Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 8, 2014

RFA နဲ့ ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး

RFA ခင်မောင်စိုး။ 
အမရေ၊ ရန်ကုန်မြို့ က ဟော်တယ်တခုမှာ လာရောက်တည်းခိုတဲ့
ဧည့်သည်တွေကို ၀န်ထမ်းတွေက ဒူးထောက်ပြီးကြိုဆိုဖို့  သင်တန်းပေးညွှန်ကြား
ခဲ့တာကို သိရှိရတဲ့အတွက် ခေါ်ယူသတိပေးခဲ့ရတယ်လို့  သက်ဆိုင်ရာ ဟော်တယ်နှင့်
ခရီးသွားလာရေး ၀န်ကြီးဌာနက ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလို လူ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ခိုင်းစေမှုမျိုးကို အမဘယ်လိုမြင်ပါသလဲခင်ဗျာ။

DASSK ။ 
အမကတော့ လုံးဝမကြိုက်ဘူး။ ဒူးထောက်ပြီး ကြိုစရာလည်းမလိုဘူး။
လက်အုပ်ချီပြီးတော့ ကြိုစရာလည်း မလိုဘူး။ ဒါအမတို့ ဗမာ့ယဉ်ကျေးမှုက
ဒီလို လက်အုပ်ချီပြီး ကြိုဆိုတယ်ဆိုတာ အမတို့ က ဘုန်းတော်ကြီးတွေကိုသာ
လုပ်လေ့ ရှိတယ်။ ဒါ အမတို့ ယဉ်ကျေးမှုက ဒီအတိုင်းဘဲ။ အခုနောက်ပိုင်းမှာ
ဟိုလူ့ လက်အုပ်ချီ၊ ဒီလူ့ လက်အုပ်ချီဖြစ်လာတာပါ။

RFA ခင်မောင်စိုး။ 
ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ ငယ်ငယ်တုန်းက လက်အုပ်ချီတယ်ဆိုတာ
ဆရာ၊ ဆရာမနဲ့  သံဃာတော်တွေဘဲရှိပါတယ်ခင်ဗျ

DASSK ။ 
ဟုတ်တယ်။ ဒါဘဲလေ။ အမတို့ ငယ်ငယ်တုန်းကလည်း ဒီအတိုင်းဘဲ။
အခုကျတော့ ဒီလိုမဟုတ်တော့ဘူး။ အဲဒီတော့ အမကတော့ ဒီလို ဒူးထောက်တာတို့ 
ဘာတို့ လည်း မကြိုက်ဘူး။ ဘာလို့ လည်းဆိုတော့ တကယ် အရေးကြီးတာက
လူလူချင်း ခင်ခင်မင်မင် မှန်မှန်ကန်ကန် စေတနာမှန်မှန် မေတ္တာနဲ့ ဆက်ဆံဖို့ ပါဘဲ။

RFA ခင်မောင်စိုး။ 
ဒီလိုလူ့ ဂုဏ်သိက္ခာမဲ့တဲ့၊ ဒူးထောက်ခိုင်းတဲ့ လုပ်ရပ်မျိုးကို
တကယ်တော့ မြန်မာပြည်က စားသောက်ဆိုင်တွေ၊ ကလပ်တွေမှာ ဆောင်ရွက်နေ
ကြတာ နှစ်အတော်တောင်ကြာပြီလို့  ကျနော်တို့  ပြန်ကြားရတယ်ခင်ဗျ။ နောက်ပြီး
ဒီကိစ္စကို ဖေ့စ်ဘုတ်လို အင်တာနက်စာမျက်နှာတွေကမှ သိရှိလို့ အရေးယူနိုင်ခဲ့တယ်
လို့ လည်း သိရပါတယ်။ အဲဒီတော့ ဒါမျိုးဆိုတာ အများပြည်သူပြောမှမဟုတ်ဘဲနဲ 
ဌာနဆိုင်ရာတွေအနေနဲ့  ကြိုတင်သိရှိ၊ ဒါမှမဟုတ် မြန်မြန်ဆန်ဆန် အရေးယူနိုင်တဲ့
စည်းကမ်းတွေ မရှိသင့်ဘူးလားခင်ဗျာ။

DASSK ။ 
ရှိသင့်တာပေါ့။ အမကိုယ်တိုင်ကတော့ အဲဒီလိုစားသောက်ဆိုင်တွေ၊
နိုက်ကလပ်တွေ သွားတဲ့ အလေ့အထမ ရှိတော့ အဲဒီမှာ အလုပ်လုပ်တာတော့မသိဘူး။
ဒါပေမယ့် တချို့ ဟော်တယ်မှာတော့ မြင်ဖူးတယ်။ ဒါနဲ့ အမ ထခိုင်းတာတောင် ရှိတယ်။
အဲဒီလို မပေးပါနဲ့ ပေါ့နော်။ ဒူးထောက်ပြီး ပေးတာတွေ ဘာတွေ။

(ဒီလှိုင်းစာစောင် အတွဲ ၃ အမှတ် ၃၀ တွင် ပါရှိသော “ဒီမိုကရေစီခရီးကြမ်း”မှ
ထုတ်နုတ်ဖော်ပြပါသည်)

ကိုအောင်မျိုးထွန်း Aungmyo Tun အပင်ပန်းခံ ဇော်ဂျီဖြင့် ရိုက်ထားသည်ကို ကူးယူခြင်း ဖြစ်သည်။

ဇူလိုင်လ ၃၁ ရက်
အသံဖိုင်ယူရန်
http://www.rfa.org/.../assk-democracy-program.../b0730kms/

No comments:

Post a Comment