Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 11, 2014

တောင်တန်းများပေါ်တွင် ရှာဖွေတွေ့ ခဲ့သည် သမ္မကျမ်းထဲမှ နိုအား (Noah)ရဲ့ လှေကြီး


 ပုံပြင်ဆန်လှသည့် နိုအားရဲ့  လွတ်မြောက်ခြင်းလှေကြီး ဇတ်လမ်းကိုရုပ်ရှင်အဖြစ်ရိုက်ကူး တာကြည့်ရပါတယ် ၊

ကမ္ဘာကြီးရေလွှမ်းမည့် ကပ်ဘေးကို ကြိုသိခဲ့သူ နိုအားနဲ့ 
သူ့ ကိုယုံကြည်သူ တွေဟာ ကြီးမားတဲ့ လှေကြီး
တစင်းတည်ဆောက်ပြီး လွတ်မြောက်သွားခဲ့တာပါ။

ရာဇ၀င်ထဲကလှေကြီးကို ခုတော့ ဂြိုလ်တုကနေ
တဆင့် တူရကီနိုင်ငံရဲ့ တောင်တန်းတွေမှာ
ပညာရှင်တွေကရှာဖွေတွေ့ ရှိခဲ့ပါပြီဖြစ်ပါတယ်။

ခေတ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရလို့  လှေကြီးရဲ့ 
အပေါ်ရံပိုင်းပျက်စီးခဲ့ပေမယ့်  အတွင်းမှာတူး ဖေါ်
တွေ့ ရှိတဲ့ အထောက်အထား ပစ္စည်းအသုံးဆောင်
တော်တော်များများတွေ့ ရှိခဲ့တယ်။

လှေကြီးအကျယ်ဝန်းကဘောလုံးတကွင်းစာလောက်
ကျယ်ပြန့်ပြီးသုံးထပ်တိုက်တလုံးလောက်မြင့်ပါတယ်။

သမိုင်းသုတေသီတွေ သုံးသက်တာကတော့" နိုအား"
ရဲ့ လှေကြီးဟာ ရေခဲခေတ်တခုကို ရောက်ပြီး
ရေခဲများအကြားညပ်နေခဲ့ရာက ခုလိုတောင်ထိပ်
တနေရာမှာ ရောက်သွားတာဖြစ် တယ်လို့
ခန့် မှန်းပါတယ်။

ခရစ်ယာန်တစ်ယောက် မဟုတ်တဲ့အတွက် " နိုအား"
(Noah) (နောဧ - Noe လို့လည်း ခေါ်ကြပါ တယ်)
ဆိုတဲ့လူအကြောင်းကို သူတို့လောက်တော့ မသိပါဘူး။

ကိုယ်တော်သည် မတရားသောအမှုကို
နှစ်သက်သောဘုရားမဟုတ်။
ဆိုးသောသူကို လက်ခံတော်မမူ။

” - ဆာလံကျမ်း ၅း၎ ခရစ်ယာန်သမ္မာကျမ်းစာအရတော့
အဲဒီခေတ်တုန်းက ဘုရားသခင်က လူတွေရဲ့ စဉ်းလဲမှု၊
မသမာမှု၊ မလိုက်နာမှုတွေကြောင့် ဒီအပြစ်သားတွေကို
ဒဏ်ခတ်တဲ့အနေနဲ့ ကမ္ဘာမြေကြီုးပေါ်မှာ ရေလွှမ်းမိုးမှုကြီး
(The Great Deluge) တစ်ခုကို ဖန်ဆင်းခဲ့ပါတယ်။

ဒါပေမယ့် ဒီ" နိုအား" လို့အမည်ရတဲ့ လူကတော့
မှန်ကန်ဖြောင့်မတ်သူ တစ်ယောက်ဆိုတာကို
ဘုရားသခင်က သိမြင်တော်မူတဲ့ အတွက် ရေလွှမ်းမှု
မကြုံခင် သူ့ကို လှေကြီးတစ်စီး ဆောက်ခိုင်း ပါတယ်။

ဒီလှေကြီးဟာလည်း ယနေ့ထိကျမ်းစာထဲမှာ
Noah's Ark ဆိုပြီးအမည်တွင်ပါတယ်။

" နိုအား" အပါအ၀င် သူ့မိသားစုနဲ့တကွ
အခြား တိရိစ္ဆာန်အမျိုးအစား တိုင်းရဲ့ အထီးအမ
တစ်စုံစီကို ဒီလှေကြီးပေါ် ဆောင်ယူပြီး
ကယ်တင်စေခဲ့ပါတယ်။

အဲဒီ့နောက် ခရစ်ယာန်သမိုင်းမှာ ကြောက်ဖွယ်
အကောင်းဆုံး ရေလွှမ်းမိုးမှုကြီးကို ဘုရားသခင်က
ရက်ပေါင်း တစ်ရာ့ငါးဆယ်တိုင် တိုင် ကမ္ဘာကြီးကို
ရေလွှမ်းမိုးစေပြီး အပြစ်ပေးခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ်။

Min Burma

No comments:

Post a Comment