Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 2, 2014

မေးကြလွန်းတဲ့Supermoon ပတ်သက်ပြီး ကောလဟလတွေနဲ့ ပတ်သက်လို့



အခုတလော ကောလဟာလတွေဖြစ်နေပါတယ်။ မြေငလျင်ကြီးလှုပ်လိမ့်မယ်၊ ဆူနာမီရေလှိုင်းတွေဖြစ်လိမ့်မယ်လို့။

Supermoon ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် များဖြစ်တတ်ကြောင်း ကောလဟလ များဖြစ်ပေါ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် ၂၀၁၁ ခုနှစ် Tokuhu မြေငလျင် နဲ့ ဆူနာမီဖြစ်စဉ်၊ ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒယာ ဆူနာမီဖြစ်စဉ် တွေဟာ supermoon ဖြစ်စဉ်နဲ့ဆက်နွယ်မှု ရှိနေတယ်လို့ကောလဟလများ ဖြစ်ပေါ်ခဲ့ဘူးပါတယ်။

ဒါပေမယ့် ယနေ့အချိန်အထိ supermoon ဖြစ်စဉ်နဲ့ မြေငလျင်၊ ဆူနာမီဖြစ်စဉ်တို့ဟာ ဆက်စပ်မှုရှိနေကြာင်း သိပ္ပံဆိုင်ရာအထောက်ထားများ မရှိသေးပါ။

By that definition, the year 2014 has a total of five supermoons.
(1) New Moon January 1 ,2014.
(2) New moon of January 30, 2014.
(3) Full moon of July 12 at 11:25 UTC, 2014
(4) Full moon of August 10 at 18:09 UTC, 2014
(5) Full moon of September 9 at 1:38 UTC , 2014

The full moon on August 10, 2014, will present the closest supermoon of the year (356,896 kilometers or 221,765 miles).

သြဂုတ်လ(၁၀)ရက်နေ့မှာဖြစ်ပေါ်မယ့် Supermoon ပတ်သက်ပြီး သဘာဝဘေး အန္တရာယ်တွေ(မြေငလျင်လှုပ်တာတွေ၊ဆူနာမီဖြစ်တာတွေ) ဖြစ်လိမ့်မယ်လို့ ကောလဟလ တွေဖြစ်နေပါတယ်။
ဒီနှစ်ထဲမှာရှေ့က ဖြစ်ခဲ့တဲ့ supermoon (၃)ကြိမ်ဖြစ်ခဲ့ပြီဘဲ။ ဘာတွေထူးထူးခြားခြားဖြစ်ခဲ့ လို့လည်းဗျာ။.

ဒေါက်တာထွန်းလွင်
၂-၈-၂၀၁၄
ညနေ (၆း၁၀) နာရီ

No comments:

Post a Comment