Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 19, 2014

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) နှင့် NCCT တို့ တွေ့ဆုံ


ယနေ့ သြဂတ်လ (၁၉) ရက်နေ့၊ ၂၀၁၄ ခုနှစ် နေ့လည် ၁း၃၀ နာရီတွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုကော်မတီ (NCCT) နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့သည် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဖိုးစိန်လမ်းတွင်ရှိသော Green Hill Hotel တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်နေမှုများနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေး ခဲ့ကြ သည်။
တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုကော်မတီ (NCCT) မှ ပဒိုကွယ်ထူးဝင်း ဒု - အဖွဲ့ခေါင်းဆောင်- ၁ ( KNU )၊ ဗိုလ်ချုပ် ဂွန်မော် ဒု-အဖွဲ့ခေါင်းဆောင်- ၂ ( KIO )၊ဒေါက်တာဆလိုင်းလျံမုန်းဆာခေါင်း အဖွဲ့ဝင် ( CNF )၊ ဦးစိုင်းဘထွန်း အဖွဲ့ဝင် ( SSPP )၊ ဦးထွန်းဇော် အဖွဲ့ဝင် ( ANC )၊ ဦးရွှေမျိုးသန့် အဖွဲ့ဝင် ( KNPP )၊ ဒုဗိုလ်မှူးကြီးကျော်ဟန် အဖွဲ့ဝင် ( AA )၊ ဦးစောလုံ့လုံ့ အဖွဲ့ဝင် (DKBA)၊ ဗိုလ်မှူးကြီးဆော်လမွန် အဖွဲ့ဝင် ( LDU ) တို့တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီတို့ တက်ရောက်ခဲ့ကြ သည်။
လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်နေမှုတွင် ပြည်သူလူထု နိုးကြား မှုမြင့်တက်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်လာနိုင် ရန် ဆောင်ရွက်ခြင်း၊ နှစ်ဦးနှစ်ဘက် အပြန်အလှန်တွေ့ဆုံညှိနှိုင်းမှုများ ပိုမိုလုပ်ဆောင်သွားရန်နှင့် ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ခွဲခြား၍မရကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဥပဒေကြောင်းအရ ခိုင်မာသည့် သဘောတူညီချက် ရရှိရန်တို့ကို ဆွေးနွေးခဲ့ကြပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) အနေဖြင့် ပြည်ထောင်စုသားများ၏ နိုးကြားတက်ကြွမှုနှင့် ပူးပေါင်းပါဝင်မှုများဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

No comments:

Post a Comment