Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 8, 2014

တပ်မတော် ထိပ်ပိုင်း အပြောင်းအလဲလုပ်ပြီ




-မြန်မာ့တပ်မတော်မှာ အဓိက အရေးပါတဲ့ ထိပ်ပိုင်း ရာထူးကြီးတွေ ဖြစ်တဲ့ ကစထမှူးတွေနဲ့ အရေးကြီး စစ်တိုင်းတချို့က တိုင်းမှူးတွေကို ဒီနေ့မှာ အပြောင်းအလဲ လုပ်လိုက်ပါပြီ။
လက်ရှိ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကို စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) အဖြစ် တိုးမြှင့် တာဝန်ပေးလိုက်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
တပ်မတော် ထောက်လှမ်းရေး တာဝန်ကို ကိုင်တွယ်ရတဲ့ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကိုလည်း စစ်ဦးစီးအရာရှိချုပ် (ကြည်း) နဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် တိုးမြှင့် တာဝန်ပေးလိုက်တယ်လို့ သူတို့က ဆိုပါတယ်။
နောက်ထပ် အပြောင်းအလဲ တစ်ခုကတော့ ကာကွယ်ရေး ဦးစီးချုပ်သစ် ဖြစ်လာမယ်လို့ နာမည်ကြီးနေတဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကို စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်နဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦးကို ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်ပြီး စစ်ရေးချုပ်အဖြစ် နေပြည်တော်ကို ပြောင်းရွှေ တာဝန်ထမ်းဆောင် စေလိုက်ပါတယ်။
ကချင်ဒေသ စစ်ဆင်ရေးတွေမှာ နာမည်ကောင်းရခဲ့တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်ကို ရန်ကုန်တိုင်းမှူးနေရာ ပြောင်းရွှေ့ ခန့်အပ်လိုက်ပါတယ်။
The Voice Weekly

No comments:

Post a Comment