန်မာနိုင်ငံသားဟောင်းတွေ ဖြစ်ပြီး ပြည်ပနိုင်ငံသား အဖြစ်လည်း မစွန့်လွှတ်လိုပဲ မိမိဇာတိနိုင်ငံကို ပြန်လာပြီး တတ်မြောက်ထားတဲ့ ပညာနဲ့ နိုင်ငံကို အကျိုးပြုလိုသူတွေကိုလည်း လက်ခံမယ့် အကြောင်း ရှင်းပြပါတယ်။

မြန်မာပြည်ဖွား နိုင်ငံသားတွေ နဲ့ အိမ်ထောင်ကျတဲ့ နိုင်ငံခြားသူ၊ နိုင်ငံခြားသားတွေ အပြင် သူတို့က ပေါက်ဖွားတဲ့ သားသမီးတွေပါ အကျုံးဝင်ကြောင်း သိရပါတယ်။

တစ်ကြိမ်ကို နေခွင့် ငါးနှစ်ပေးပြီးတဲ့နောက်ပိုင်းမှာ၊ နောက်ထပ် ဆက်လက်နေလိုရင် နှစ်စဉ် စီစစ်မှု အရ၊ ပြဿနာ ကင်းရှင်းခဲ့ရင် နောက်ထပ် ငါးနှစ် သက်တမ်းလျှောက်ထားလို့ ရတဲ့ အကြေင်း ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ရှင်းပြပါတယ်။

မြန်မာပြည်တွင်းကနေ ပြည်ပထွက်လိုရင်လည်း၊ မိမိသက်ဆိုင်ရာ နိုင်ငံရဲ့ ပတ်စပို့ သို့မဟုတ် မြန်မာ ပတ်စဖို့ နဲ့ ထွက်နိုင်ကြောင်း၊ ပြန်ဝင်လာရင်လည်း PR ဗီဇာ နဲ့ ပြန်လာနိုင်ကြောင်း ပြောပါတယ်။

ပညာရှင်လို့ သတ်မှတ်ရာမှာလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ရွေးချယ်မယ့် ကိုယ်စားလှယ် အဖွဲ့တွေ ဖွဲ့ပေးဖို့ ရှိတဲ့အကြောင်း၊ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဘီဘီစီ ကို ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2014/09/140909_perminant_resident_myanmar.shtml

 

No comments:

Post a Comment