Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 9, 2014

ရုပ်ရှင်သရုပ်ဆောင် Audrey Hepburn ရဲ့  သူ့သမီးအတွက်သေတမ်းစာ

ရုပ်ရှင်သရုပ်ဆောင် Audrey Hepburn က သူ့သမီးအတွက်သေတမ်းစာမှာ အခုလိုရေးခဲ့ပါတယ်။

"လှပတဲ့နုတ်ခမ်းပိုင်ဆိုင်ဖို့ရာ ချိုသာကြင်နာတဲ့စကားကိုပြောပါ။
လှပတဲ့မျက်လုံးပိုင်ဆိုင်ဖို့ရာ တခြားလူရဲ့ကောင်းကွက်ကိုကြည့်ပါ။
လှပတဲ့ကိုယ်လုံးကိုယ်ပေါက်ပိုင်ဆိုင်ဖို့ရာ ဆာလောင်ငတ်မွတ်သူကို အစာပေးကမ်းမျှဝေပါ။
လှပတဲ့ဆံပင်ပိုင်ဆိုင်ဖို့ရာ ကလေးတွေ သင့်ခေါင်းကိုတစ်နေ့တစ်ကြိမ်ကိုင်ပါစေ။
လှပရည်မွန်တဲ့ကိုယ်နေဟန်ထားပိုင်ဆိုင်ဖို့ရာ လမ်းလျှောက်နေချိန်မှာ လမ်းလျှောက်နေသူဟာ သင့်တစ်ယောက်တည်းမကဘူးဆိုတာကို မှတ်ထားပါ။"
--------

Audrey Hepburn က "တစ်လောကလုံးကို နွေးထွေးစေတဲ့ ရုပ်ရှင်သရုပ်ဆောင်" လို့ ကမ္ဘာကအသိအမှတ်ပြု တင်စားခံခဲ့ရသူဖြစ်တယ်။ ၂ဝရာစု ၁၉၅ဝ, ၆ဝကာလက Audrey Hepburn အအောင်မြင်၊ အကျော်ကြားဆုံးအချိန်ဖြစ်တယ်။ ကမ္ဘာ့အရပ်ရပ်မှာရှိတဲ့ ရုပ်ရှင်ဝါသနာရှင်တွေက သူ့ကို "ပိတ်ကားပေါ်က နတ်သမီး"လို့ တင်စားခဲ့ကြတယ်။ လူတွေ သူ့ကိုချစ်တာဟာ သူ့ရဲ့လှပတဲ့ရုပ်ရည်ကြောင့်၊ သရုပ်ဆောင်ချက်တွေကြောင့်ပဲ မဟုတ်ပါဘူး။ သူ့ရဲ့ရိုးသားကြင်နာတဲ့၊ နွေးထွေးတဲ့နှလုံးသားကြောင့်လည်း ဖြစ်ပါတယ်။

အသက်အရွယ်ကြီးပြင်းလာချိန်မှာ Audrey Hepburn ဟာ ရုပ်ရှင်လောက,ကနေ တဖြည်းဖြည်းထွက်ခွာသွားတယ်ဆိုပေမယ့် လူတွေရဲ့မြင်ကွင်းထဲကနေတော့ သူပျောက်မသွားခဲ့ပါဘူး။ ၁၉၈၈ခုနှစ်မှာ သူဟာ ကလေးငယ်များရဲ့ရန်ပုံငွေအတွက် ကုလသမ္မကသံတမန်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအပြင် အာဖရိကနိုင်ငံတွေဆီ သူကိုယ်တိုင်သွားရောက်ပြီး ဆင်းရဲသားကလေးငယ်တွေကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ သူဟာ ရောဂါနဲ့ အသဲအသန်နာမကျန်းဖြစ်နေချိန်မှာတောင် ဆိုမားရီးယားက အငတ်ဘေးကြုံကလေးငယ်တွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ သူ ဘယ်ရောက်ရောက် မြတ်နိုးလေးစားမှုတွေနဲ့ ကြိုဆိုခံခဲ့ရပါတယ်။

ဒီကနေ့တိုင် လူအများသူ့ကိုမမေ့ကြသေးပါဘူး။ လူတွေသူ့ကိုချစ်တာဟာ သူ့အလှအပြင် သူ့ကိုယ်ပေါ်က နွေးထွေးကြင်နာတဲ့ အသက်အငွေ့ကြောင့်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ကြင်နာတဲ့စိတ်၊ ပင်ကိုစိတ်ထားကောင်းမွန်မှုတို့က ရုပ်ရှင်ပိတ်ကားပေါ်မှာ သူ့ရဲ့သရုပ်ဆောင်ချက်တွေအတိုင်း လူအများရဲ့ရင်ကို လင်းလက်နွေးထွေးစေခဲ့ပါတယ်။
.
Nine Nine Sanay @ နိုင်းနိုင်းစနေ

No comments:

Post a Comment