မြန်မာနိုင်ငံမှာ ၉၆၉ အဖွဲ့လို့ အသိများတဲ့ ဗုဒ္ဓဘာသာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့နဲ့ သီရိလင်္ကာနိုင်ငံက သဘောထား တင်းမာတဲ့ ရဟန်းတော်အဖွဲ့ ဖြစ်တဲ့ Bodu Bala Sena (BBS) အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်မယ်လို့ သီရိလင်္ကာ နိုင်ငံကို ရောက်ရှိနေတဲ့ မစိုးရိမ်တိုက် ဆရာတော် ဦးဝီရသူက ပြောခဲ့ပါတယ်။
ဒီ ၂ ဖွဲ့လုံးဟာ မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားတွေ ရှိတဲ့ အဖွဲ့တွေ အဖြစ် အသိများပါတယ်။
ဘယ်လို ပုံစံ ပူးပေါင်းကြမလဲ ဆိုတာ အသေးစိတ် မထုတ်ပြန်သေးပေမယ့် အစွန်းရောက် မွတ်ဆလင် တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ရာ သဘောတူခဲ့ကြောင်း BBS အဖွဲ့ရဲ့ သုတေသနရေးရာ ဌာနမှုး ဆရာတော် ချမီလာ လီယာနာဂေး က ပြောပါတယ်။
မွတ်ဆလင်တွေကို ရန်လို အကြမ်းဖက်ဖို့ ပူးပေါင်းတာ မဟုတ်ကြောင်းနဲ့ ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားအောင် လုပ်နိုင်မယ် ဆိုရင် ပြဿ နာတွေ ငြိမ်းအေးသွားနိုင်ကြောင်း သူက ပြောပါတယ်။
No comments:
Post a Comment