Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 6, 2014

ပရိသတ်ကြိုက်ပါစေ မရည်ရွယ်ပဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီးသာ ပရိသတ်ရှေ့ ချပြမှာပါလို့ ဆိုတဲ့ လှိုင်ဦးမော်

စန္ဒီ
တစ်ကိုယ်တော်အခွေ သုံးခွေ ထွက်ရှိထားပြီးဖြစ်ပြီး ပရိသတ်ပေးတဲ့နေရာတစ်နေရာကို အခိုင်အမာ ရရှိထားတဲ့ အဆိုတော်လှိုင်ဦးမော်ကို နောက်ထပ် သူ့ရဲ့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီးမေးဖြစ်ခဲ့တာကတော့
အကာင်းဆုံးတေးများ အခွေက ပရိသတ်ရှေ့ကိုဘယ်တော့လောက်ချပြမလဲ။
အဲဒီ့အခွေကPTL မှာအသံသွင်းနေတုန်းပါပဲ။ မပြီးသေးပါဘူး။ ဒီကြားထဲမှာ အတွဲခွေတွေ နှစ်ခွေ ထွက်ဖို့တော့ရှိမယ်။
ပျော်ပါစေနဲ့ ခံစားဖို့နှစ်သက်ရာ သီချင်းက ပရိသတ်ကြားမှာ ရေပန်းစားလူကြိုက်များခဲ့တာဆိုတော့ အဲဒါလေးနဲ့ ပတ်သက်ပြီးပြောပြပေးပါဦး။
ကျွန်တော်ကပရိသတ်ကြိုက်ပါစေလို့ ဆိုပြီးရေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ကြိုက်တာကိုပဲ ပရိသတ်ရှေ့ကိုချပြတာပါ။ နောက်ထပ်ကျွန်တော်ကြိုက်တာတွေကိုပဲ ပရိသတ်ကိုထပ်ချပြပေးအုံး မှာပါ။
သီချင်းရေးစပ်တဲ့အခါ mood သွင်းတဲ့အပိုင်းမှာ ဘယ်လိုစိတ်ခံစားချက်ထည့်ပြီး ရေးစပ်တတ်သလဲ။
သီချင်းရေးတဲ့အချိန်ကျရင် ဂစ်တာ တီးရင်းနဲ့ပဲ ရေးတာပါ။ ဂစ်တာတီးရင်းနဲ့ ကိုယ့်ဘာသာကိုယ် မယ်လိုဒီ ရှာတယ်။ တစ်ခါတစ်လေ ကျရင်လည်း လမ်းသွားနေရင်းနဲ့ မယ်လိုဒီ လေးရွတ်သွားတာမျိုး။ အိမ်ပြန်ရောက်မှ ဂစ်တာလေးကောက်ကိုင်ပြီးတော့ သီချင်းတစ်ပုဒ် ကောက်ရေးရင် ရေးလိုက်တာမျိုးပါ။ ညနေခင်းနဲ့ မနက်ခင်းမှာသီချင်းရေးတာများတယ်။
လှိုင်ဦးမော်ရဲ့သီချင်းတွေက တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ်ကြိုက်နှစ်သက်ကြတာ တွေ့ရတော့ ဘယ်လိုခံစားမိပါသလဲ။
ပရိသတ်နဲ့ ကျွန်တော်နဲ့ကြားမှာ အကြိုက်ချင်းတူသွားတာပဲ ဖြစ်ပါလိမ့်မယ်။
လှိုင်ဦးမော်အနေနဲ့ အနုပညာဝမ်းစာနဲ့ပတ်သက်ပြီး ဘယ်လိုဖြည့်ခဲ့ရသလဲ။
အနုပညာဆိုတာ တကူးတကကြီး လုပ်ယူစရာမလိုဘူး။ ကျွန်တော်ငယ်ငယ်လေးကတည်းက ခံစားခဲ့တဲ့ အနုပညာကို ရင်ထဲမှာအောင်းနေခဲ့တဲ့ မြူးဇစ်တွေကို ထပ်ပြီးထပ်ပြီးဖြစ်လာတဲ့အရာတွေကို ပရိသတ်ရှေ့ကို ရိုးရိုးသားသားလေးပဲ ချပြလိုက်တာပါပဲ။
အကောင်းဆုံးတေးများ ထဲမှာဘယ်လိုသီချင်းတွေထပ်ပြီးပါဝင်ဖြစ်ဦးမလဲ။
ကျွန်တော်တစ်ကိုယ်တော်အခွေသုံးခွေ ထွက်ရှိထားတဲ့ ထဲက ပရိသတ်ကြိုက်တဲ့သီချင်းရော၊ ကျွန်တော်ကြိုက်နှစ်သက်တဲ့ သီချင်းတွေ ပါဝင်မှာပါ။ ပြီးတော့ကျွန်တော် ဟိုးအရင်က တက္ကသိုလ်အမှတ်တရဆိုပြီး ထုတ်ဖူးတယ်။ အဲဒီ့အခွေထဲက သီချင်းတွေပါပြန်ထည့်ထားတယ်။ အကောင်းဆုံး selection ပြန်လုပ်ထားတာပါ။ ကျွန်တော့်ဘဝရဲ့ထွက်ခဲ့တဲ့အခွေထဲက ကျွန်တော်ကြိုက်ခဲ့တဲ့ သီချင်းလေးတွေဖြစ်လို့ အကောင်းဆုံးတေးများလို့ ပေးခဲ့တာပါ။
အကောင်းဆုံး တေးများအခွေထဲမှာ လှိုင်ဦးမော်ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းတွေပဲပါဝင်မှာပေါ့။
ဟုတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းတွေချည်းပဲ ပါဝင်မှာပါ။
ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုတာဆိုတော့ အဲဒီလိုဖြစ်လာဖို့ကို ဘယ်လိုတည်ဆောက်ခဲ့ရသလဲ။
ကိုယ်ကိုယ်တိုင်တည်ဆောက်တော့ အခက်အခဲရယ်တော့ မရှိခဲ့ပါဘူး။ ကျွန်တော်တို့က ဒါပဲလုပ်လာတော့ ဒါပဲလုပ်တတ်တော့တာပေါ့နော်။ သီချင်းရေးတာ၊ ဆိုတာကကျွန်တော်တို့အတွက် ခက်ခက်ခဲခဲမဟုတ်တော့ပါဘူး။
ကိုယ်တိုင်ရေးတဲ့သီချင်းတွေပဲ ဆိုဖြစ်တာကရော ဘာကြောင့်ပါလဲ။
ကိုယ်လိုချင်တဲ့ music ပုံစံကိုရအောင် အကောင်အထည်ဖော်ရတာပေါ့။ သူများနဲ့သွားအပ်လိုက်တဲ့ အခါကျရင် ကိုယ်လိုချင်တဲ့ ပုံစံမျိုးမရတာများတယ်။ လိုချင်တဲ့ဟာကို ဖော်ပြရင်လည်း သူ့အ တွက် ဘောင်ခတ်လိုက်သလို ဖြစ်သွားတယ်။ အဲလိုဘောင်လည်းပေးမခတ်ချင်ဘူး။ သီချင်းရေးတာ လွတ်လွတ်လပ်လပ် ပဲကောင်းပါတယ်လေ။ အဲဒါကြောင့် ကိုယ့်စိတ်ကြိုက်ကိုယ်ဖန်တီးတာပါ။
Trend Myanmar

No comments:

Post a Comment