ကျွန်တော်တို့ လက်ထဲကို Smart Phone တွေရောက်ရှိလာတာနဲ့အတူ အချိန်ကို လွယ်လင့်တကူ ကြည့်ရှူနိုင်တာကြောင့် ကျွန်တော်တို့ လက်ပတ်နာရီ အသုံးပြုမှု နည်းလာပါပြီ။ တကယ်ပဲ လက်ပတ်နာရီဝတ်တဲ့ အလေ့အကျင့်တစ်ခု က ပျောက်ကွယ်တော့ မှာလား ဆိုတာ စဉ်းစား စရာပါ။ နာရီဝတ်ဆင် ယဉ်ကျေးမှု အလေ့အထ ကတော့ ပျောက်ကွယ်သွားဖို့ လမ်းမမြင်သေး ပါဘူး။ နည်းပညာ တိုးတက်မှု ရေစီးကျောင်းကိုလည်း လိုက်မယ်။ လက်မှာ နာရီပတ်တဲ့ စတိုင်ကိုလဲ မပျောက်ချင်သူများအတွက် စမတ်နာရီဆိုတာ ဖြစ်ပေါ်လာပါတယ်။
Smart Phone တွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် Smart Watch တွေဟာ ထွက်ပေါ်နေပါပြီ။ သာမန်လက်ပတ်နာရီတစ်လုံးထက် Smart Watch တွေမှာ ဘာတွေ ထူးခြားမှူတွေ ပါဝင်လာမလဲဆိုရင် Smart Phone အတိုင်း နာရီမျက်နှာပြင်ကို ထိတွေ့မှူပြုလုပ်လို့ရပါမယ်။
မြန်မာပြည်မှာ ဆိုရင် Samsung ရဲ့ Galaxy Gear နဲ့ Tizen OS သုံး နာရီများက ပထမဦးဆုံး ရောက်ရှိတဲ့ စမတ်နာရီများ ဖြစ်ပါတယ်။ ဈေးနှန်ုးအားဖြင့် ကတော့ ၃ သိန်းကျပ် ဝန်းကျင်လောက်အထိ ပေါက်ဈေး ရှီတာ ရှိသလို၊ ဈေးသက်သာမယ့် စမတ်နာရီများလည်း ထွက်ရှိ အုံးမှာပါ။ မကြာခင် မြန်မာနိုင်ငံကိုလည်း အခြားသော နာမည်ကြီး အမှတ်တံဆိပ်များမှ စမတ်နာရီများလည်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
စာမူရှင် - မိုးလုံးပြည့်လျှံ
No comments:
Post a Comment