CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, September 10, 2014
Apple နာရီ - Apple Watch ကြေညာပြီ
၁) Apple နာရီမှာ Digital Crown ဆိုတာ ဘေးက ဘုအတုံး ဖြစ်ပြီး လှည့်တာက နာရီထဲမှာ scroll down, scroll up ဖြစ်ပြီး နှိပ်လိုက်ရင် Home ကို ပြန်သွားပါတယ်။
၂) Built in App ပေါင်း ၁၅ ခုကျော် ပါဝင်တာကို တွေ့လိုက်ရပါတယ်။
၃) LED နဲ့ Photo sensors တို့က လက်သွေးပြန်ကြောခုန်နှန်းကို တိုင်းတာပေးတာကြောင့် ကျန်းမာရေး အတွက် အသုံးဝင်တဲ့ ပစ္စည်းလည်း ဖြစ်လာပါလိမ့်မယ်။
၎) Fitness App များ ပါဝင်တာမို့ အားကစား သမားများအတွက် ရည်ရွယ်တဲ့ ပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ်။
၅) မိမိ စိတ်ကြိုက် ကြိုးအရောင်ကို လဲလှယ်လို့ ရပါတယ်။ အရောင်အပြင် ကြိုးကိုလည်း စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်။
၆) iPhone နဲ့ ချိတ်ထားတာကြောင့် အခြေခံအားဖြင့် ဖုန်းပြောခြင်း၊ Message ဖြေကြားခြင်း တို့ကို ပြုလုပ်နိုင်ပီး အခြားသော feature များစွာ ပါဝင်ပါသေးတယ်။ ဥပမာ - Facebook, Twitter, Photo တို့လို app တို့ ပါဝင်ခြင်း ဖြစ်ပါတယ်။
၇) stainless steel, aluminum နဲ့18-karat gold တို့ ပါဝင်တာကြောင့် ဇိမ်ခံ နာရီ တစ်လုံးလည်း ဖြစ်လာ ပါလိမ့်မယ်။
၈) ပြက္ခဒိန်များ အပြင် Planet တစ်ခုလုံးရဲ့ ဖြစ်စဉ် ပြောင်းလဲမှု များကို ကြည့်ရှုလို့ ရအောင်ပါ ဖန်တီးထားခြင်း ဖြစ်ပါတယ်။
၉) Apple Watch ရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၄၉ ဒေါ်လာကနေ စတင်မှာ ဖြစ်ပါတယ်။
၁၀) Apple Watch ကို သက္ကရာဇ် ၂၀၁၅ နှစ်ဆန်းမှ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
Apple နာရီ - Apple Watch ကြေညာပြီ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 10, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment